Wednesday, July 31, 2013

မြန်မာနိုင်ငံမှ ဆန်အပါအ၀င် လယ်ယာထွက်ကုန် ပစ္စည်းများအား တင်သွင်းဖြန့်ဖြူးရန် ဂျပန်လုပ်ငန်းရှင်များ လာရောက်

မြန်မာနိုင်ငံတွင် စိုက်ပျိုးထွက်ရှိသည့် ဆန်အပါအ၀င် လယ်ယာထွက်ကုန် ပစ္စည်းများအား ဂျပန်ဈေး ကွက်သို့ တင်သွင်းရန်အတွက် Japan External Trade Organization (JETRO) ရန်ကုန်မှ ကြီးမှူး၍ ဂျပန်ကုမ္ပဏီ ၁၃ ခုမှ လုပ်ငန်းရှင်များနှင့် မြန်မာလုပ်ငန်းရှင် ၃၀ တို့ ဇူလိုင် ၃၀ ရက်တွင် ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
လက်ရှိတွင် ဂျပန်နိုင်ငံ အနေဖြင့် လယ်ယာထွက်ကုန် ပစ္စည်းများအား တရုတ်နိုင်ငံမှ အဓိက တင် သွင်းနေရပြီး တရုတ်နိုင်ငံ၏ လုပ်အားခ မြင့်တက်လာခြင်း၊ ကုန်ပစ္စည်း ဈေးမြင့်တက်လာခြင်းနှင့် အရည် အသွေးပိုင်းဆိုင်ရာ အဆင်မပြေမှုများကြောင့် စိုက်ပျိုးရေးနိုင်ငံဖြစ်သည့် မြန်မာနိုင်ငံမှ လယ်ယာထွက် ကုန်များအား ၀ယ်ယူရန်နှင့် တန်ဖိုးမြင့် ထုတ်ကုန်များအား ပူးပေါင်းထုတ်လုပ်ရန်အတွက် ဆန္ဒရှိကြောင်း သိရသည်။
"တချို့ကုမ္ပဏီတွေက ကုန်ကြမ်းအနေနဲ့ မဟုတ်ဘဲ အေးခဲထားတဲ့ ကုန်ချောအနေနဲ့ပို့ဖို့ ဆွေးနွေးကြတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာက အေးခဲစက်ရုံတွေ မရှိသေးတဲ့အတွက် သူတို့ကိုယ်တိုင် စက်ရုံတွေ လာထောင်ပြီး တင်သွင်းဖို့အထိ စိတ်ဝင်စားတာ တွေ့ရတယ်" ဟု ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် မြန်မာနိုင်ငံ သစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

မြန်မာ့လယ်ယာထွက်ကုန် ပစ္စည်းအား တင်သွင်းရောင်းချရန်အတွက် ဂျပန်နိုင်ငံမှ Tomiyama ကုမ္ပဏီ၊ NS Trading ကုမ္ပဏီ၊ Okaya & ကုမ္ပဏီ၊ AGI Japan ကုမ္ပဏီ၊ Ohchis ကုမ္ပဏီ၊ Shikibo ကုမ္ပဏီ၊ Nippon Koei ကုမ္ပဏီ၊ PCBI ကုမ္ပဏီ၊ Shinnihonseiyaku ကုမ္ပဏီ၊ YAE  NOGEI ကုမ္ပဏီ၊ Nichirei Food Inc နှင့် Mitsui & ကုမ္ပဏီတို့မှ မြန်မာနိုင်ငံသို့ လာရောက်ဆွေးနွေး ခဲ့ခြင်းဖြစ်ပြီး ဇူလိုင် ၃၁ ရက်တွင် ရှမ်းပြည်နယ်မှ လယ်ယာထွက်ကုန် စိုက်ခင်းများနှင့် ကုန်ထုတ်လုပ်မှုများကို သွားရောက်လေ့ လာမှုများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

EMG

0 comments:

Post a Comment