
မိန်းကလေးငယ် ၂၇၀၀ ကို ကယ်တင်နိုင်ခဲ့ပြီး အချို့မှာ အသက် ၁၃ နှစ်ခန့် သာရှိသေးကြောင်း လည်း ယင်းသတင်းအရ သိရသည်။
အဆိုပါ စစ်ဆင်ရေးသည် ဆယ် စုနှစ်တစ်ခု ကြာပြီဖြစ်သော တရားရေးဌာန၏ အစီအစဉ် တစ်ခု ဖြစ် သည့် Innocence Lost National Initiative ၏ အစိတ်အပိုင်းတစ်ရပ် ဖြစ်ပြီး ကလေးသူငယ် များကို လိင်လုပ်သား လုပ်ကိုင်စေသည့် ဒုစရိုက် ဂိုဏ်းများကို ဖြိုခွင်းရန် ရည်ရွယ်သည်။
ကယ်ဆယ်ထားသော လိင်လုပ်သား ကလေးငယ်များကို နှစ်သိမ့်ဆွေးနွေး အားပေးရန်နှင့် ၄င်းတို့  အတွက် နေထိုင်စရာ စီစဉ်ပေးရန်လည်း FBI ကဆောင်ရွက် လျက်ရှိသည်ဟု အဆိုပါ ဒုစရိုက်နှိမ် နင်းရေး အဖွဲ့အစည်း၏ လက်ထောက်ဒါရိုက်တာ ရွန်ဟော့စ်ကို က ပြောကြားသည်။
မိန်းကလေးငယ်များကို မည်သည့် အမှုနှင့်မျှ တရားစွဲဆိုအရေးယူသွားမည် မဟုတ်ကြောင်းလည်း FBI က ထုတ်ပြန် ထားသည်။
"ပြည့်တန်ဆာ အတင်းအဓ္မမ လုပ်ခိုင်းခံရတဲ့ ကလေးတွေကို ပြည့်တန်ဆာမှုနဲ့ အရေးယူမှာ မဟုတ်ပါဘူး။ သူတို့ကို သားကောင် အဖြစ်ခံရသူတွေလို့ သဘော ထားပါတယ်။ သူတို့ဟာ ရွေးချယ်စရာမရှိခဲ့ ပါဘူး။ အဓိကက ဒီလိုသံသရာ လည်နေတာကို ရပ်တန့်ချင်ပြီးတော့ သူတို့ဘဝကို သူတို့ ပြန် ထိန်းကျောင်းနိုင်အောင် လုပ်ပေး ရမှာပါ" ဟု ရွန်ဟော့စ်က ပြောကြားသည်။
အများဆုံး ဖမ်းမိသည့်နေရာမှာ ဒက်ထရွိုက်တွင် ဖြစ်ပြီး ပြည့်တန်ဆာခေါင်း ၁၈ ဦးကို ဖမ်းမိခဲ့ကာ မိန်းကလေး ၁၀ ဦးကို လည်းကယ်တင်ထားနိုင်ခဲ့သည်။
ဆန်ဖရန်စစ္စကို တွင်လည်း ပြည့်တန်ဆာခေါင်း ၁၈ ဦး ဖမ်းမိထားပြီး မိန်းကလေးငယ် ၁၂ ဦး ကယ်တင် ထား နိုင်ကာ အတ္တလန္တာတွင်လည်း ပြည့်တန်ဆာ ခေါင်း ၁၇ ဦးနှင့် မိန်းကလေးနှစ်ဦးတို့ ရရှိ ထားသည်။
အမေရိကန်ပြည်ထောင်စု မြို့ကြီး ပေါင်း ၇၀ တွင် ဖော်ပြပါစစ်ဆင်ရေးကို အချိန်ကိုက် လုပ်ဆောင် ခဲ့ခြင်း ဖြစ်ပေသည်။
အာဏာပိုင်များသည် အင်တာနက် ပေါ်မှ ဖောက်သည်ရှာသော ပြည့်တန်ဆာ အုပ်စုများနှင့် ဘတ်ကား မှတ်တိုင်များ၊ ကာစီနိုများတွင် လှုပ်ရှားကြသည့် အဖွဲ့များ ကို ပစ်မှတ်ထား ခြေရာခံကြခြင်းဖြစ်ပြီး ၄င်းတို့မှတစ်ဆင့် ကလေးသူငယ်များကို အတင်းအဓမ္မ ပြည့်တန်ဆာ လုပ်ခိုင်းသည့် အမှုများကို ဖော် ထုတ်ကြခြင်းဖြစ်သည်။
FBI နှင့် ပျောက်ဆုံး၊ ခေါင်းပုံဖြတ်ခံ ကလေးများအတွက် အမျိုးသားဗဟိုဌာန ကဲ့သို့သော ဥပဒေ ဘက်တော်သား အဖွဲ့ အစည်းများ ပူးပေါင်းကာ စစ်ဆင်ရေးများ ကို လုပ်ဆောင်ကြခြင်း ဟုလည်း ယင်း သတင်းကဆိုသည်။
The Voice Weekly
 
 
 
 Myanmar Kyat Exchange Rate
    Myanmar Kyat Exchange Rate
0 comments:
Post a Comment