Tuesday, July 23, 2013

ပြင်ဦးလွင်မြို့အထင်ကရနေရာများတွင် ခရီးသွားဧည့်သည်များဖြင့် အထူးစည်ကားလျှက်ရှိ



ပြင်ဦးလွင်မြို့တွင် ယမန်နေ့က ရုံးပိတ်ရက်ဆက်နှင့် ၀ါဆိုလပြည့်ဖြစ်ခြင်း တို့ကြောင့် ခရီးသွာများဖြင့် အထူးစည်ကားလျှက် ရှိသည်ကို တွေ့ရသည်။


အဓိကနေရာများဖြစ်သော ကန်တော်ကြီးဥယျာဉ်၊ ပွဲကောက်ရေတံခွန်၊ မဟာအံထူးကံသာ ဆုတောင်းပြည့်ဘုရားနှင့် ပိတ်ချင်းမြောင် မဟာနန္ဒမူလိုဏ်ဂူတို့တွင် ခရီးသွာများဖြင့် အထူးစည်ကားနေခြင်း ဖြစ်သည်။

“ရုံးပိတ်ရက်နဲ့ ဆက်နေတော့ လူစည်ကာပါတယ်။ ကျန်တဲ့ရက်တွေတော့ လူသိပ်မရှိပါဘူး။ လပြည်နေ့တွေဆိုရင် လူစည်ကားလေ့ ရှိပါတယ်။ ၀င်ကြေးကတော့ လူတစ်ဦးကို နှစ် ရာကျပ်နှုန်း ကောက်ပါတယ်။ ဆိုင်ကယ်ပဲဖြစ်ဖြစ် ကာပဲးဖြစ်ဖြစ် လူဘယ်လောက် ပါပါ တစ်ထောင်ကောက်ပါတယ်”ဟု ပွဲကောက်ရေတံခွန်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လူစည်ကားသည့် နေ့များတွင် ပွဲကောက်ရေတံခွန်တွင် လုံခြုံရေးအဖြစ် စစ်သားများမှ လုံခြုံရေးတာဝန် ယူပေးပြီး ကျန်နေံများတွင် ရဲတပ်ဖွဲ့ဝင်များမှ လုံခြုံရေးတာဝန် ယူပေးကြောင်းလည်း သိရသည်။ လည်ပတ်သူ အများစုသည် နယ်ဝေးမ လာရောက်သူ ပိုမို များပြားကြောင်း၊ ထိုနေ့မျိုးတွင် ဈေးဆိုင်များမှာ ပိုမိုရောင်းအားကောင်းကြောင်း ပွဲးကောက်ရေတံခွန်တွင် ဈေးရောင်းနေသူ တစ်ဦး ကပြောသည်။

“ကျွန်တော်က မန္တလေးကနေ လာတာပါ။ မိသားစု(၅)ယောက် ပါပါတယ်။ ကျောင်းပိတ်ရက်လည်း ဆက်တယ်။ ၀ါဆို လပြည်ံနေ့ လည်းဖြစ်လို့ လာလည်ကြတာပါ”ဟု ပွဲကောက်ရေတံခွန်သို့ လာရောက်လည်ပတ်သော မန္တလေးမြို့သူ သူ သတစ်ဦးက ပြောသည်။

ယခုကဲ့သို့ လူစည်ကာသော ပြင်ဦးလွင်မြို့၏ အထင်ကရ နေရာများသည် လွန်ခဲ့သော နှစ်ပေါင်းသုံးဆယ်ခန့်က ခြုံနွယ်ပိတ်ပေါင်း များသာရှိခဲ့ပြီး ယခုနောက်ပိုင်းမှသာ လျှင်ခရီးသွားများ ပိုမိုလာရောက်ကြသဖြင့် ဈေးဆိုင်ခန်းများဖြင့် စည်ကားလာကာ(၂၀၀၆) ခုနှစ် နောက်ပိုင်းတွင် ပိုမိုစည်ကားလာခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

စိုင်းကံသာ(လားရှိုး)

မြန်မာ့ခေတ်

0 comments:

Post a Comment