ကျောက်ဖြူဆိပ်ကမ်း အမှတ် ၃ တံတားအား ဒေ၀ူးကုမ္ပဏီမှ တည်ဆောက်
ပြီးစီး၍ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်သို့ ၂၀၁၃ ခု နှစ်၊ ဇူလိုင် ၁၂ ရက်တွင် လွှဲပြောင်းပေးအပ် သွားမည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ မြို့ပြအင်ဂျင်နီယာချုပ် ဦးမြသန်း၏ ပြောကြားချက်အရ သိရသည်။
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ ကျောက်ဖြူဆိပ်ကမ်း အမှတ် ၃ ကွန်ကရစ် ဆိပ်ခံတံတားအား Daewoo International Coporation မှ တည်ဆောက်
ပြီး မြန်မာ့ဆိပ်ကမ်း အာဏာပိုင်သို့ အများပြည်သူ အသုံးပြုနိုင်ရန် လွှဲပြောင်းပေးအပ်ခြင်း ဖြစ်ကြောင်း သိရသည်။
ကျောက်ဖြူဆိပ်ကမ်း အမှတ် ၃ ကွန်ကရစ် ဆိပ်ခံတံတားအား ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာ ၂၀ ရက်က စတင် တည်ဆောက်၍ ၂၀၁၃ ခုနှစ်၊ ဇွန် ၁၀ ရက်တွင် တည်ဆောက်ပြီးစီးခဲ့ပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ ခုနစ်သိန်း ကုန်ကျ
ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် အမှတ် (၁) ကွန်ကရစ် ဆိပ်ခံတံတားအား ရွှေသဘာဝ ဓာတ်ငွေ့စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်နေသော ဒေ၀ူးကုမ္ပဏီမှ အဆင့်မြှင့်တင် တည်ဆောက်ပြီး မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ထံမှ BOT စနစ်နှင့် ပြန်လည်ငှားရမ်း လုပ်ကိုင်လျက် ရှိသည်။
အမှတ်(၁)ကွန်ကရစ် ဆိပ်ခံတံတားအား နိုင်ငံခြား သင်္ဘောကြီးများ ၀င်ထွက်
ဆိုက်ကပ် အသုံးပြုနိုင်ရန် အဆင့်မြှင့်တင် တည်ဆောက်ထား၍ ပြည်
တွင်းသွား ရေယာဉ်များ၊ သင်္ဘောများ ဆိုက်ကပ်နိုင်ခြင်း မရှိသဖြင့် ဒေ၀ူး
ကုမ္ပဏီမှ ယခုကဲ့သို့ အမှတ်(၃)ကွန်ကရစ် ဆိပ်ခံတံတားအား အသစ်
တည်ဆောက် ပေးခဲ့ခြင်း ဖြစ်သည်။
''ပင်လယ်ပြင်သွား ရေယာဉ်ကြီးတွေ ဆိုက်ကပ်နိုင်အောင် အဆင့်မြှင့်တင်ပြီး တည်ဆောက်ထားတာ ဖြစ်လို့ ပြည်တွင်းသွား ရေယာဉ်တွေ ဆိုက်ကပ်ဖို့ အဆင်မပြေဘူး။ဒါကြောင့်မို့ဆိပ်ခံတံတားအမှတ်(၃)ကို အသစ်တည်ဆောက်
ပြီး လွှဲပြောင်းပေးအပ်တာပါ'' ဟု မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ မြို့ပြ
အင်ဂျင်နီယာချုပ် ဦးမြသန်းက ပြောကြားသည်။
ကျောက်ဖြူဆိပ်ကမ်း အမှတ်(၃) ကွန်ကရစ် ဆိပ်ခံတံတားမှာ ပင်မတံတား အလျား ပေ ၇၀၊ အကျယ် ၂၄ ပေ၊ ချဉ်းကပ်တံတား ပေ ၂၄၀ ဖြစ်ကြောင်း သိရသည်။
eleven media group

0 comments:
Post a Comment