Sunday, July 21, 2013

မန္တလေးမှ တရုတ်သို့ ကျောက်စိမ်းတင်ပို့မှု လျော့ကျ


တရုတ်ပြည်သူ့သမ္မတ နိုင်ငံတွင် ပြပွဲ ရှိနေသောကြောင့် မန္တလေးမြို့မှ တရုတ်သို့ ကျောက်စိမ်းတင်ပို့မှုမှာ ယခုဇူလိုင်လ ပထမပတ်ခန့်မှ စတင်၍ လျော့ကျလာကြောင်း မန္တလေးမြို့ ကျောက်စိမ်းကျောက်မျက် လုပ်ငန်းရှင်များ အသင်းအတွင်းရေးမှူး ဦးသိုက်ထွန်းက ပြောကြားသည်။
"ဒီရက်ပိုင်း တရုတ်ဘက်မှာ ပြပွဲရှိနေလို့ ကျောက်စိမ်းတွေ Import မသွားဘူး ဖြစ်နေတယ်၊ ဘယ်လောက်ကျလည်းတော့ မပြောတတ်ဘူး၊ ဒီဘက်က ကျောက်မျက် ပြပွဲက ကျောက်စိမ်းတွေကလည်း မထွက် လာသေးဘူး" ဟု ၄င်းကဆိုသည်။

မန္တလေးမြို့ ကျောက်ဝိုင်း၌ ကျောက်စိမ်းကုန်ကြမ်း ရှားပါးနေပြီး အဝင်နည်းပါး နေကြောင်း၊ ဖားကန့်မြို့ဘက်မှ ကျောက်တွင်းများ ပိတ်ထားသည်မှာ ကြာပြီဖြစ်ပြီး ရေမဆေးကျောက် ဝင်ရောက်မှုမှာလည်း ယခု ဇူလိုင်လ ပထမပတ်မှ တတိယပတ်အတွင်း နည်းပါးနေကြောင်း၊ ကျောက် မျက်ပြပွဲ မှ ကျောက်စိမ်းများလည်း မန္တလေးကျောက်ဝိုင်း အတွင်းသို့ မဝင်သေးခြင်းကြောင့် ကျောက် စိမ်းကောင်း များ ရှားပါးကာ တရုတ်သို့ တင်ပို့မှု နည်းလာခြင်းဖြစ်မည်ဟု ယူဆရကြောင်း မန္တလေးမြို့ ကျောက်ဝိုင်း မှ ကျောက်စိမ်းကုန်သည် ဦးစိန်ဝင်းက ပြောကြားသည်။

မန္တလေးမြို့ ကျောက်ဝိုင်းဈေးကွက်မှာ လက်ကျန်ကျောက်စိမ်းများ ထုတ်ရောင်း ကာ ပုံမှန်လည်ပတ် နေရကြောင်း ဦးစိန်ဝင်း ကဆိုသည်။

မန္တလေးမြို့ အောင်မြေသာစံ မြို့နယ်ရှိ ကျောက်စိမ်းကျောက်မျက် အသင်းရုံး၌ တရုတ်ပြည်သူ့သမ္မတ နိုင်ငံသို့ နေ့ချင်းပြီး (one-stop service) ဖြင့် ကျောက်များ တင်ပို့နိုင်ကြောင်း အဆိုပါရုံးထံမှ သိရသည်။

The Voice Weekly

0 comments:

Post a Comment