၂ဝ၁၃ခုနှစ်၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး တံခွန်စိုက်ဒိုင်း၊ အမျိုးသား/ အမျိုးသမီး ဘော်လီဘော ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ဇူလိုင် ၈ ရက် နံနက်ပိုင်းတွင် တောင်ကြီးမြို့၊ မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်စိုးထွဋ်၊ တိုင်းစစ်ဌာနချုပ်မှ တပ်မတော် အရာရှိကြီးများ၊ တပ်နယ် တပ်ရင်း/ တပ်ဖွဲ့မှူးများ၊ အရာ ရှိ/ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များနှင့် ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းမှူးမှ အဖွင့်အမှာ စကားပြောကြားပြီး ပြိုင်ပွဲကို ဖွင့်လှစ်ပေးကာ တက်ရောက် လာကြသူများက အဖွင့်ပွဲစဉ် ယှဉ်ပြိုင် ကစားနေမှုကို ကြည့်ရှု အားပေးကြသည်။
အဆိုပါ ဘော်လီဘော ပြိုင်ပွဲကို ဇူလိုင် ၈ ရက်မှ ၁၅ ရက်ထိ ပြိုင်ပွဲဝင် အမျိုးသားအသင်း ၁၂ သင်းနှင့် အမျိုး သမီး အသင်း ၁၁ သင်းတို့ ပါဝင်ယှဉ်ပြိုင် ကစားသွားကြမည် ဖြစ်ကြောင်း သတင်းရရှိသည်။
http://www.myawady.com.mm/allnews/militarynews/item/19212-2013-07-11-09-58-24
မြ၀တီ

0 comments:
Post a Comment