Friday, July 12, 2013

အင်းလုပ်ကွက်ရှိရာ မြို့နယ်တွင်သာ အင်းလေလံရောင်းချမည်

ဧရာဝတီတိုင်း ဒေသကြီးအတွင်း အင်းလုပ်ကွက် လေလံများကို လွန်ခဲ့သည့်
နှစ်များက ခရိုင်အလိုက် လေလံချပေးခဲ့ရာမှ ဇူလိုင်လ ၉ ရက်နေ့မှ စတင်၍ အင်းလုပ်ကွက်ရှိရာ မြို့နယ်များတွင်သာ အင်းလေလံများ ချထားမည်ဖြစ်
ကြောင်း ဟင်္သာတခရိုင် ငါးလုပ်ငန်းဦးစီးဌာန ထံမှ စုံစမ်းသိရှိရသည်။

အင်းလေလံများကို လက်ငင်းငွေချေ စနစ်ဖြင့် ရောင်းချမည်ဖြစ်ပြီး လေလံဆွဲ ဝယ်သူသည် ငါးမျိုးစိုက်ထည့်ပေးရေး အတွက် အင်းတန်ဖိုး၏ ၁၀ ရာခိုင်နှုန်း ကိုလည်း ချက်ချင်းပေးချေရမည် ဖြစ်ကြောင်း အဆိုပါဌာနက ကြေညာသည်။

ပြီးခဲ့သည့်နှစ်များက မည်သည့် အင်းလုပ်ကွက်ကိုမဆို ခရိုင်မြို့နယ်ရှိ
လေလံခန်းမများ တွင်သာ စုပေါင်းဝယ်ယူ နေကြရသည့်အတွက် လုပ်ငန်း
မသမာမှု များကို တွေ့ကြုံရကြောင်း အင်းလုပ်ငန်း လုပ်ကိုင်သူများက ဆိုသည်။

မြန်မာတစ်နိုင်ငံလုံးတွင် အင်းပေါင်း ၃၄၁၅ ခုရှိရာ ဧရာဝတီတိုင်း ဒေသကြီး
တွင် ၁၇၇၇ အင်းရှိပြီး ဟင်္သာတခရိုင်တွင် ၂၄၁ အင်းရှိကြောင်း ဟင်္သာတ
ခရိုင် ငါးလုပ်ငန်း ဦးစီးဌာန၏ စာရင်းများအရ သိရသည်။

The Voice Weekly
Photo: အင်းလုပ်ကွက်ရှိရာ မြို့နယ်တွင်သာ အင်းလေလံရောင်းချမည်
Friday, 12 July 2013 

0 comments:

Post a Comment