Sunday, July 14, 2013

ရန်ကုန်နှင့် နေပြည်တော်နည်းတူ မန္တလေးမြို့တွင် ဆင်ဖြူတော် ထားရှိမည်

whiteelephant-july14
မန္တလေးမြို့ စွယ်တော်မြတ်စေတီ အတွင်းရှိ မြေသုံးဧက အကျယ်တွင် ဆင်ဖြူတော် ထားရှိရန် စီစဉ်ထား သည့် မြေနေရာကို တွေ့ရစဉ်
ရန်ကုန်နှင့် နေပြည်တော်နည်းတူ မန္တလေးမြို့တွင် ဆင်ဖြူတော် ထားရှိသွားမည်ဖြစ်ကြောင်း မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ပြောကြားချက်အရ သိရှိရသည်။
မန္တလေးမြို့ စွယ်တော်မြတ် စေတီအတွင်းရှိ မြေသုံးဧက အကျယ်တွင် ဆင်ဖြူတော် ထားရှိရန် စီစဉ်လျက်ရှိပြီး ၂၀၁၄ ခုနှစ်တွင် ဆင်ဖြူတော်များကို ရွှေ့ပြောင်းထားရှိရန် စီစဉ်ထားရှိကြောင်းလည်း သိရှိရသည်။
"မြန်မာနိုင်ငံမှာတော့ ရန်ကုန်နဲ့ နေပြည်တော်မှာ ဆင်ဖြူတော်တွေ ရှိနေသလို မန္တလေးမှာလည်း ဆင်ဖြူတော် ရှိသင့်တယ်ဆိုတာကြောင့် ပြည်ထောင်စု အစိုးရအဖွဲ့ကနေ နေပြည်တော်မှာ ရှိနေတဲ့ ဆင်ဖြူတော်နှစ်စီးကို လှူဒါန်းတာ ဖြစ်ပါတယ်" ဟု မန္တလေးတိုင်းဒေသကြီး သစ်တောနှင့် သတ္တုဝန်ကြီး ဦးသန်းစိုးမြင့်က ပြောကြားခဲ့သည်။
ဆင်တွေရဲ့ သဘာဝအတိုင်း သွားလာနိုင်အောင် သစ်တောဥယျာဉ်တစ်ခုလို လုပ်ဆောင်သွားမှာပါ။ အရိပ်ရဖို့၊ အနံ့အသက်မွှေးဖို့နဲ့ စိမ်းလန်းစိုပြည်ဖို့အတွက် ကြံ၊ အင်ကြင်း၊ ပိတောက်၊ ပုန်းညက်၊ ခရေပင်တွေကိုလည်း စိုက်ပျိုးသွားမယ်။ ဆင်ဖြူတော်တွေ ရေချိုးဖို့ ရေကန်တွေကိုလည်း ထည့်သွင်းဆောင်ရွက်သွားမှာ ဖြစ် . . . . .
ဆင်ဖြူတော်များ ထားရှိမည့် အဆောက်အအုံ မြေနေရာတွင် ချုံနွယ်များ ရှင်းလင်းခြင်း၊ ပျိုးပင်များ ပြုစု ပျိုးထောင်ခြင်းနှင့် ဆင်လျှောက်လမ်းများ ဖောက်လုပ်ခြင်းတို့ကို ပြုလုပ်လျက်ရှိကြောင်း သိရသည်။
"ဆင်တွေရဲ့ သဘာဝအတိုင်း သွားလာနိုင်အောင် သစ်တောဥယျာဉ်တစ်ခုလို လုပ်ဆောင်သွားမှာပါ။ အရိပ်ရဖို့၊ အနံ့အသက်မွှေးဖို့နဲ့ စိမ်းလန်းစိုပြည်ဖို့အတွက် ကြံ၊ အင်ကြင်း၊ ပိတောက်၊ ပုန်းညက်၊ ခရေပင်တွေကိုလည်း စိုက်ပျိုးသွားမယ်။ ဆင်ဖြူတော်တွေ ရေချိုးဖို့ ရေကန်တွေကိုလည်း ထည့်သွင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်" ဟု ၀န်ကြီးက ပြောကြားသည်။
ဆင်ဖြူတော်များကို အမြန်ဆုံး ထားရှိနိုင်ရန် စွယ်တော်မြတ်စေတီ အနီးဝန်းကျင်ရှိ စက်ရုံများမှ ထွက်ရှိသော မီးခိုးငွေ့များနှင့် စွန့်ပစ်ရေဆိုးနံ့များကို စည်ပင်သာယာမှ ပြုပြင်ဆောင်ရွက် မှုများ ပြုလုပ် လျက် ရှိကြောင်း သိရသည်။

From...EMG

0 comments:

Post a Comment