ဒီကနေ့မနက် ၉ နာရီက ရန်ကုန်မြို့၊ ပန်းဘဲတန်း မြို့နယ်ထဲက ဗိုလ်ဆွန်ပက်လမ်းနဲ့ ကုန်သည်လမ်း ထောင့်မှာ ရှိတဲ့ အမှတ် (၆၀၈) ဗိုလ်ဆွန်ပက် ကွန်ဒိုမြေညီထပ်မှာ IKBZ Insurance Co,Ltd လုပ်ငန်း စတင်ဖွင့်လှစ်ခြင်း အခမ်းအနားတစ်ခု ပြုလုပ်ကျင်းပခဲ့ပါတယ်။
အဲဒီ အခမ်းအနားမှာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိမ်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဝန်ကြီးဌာန မြို့တော်ဝန် ဦးလှမြင့်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဝန်ကြီး ဒေါ်စန်းစန်းနွယ်၊ လျှပ်စစ်နှင့်စက်မှုဝန်ကြီးဌာန ဝန်ကြီး ဦးဉာဏ်ထွန်းဦး၊ IKBZ Insurance Co,Ltd ဥက္ကဌ ကမ္ဘောဇဘဏ် လီမိတက် ဥက္ကဌ ဦးအောင်ကိုဝင်း၊ အာမခံလုပ်ငန်း ကြီးကြပ်ရေး ကော်မတီဥက္ကဌ မြန်မာ့အာမခံ လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအေးမင်းသိန်းနဲ့ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ပုဂ္ဂလိက ဘဏ် များနဲ့ ပုဂ္ဂလိက အာမခံလုပ်ငန်းများမှ တာဝန်ရှိသူများ၊ နိုင်ငံခြားသံရုံးများမှ သံတမန်များ၊ နိုင်ငံခြား ဘဏ် လုပ်ငန်းနဲ့ အာမခံ လုပ်ငန်းများမှ ဒေသခံ ကိုယ်စားလှယ်များနဲ့ ဖိတ်ကြားထားသူများ သတင်းမီဒီ ယာများ တက်ရောက်ခဲ့ကြပါတယ်။


အဲဒီ အခမ်းအနားမှာ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းမှ ပုဂ္ဂလိ က အာမခံလုပ်ငန်းများ ပေါ်ထွက်လာခြင်းနဲ့ စပ်လျဉ်းပြီး အကြောင်းအရာများကို၎င်း၊ နိုင်ငံတော်တွင် အာမခံ လုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရေးအတွက် ဆက်လက် ကြီးကြပ် ထိန်းသိမ်း ပေးမယ့် အစီအစဉ်များ၊ ရှေ့လုပ်ငန်းစဉ်များနဲ့ စပ်လျဉ်းသည့် အကြောင်းအရာများကို၎င်း၊ အသေးစိတ် ရှင်းလင်းပြောကြားသွားပါတယ်။

ဆက်လက်ပြီး IKBZ အာမခံလုပ်ငန်းမှ ဒါရိုက်တာ ဒေါ်နန်းခမ်းနောင့်က ပြောကြားရာတွင် နိုင်ငံတော်မှ အာမခံ လုပ်ငန်းများကို ပုဂ္ဂလိက ကဏ္ဍမှ ဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အတွက် လုပ်ငန်းများဆောင်ရွက်ရန် လျောက်ထားလာသော ပုဂ္ဂလိက အာမခံလုပ်ငန်းများအား အဆင့် ဆင့် စိစစ်ရွေးချယ်ပြီး အာမခံလုပ်ငန်း ဆောင်ရွက်နိုင်ရန် ရွေးချယ်ထားသော ကုမ္မဏီ (၁၂) ခု အနက် အာမခံလုပ်ငန်း ကုမ္မဏီ (၅) ခုအား ၂၀၁၃ ခုနှစ် မေလ (၂၅) ရက်နေ့တွင် ပထမဦးစွာ အာမခံလုပ်ငန်း လိုင်စဉ် ထုတ်ပေးခဲ့ကြောင်း၊ IKBZ အာမခံလုပ်ငန်း ကုမ္မဏီဟာ အဲဒီအာမခံလုပ်ငန်း လိုင်စဉ် ရရှိတဲ့ ကုမ္မဏီ (၅) ခုမှာ ပါဝင်ခဲ့တာကြောင့် ဒီကနေ့ကစပြီး အာမခံလုပ်ငန်းများကို စတင်ဖွင့်လှစ် လုပ်ကိုင် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ နိုင်ငံတော်ရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အာမခံလုပ်ငန်းဟာ အဓိက မဏ္ဍိုင်ကြီးတစ်ရပ်ဖြစ်ပြီး၊ နိုင်ငံတော် အတွင်းရှိ စီးပွားရေးလုပ်ငန်းများကို ပျက်ဆီးဆုံးရှုံးမှု ဖြစ်ပေါ်ခြင်းမှ အာမခံအကာအကွယ်ပေးခြင်းဖြင့် အဓိက ပံ့ပိုးအထောက်အကူ ပြုသွားမှာဖြစ်ကြောင်း၊IKBZ အာမခံလုပ်ငန်းဟာ ကမ္ဘောဇ လုပ်ငန်းစုရဲ့ လက်အောက်ခံ ကုမ္မဏီတစ်ခုဖြစ်ပြီး၊ နိုင်ငံတော်နဲ့ ပြည်သူလူ ထုရဲ့ အကျိုးစီးပွားကို ရှေးရှုပြီး အာမခံလုပ်ငန်း ကဏ္ဍတွင် ပါဝင်ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ ယခုဖွင့် လှစ်တဲ့ IKBZ အာမခံကုမ္ပဏီ ရုံးအဆောက်အအုံဟာ ယာယီအသုံးပြုရန်အတွက်သာဖြစ်ပြီး၊ ယခုနှစ်ကုန် ခန့်မှာတော့ ယခင်နိုင်ငံတော် အစိုးရပိုင် (၆) ထပ် ရုံးသို့ ပြောင်းရွှေ့ ဖွင့်လှစ်သွားမှာဖြစ်ကြောင်း၊ အာမခံ လုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ရဲ့ လမ်းညွှန်မှုကို ခံယူပြီး၊ နိုင်ငံတကာ အဆင့်မီသော အာမခံ ဝန်ဆောင်မှု လုပ်ငန်းများကို အဆင့်ဆင့် တိုးတက်အောင် ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ နိုင်ငံတော်မှ ကြီးမှူး ဆောင်ရွက်နေသော ဆင်းရဲမှု လျော့ချရေး ရည်မှန်းချက်ကို အထောက်အကူပြုတဲ့ Micro Finance လုပ်ငန်း ဆောင်ရွက်ရာတွင် Micro Insurance လုပ်ငန်းကို လုပ်ကိုင်ခွင့် အခြေအနေ အပေါ် မှုတည်ပြီး အကောင်အထည်ဖေါ် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ IKBZ အာမခံလုပ်ငန်းကို အများပိုင် ကုမ္ပဏီအဖြစ် အမြန်ပြောင်းလဲဖွဲ့စည်းပြီး၊ ပြည်သူများအား အစုရှယ်ယာရှင်များ အဖြစ် ပါဝင်ရန် ဖိတ်ခေါ်၍ IKBZ အများပိုင် အာမခံလုပ်ငန်း ကုမ္ပဏီ လီမိတက်သို့ အောင်မြင်စွာ ဆောင်ရွက် အကောင်အထည် ဖေါ်သွားမှာ ဖြစ်တယ်လို့ ပြောဆို သွားပါတယ်။

IKBZ Insurance Co,Ltd အနေနဲ့ နိုင်ငံတော်မှ စီးပွားရေး လုပ်ငန်းများကို တံခါးဖွင့် ဆောင်ရွက်နေ ချိန်တွင် အာမခံလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေး၊ ပြည်သူများအနေနဲ့ အာမခံလုပ်ငန်းအပေါ် စိတ်ဝင်စားပြီး အာမခံ ဆိုင်ရာ အလေ့အကျင့်များ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းများအတွက် အခန်း ကဏ္ဍ တစ်ခုအနေဖြင့် ဝိုင်းဝန်းပံ့ပိုးဆောင်ရွက်ပေးရေး နိုင်ငံတော်အတွင်းရှိ စီးပွားရေး လုပ်ငန်း အသီးသီးအတွက် အန္တရာယ် အသီးသီးမှ ကြုံတွေ့နိုင်သော ဆုံးရှုံးမှုများအား နည်းပါးစေရေး၊ အများပြည် သူများ ကြုံတွေ့ရနိုင်သော သဘာဝ ဘေးအန္တရာယ် အသီးသီးမှ ဆုံးရှုံးမှုများအား လျော့နည်းသက်သာ စေရေး တို့ကို ရည်ရွယ်ကာ ကမ္ဘောဇ ကုမ္ပဏီများ လုပ်ငန်းစု အနေနဲ့ အာမခံလုပ်ငန်း အမျိုးအစား (၆) မျိုးနဲ့ ဆောင်ရွက်လုပ်ကိုင်မှာဖြစ်ရာ (၁) အသက်အာမခံ လုပ်ငန်း၊ (၂) မီးအာမခံလုပ်ငန်း၊ (၃) သမာဓိ အာမခံလုပ်ငန်း၊ (၄) ငွေပို့ငွေသယ် အာမခံလုပ်ငန်း၊ (၅) ငွေသားလုံခြုံမှု အာမခံလုပ်ငန်း၊ (၆) အလုံးစုံ အာမခံလုပ်ငန်း စတာတွေကို လုပ်ကိုင်ဆောင်ရွက်မှာ ဖြစ်တယ်လို့ ပြောပါတယ်။

အဲဒီနောက်မှာ အခမ်းအနားကို တက်ရောက်လာတဲ့ ရန်ကုန်တိုင်းဒေသကြီး ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာန ဝန်ကြီး ဒေါ်စန်းစန်းနွယ်၊ အာမခံလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ ဥက္ကဌ မြန်မာ့အာမခံလုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး ဦးအေးမင်းသိန်း၊ IKBZ Co,Ltd မှ ဒါရိုက်တာများ ဖြစ်ကြတဲ့ ဒေါ်နန်းလိုင်းခမ်း၊ ဒေါ်နန်းခမ်းနောင့်နဲ့ ဒေါ်ဝေဝေထွေတို့မှ IKBZ အာမခံလုပ်ငန်း ကုမ္ပဏီ အဆောက်အအုံအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကာ၊ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက ကုမ္ပဏီဆိုင်းဘုတ်ကို စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးခဲ့ပြီးနောက် တက်ရောက်လာကြတဲ့ တာဝန်ရှိပုဂ္ဂိုလ်များဟာ အာမခံလုပ်ငန်းများ ဆောင်ရွက် နေမှုကို လှည့်လည်ကြည့်ရှုကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့တယ်လို့ သိရပါတယ်။
ရတနာပုံသတင်း
0 comments:
Post a Comment