Thursday, July 11, 2013

ချက်ဗလက်ကားအရောင်းပြခန်း ယခုနှစ်ကုန်ဖွင့်မည်

အမေရိကန်ပြည်ထောင်စုမှ မော်တော်ယာဉ်ကုမ္ပဏီ General Motors ကထုတ်လုပ်သည့် Chevrolet ယာဉ် (ချက်ဗလက်ဟု လူသိများ) အရောင်းပြခန်းကို ရန်ကုန်မြို့တော်၌ ယခုနှစ်ကုန်ပိုင်းတွင် ဖွင့်လှစ်မည် ဖြစ်ကြောင်း အဆိုပါကုမ္ပဏီက ကြေညာသည်။

ပစ်ကပ်ကားများ၊ SUVs (လမ်းကြမ်းသုံး လေးဘီးယက်ဇိမ်ခံယာဉ်) များရောင်းချမည်ဖြစ်ပြီး General Motors အရှေ့တောင်အာရှရေးရာဌာနနှင့် Pacific Alphine Pte,Ltd. တို့ပူးပေါင်း၍ ဖြန့်ဖြူးရောင်းချ ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်း ဝန်ဆောင်မှုများ ပေးမည်ဖြစ်ကြောင်း ယင်းကြေညာချက်တွင် ဖော်ပြထားသည်။

“အခုလို စီစဉ်လိုက်တာက Chevrolet ရဲ့ အရှေ့တောင်အာရှ ဈေးကွက်ချဲ့ထွင်ရေးမှာ အရေးပါတဲ့ မှတ်တိုင်တစ်ခုပါ” ဟု General Motors အရှေ့တောင်အာရှရေးရာဌာန အထွေထွေမန်နေဂျာ Martin Apfel ကပြောကြားသည်။

မော်တော်ယာဉ် အသစ်များကို အရောင်းပြခန်းများဖြင့် ရောင်းချခြင်းကြောင့် ပြင်ပမော်တော်ယာဉ် ဝယ်ရောင်း ဈေးကွက်တွင် မော်ဒယ်မြင့် တန်ဖိုးကြီး မော်တော်ယာဉ်များ ဝယ်ယူမှု နည်းပါးလာကြောင်း မော်တော်ယာဉ် ဝယ်ရောင်းလုပ်ငန်းရှင် ဦးမြင့်သိန်းက ပြောဆိုသည်။

Chevrolet မော်တော်ယာဉ် အရောင်းပြခန်းသာမက ဂျာမနီလုပ် မာစီဒီးဘင့်(ဇ်)နှင့် BMW၊ အီတလီ Iveco နှင့် အမေရိက Ford မော်တော်ယာဉ်ကုမ္ပဏီများကလည်း ယခုနှစ်ကုန်ပိုင်းတွင် မော်တော်ယာဉ် အရောင်းပြခန်းများ ဖွင့်လှစ်မည် ဖြစ်ကြောင်း အဆိုပါကုမ္ပဏီများက ကြေညာထားသည်။

0 comments:

Post a Comment