အီတလီ
 ရဲတပ်ဖွဲ့ဝင်များသည် ရောမမြို့အနီး ကမ်းရိုးတန်းဒေသတွင် 
မာဖီးယားဂိုဏ်းများအား ချေမှုန်း စစ်ဆင်ရေး တစ်ရပ်ဆင်နွှဲခဲ့ရာ 
မာဖီးယားဂိုဏ်းများနှင့် ဆက်စပ်လျက်ရှိသော လူ ၅၀ ခန့်အား 
ဖမ်းဆီးရ မိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။ အနံ့ခံခွေးများ၊ 
ရဟတ်ယာဉ်တစ်စင်းနှင့် ကင်းလှည့်ရေ ယာဉ်များ 
အပါအ၀င် ရဲတပ်ဖွဲ့ဝင် ၅၀၀ 
ခန့်တို့က စစ်ဆင်းရေး ဆင်နွှဲခဲ့ကြခြင်းဖြစ်သည်။ အီတလီနိုင်ငံ ကာလက်ဘီးယား 
ဒေသတွင်လည်း ရဲတပ်ဖွဲ့ဝင်များက မာဖီးယား ဂိုဏ်းများကို စစ်ဆင်ရေးတစ်ရပ် 
ဆင်နွှဲ ခဲ့သည်။ ကိုလံဘီယာမှ မူးယစ်ဆေးဝါးများ မှောင်ခိုရောင်းဝယ်မှုသည် 
ဥရောပနိုင်ငံများတွင် တဖြည်းဖြည်း ပျံ့နှံ့လာလျက်ရှိပြီး 
မာဖီးယားဂိုဏ်းများလည်း သြဇာကြီးထွားလျက် ရှိကြောင်း သိရသည်။
 (ဘီဘီစီ)
0 comments:
Post a Comment