Friday, July 26, 2013

လက်ပံတောင်းတောင် စာချုပ်သစ်အရ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတွင် နိုင်ငံတကာ အဆင့်မီရန် မြန်မာ-၀မ်ပေါင် ကုမ္ပဏီ၏ တာဝန်အဖြစ် သတ်မှတ်သည်ဟု သမ္မတရုံးဝန်ကြီး ပြောကြား

7.25.19

လက်ပံတောင်းတောင် စီမံကိန်း ဧရိယာအား မြင်တွေ့ရစဉ် (ဓာတ်ပုံ- ဟိန်းမင်းထက်)
ဇူလိုင် ၂၄ ရက်က ပြင်ဆင်ချုပ်ဆိုခဲ့သည့် လက်ပံတောင်းတောင် စာချုပ်သစ်အရ သဘာဝပတ်ဝန်းကျင်
ထိန်းသိမ်းရေး အစီအမံများကို နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် အညီဆောင်ရွက်ရန်မှာ မြန်မာ-၀မ်ပေါင် ကုမ္ပဏီ၏ တာဝန်ဖြစ်သည်ဟု သမ္မတရုံးဝန်ကြီး ဦးလှထွန်းက ပြောကြားသည်။
ဇူလိုင် ၂၅ ရက်က ပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် လက် ပံတောင်းတောင် ကြေးနီ စီမံကိန်းနှင့် ပတ်သက်သည့် စုံစမ်းစစ်ဆေးရေး အစီရင်ခံစာအပေါ် အကောင် အထည်ဖော် ဆောင်ရွက်မည့် ကော်မတီ၏ ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းရာတွင် အဆိုပါ ကော်မတီ၏ ဥက္ကဋ္ဌ တစ်ဦးလည်းဖြစ်သူ သမ္မတရုံးဝန်ကြီး ဦးလှထွန်းက ယင်းကဲ့သို့ ထည့် သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် အညီ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အစီအမံများ ချမှတ်ပြီး စနစ် တကျ ဆောင်ရွက်စေရေးအတွက် အသစ်ပြန်လည် ချုပ်ဆိုသော စာချုပ်တွင် မြန်မာ-၀မ်ပေါင် ကုမ္ပဏီ၏ တာဝန်အဖြစ် သတ်မှတ်ဖော်ပြခဲ့ကြောင်း သမ္မတရုံးဝန်ကြီး ဦးလှထွန်းက ပြောကြားသည်။
သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုစီးပွားဆိုင်ရာ သက်ရောက်မှု ဆန်းစစ်ခြင်းနှင့် သဘာဝပတ်ဝန်းကျင် စီမံအုပ်ချုပ်မှု စီမံချက်တို့ကို နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် အညီ ရေးဆွဲ အကောင် အထည် ဖော်နိုင်ရေးအတွက် သြစတြေးလျနိုင်ငံ အခြေစိုက် Knight Pie'sold (K.P) Consulting ကုမ္ပဏီနှင့် မြန်မာ-၀မ်ပေါင် ကုမ္ပဏီလီမိတက်တို့ စာချုပ်ချုပ်ဆို ဆောင်ရွက်လျက်ရှိပြီး အပြီးသတ် အစီရင်ခံစာကို ၂၀၁၃ ခုနှစ် စက်တင်ဘာလအတွင်း တင်ပြနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်းလည်း သမ္မတရုံးဝန်ကြီး ဦးလှထွန်းက ပြောကြားသည်။
လက်ရှိတွင် Knight Pie'sold Pty. Ltd., မှ ပြုစု တင်ပြလာသော အစီရင်ခံစာအပေါ် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့ဝင်များက စိစစ်သုံးသပ်လျက် ပတ်ဝန်းကျင် ထိခိုက်မှု လျော့ နည်းစေ မည့် နည်းလမ်းများအတွက် လိုအပ်သည့် အချက်များကို အကြံပြု ဆောင်ရွက်နေကြောင်းလည်း ၎င်းက ပြောကြားသည်။
မြန်မာဝမ်ပေါင်နှင့် အမှတ် (၁) သတ္တုတွင်း လုပ်ငန်းကြား ယခင်ချုပ်ဆိုထားသော စာချုပ်ဟောင်းအရ Wanbao Mining Ltd., နှင့် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်တို့မှ ထုတ်လုပ်မှုအပေါ် ခွဲဝေ ခံစားသည့် စနစ် Production Share Contract ပေါ်တွင် ၉၆ ရာခိုင်နှုန်းအထိ ရရှိပြီး အမှတ်(၁) သတ္တုတွင်း လုပ်ငန်း မှ လေးရာခိုင်နှုန်းသာ ရရှိခြင်းဖြစ်ကာ မြန်မာအစိုးရဘက်မှ ရရှိသည့် လေးရာခိုင်နှုန်း ဆိုသည် မှာလည်း ဓာတ်သတ္တုခွန် အဖြစ်သာ ရရှိသည့် အကျိုးအမြတ် ဖြစ်ခဲ့ကြောင်း သိရသည်။
ယခု ပြင်ဆင်ချုပ်ဆိုသည့် စာချုပ်အရမူ အကျိုးအမြတ်အပေါ် နိုင်ငံတော်အနေနှင့် (အခွန်ငွေများ အပါအ၀င်) ၅၁ ရာခိုင်နှုန်း၊ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် အနေနှင့် ၁၉ ရာခိုင်နှုန်း၊ ၀မ်ပေါင်ကုမ္ပဏီ အနေနှင့် ရာခိုင်နှုန်း ၃၀ ခွဲဝေထားရှိပြီး သတ္တုတွင်း ၀န်ကြီးဌာနမှ နိုင်ငံတော်အတွက် လက်မှတ်ရေးထိုးမှု ဆုကြေးငွေ အမေရိကန်ဒေါ်လာ ငါးသန်းကို မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်ထံမှ ရရှိမည်ဖြစ်ကြောင်း သိရသည်။
EMG 

0 comments:

Post a Comment