ပြင်သစ်နိုင်ငံကို သမ္မတဦးသိန်းစိန်ရောက်ရှိစဉ် (Credit: ABC)
မြန်မာနိုင်ငံကို ရှေ့လာမယ့် တပတ်အတွင်းမှာ
ပြင်သစ်နိုင်ငံ ကုန်သွယ်ရေးဝန်ကြီး Nicole Bricq ကနေဦးဆောင်ပြီးတော့
အသေးစားနဲ့ အလတ်စား စီးပွားရေးသမားများ ၁၅ဦး ပါဝင်တဲ့
ကိုယ်စားလှယ် အဖွဲ့ တဖွဲ့ မြန်မာနိုင်ငံကို လာရောက်ဖို့ရှိတယ်လို့
သိရပါတယ်။
ဇူလိုင်လ ၃၀ ကနေ ၃၁ ရက်နေ့အထိလာရောက်မယ့် ခရီးစဉ် အတွင်းမှာ
ပြင်သစ်နိုင်ငံ က မြန်မာနိုင်ငံ အပေါ် ဘယ်လိုစီးပွားရေးတွေဏ္ဍတွေမှာ
ကမ်းလှမ်းသွားမလဲ ဆိုတာတွေကို ဖော်ပြခွင့် ရှိ မှာဖြစ် ပြီးတော့
မြန်မာနိုင်ငံက ဘဏ္ဍာရေးဝန်ကြီးနဲ့ တခြား အစိုးရတာဝန်ရှိသူတွေနဲ့ လည်း
တွေ့ဆုံ သွားဖို့ ရှိ တယ်လို့ ဆိုပါတယ်။
ပြင်သစ်နိုင်ငံကို
ပြီးခဲ့တဲ့တပတ်ကပဲ သမ္မတ ဦးသိန်းစိန်သွားရောက်လည်ပတ် ခဲ့ပြီး
ပြင်သစ်သမ္မတနဲ့ လည်းတွေ့ ဆုံခဲ့ပါတယ်။ သမ္မတဦးသိန်းစိန်
ခရီးစဉ်မကြာခင်နောက်ပိုင်း မှာပဲ ပြင်သစ် ကုန်သွယ်ရေး ၀န်ကြီးနဲ့
စီးပွားရေး ကိုယ်စားလှယ်အဖွဲ့တွေက မြန်မာနိုင်ငံကို
အခုလိုလာရောက်မှာဖြစ်တယ်လို့ သိရပါတယ်။
ABC Radio
0 comments:
Post a Comment