Sunday, July 14, 2013

အမေရိကန် နိုင်ငံ၏ လျှို့ဝှက် ထောက်လှမ်းမှု လုပ်ရပ်အပေါ် လက်တင် အမေရိက နိုင်ငံများ ပြစ်တင် ရှုတ်ချ


ဥရုဂွေးနိုင်ငံ မွန်တီဖီဒေးယို မြို့တွင် ကျင်းပသော Mercosur ကုန်သွယ်ရေး ဆိုင်ရာ အကျိုးတူ အဖွဲ့ အစည်း၏ ထိပ်သီး အစည်းအဝေးပွဲ အတွင်းတောင်အမေရိက နိုင်ငံ လေးနိုင်ငံက  ဒေသတွင်း အမေရိကန် ပြည်ထောင်စု၏ လျှို့ဝှက် ထောက်လှမ်းမှု အပေါ် ပြစ်တင် ရှုတ်ချခဲ့ကြောင်း သိရသည်။
အာဂျင်တီးနား၊ ဘရာဇီး၊ ဥရုဂွေးနှင့် ဗင်နီဇွဲလား နိုင်ငံတို့မှ သမ္မတများသည်  မွန်တီဖီဒေးယို မြို့တွင် ဇူလိုင် ၁၂ ရက်က တွေ့ဆုံခဲ့ပြီး လက်တင်အမေရိကတစ်ဝန်း ဖုန်းခေါ်ဆိုမှု မှတ်တမ်းနှင့် အီးမေးလ် များကို  ပစ်မှတ်ထားသော အမေရိကန် အစိုးရ၏ စောင့်ကြည့် လေ့လာမှု အစီအစဉ်နှင့် စပ်လျဉ်း၍ လက်မခံကြောင်း ပြောကြားခဲ့သည်။
အမေရိကန် အစိုးရက မိမိတို့နိုင်ငံအတွင်း  ဆက်သွယ်ရေးစနစ်များ ကြားဖြတ် ဖမ်းယူမှုနှင့်  သူလျှို လုပ်ငန်းများ လုပ်ဆောင်မှုသည် လူ့အခွင့်အရေး ချိုးဖောက်မှု တစ်ခုဖြစ်ကြောင်း၊ နိုင်ငံ၏ အချုပ်အခြာ အာဏာကို  ချိုးဖောက်မှု တစ်ရပ်ဖြစ်ပြီး လက်တင် အမေရိက နိုင်ငံများ အကြား ဆက်ဆံရေးကို ထိခိုက်စေသည့် လုပ်ရပ်တစ်ခု ဖြစ်ကြောင်း အဆိုပါ ခေါင်းဆောင်များက ထိပ်သီးအစည်းအဝေး ပွဲ၏ နောက်ဆုံး ထုတ်ပြန်သော အစီရင်ခံ စာတွင် ပြောကြား ထားသည်။

From...မြ၀တီ

0 comments:

Post a Comment