ရန်ကုန် ၊ ၉-၆-၂၀၁၃
၂၀၁၃ ခုနှစ် ၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲအတွက် စခန်းသွင်း လေ့ကျင့်နေသော မြန်မာ စက်ဘီး အားကစား အဖွဲ့သည် အားကစား ၀န်ကြီးဌာန၏ ဦးဆောင်မှုဖြင့် Government to Government အစီအစဉ် အရ ဇွန်လ ၁ ရက်မှ သြဂုတ်လ ၃၁ ရက်နေ့ထိ ၃ လကြာ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံတွင် စက်ဘီး အားကစားနည်း ပူးတွဲ လေ့ကျင့်မှုများ ပြုလုပ်ရန် အားကစား နှင့် ကာယပညာ ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သူဇာအောင် ခေါင်းဆောင်သော နည်းပြ တစ်ဦးနှင့် အားကစား သမား ၁၀ ဦး ပါဝင်သည့် မြန်မာ စက်ဘီး အားကစား အဖွဲ့သည် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံသို့ ယမန်နေ့ နေ့လည် ၂ နာရီက ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်မှ ထွက်ခွာ သွားရာ မြန်မာနိုင်ငံ စက်ဘီးအဖွဲ့ချုပ် မှ တာဝန်ရှိ သူများက လိုက်လံ ပို့ဆောင် ခဲ့ကြောင်း သိရှိရသည်။

0 comments:
Post a Comment