Monday, June 17, 2013

မန်ဒဲလား၏ ကျန်းမာရေးအခြေအနေ အနည်းငယ် တိုးတက်လာ


Photo 
အဆုတ်တွင် ရောဂါပိုး ဝင်ရောက်မှုကြောင့် ဆေးရုံတက်ကုသမှု ခံယူနေရသည့် တောင်အာဖရိက ခေါင်းဆောင်ဟောင်း နယ်လ်ဆန်မန်ဒဲလား၏ ကျန်းမာရေး အတန်ငယ် တိုးတက်လာပြီဟု သိရှိရသည်။ (၄) ရက်ဆက်တိုက် အခြေအနေ စိုးရိမ်နေရပြီး တိုးတက်လာမှုလည်း ရှိမလာ၊ ဆုတ်ယုတ်မှုလည်း ဖြစ်မသွား ဘဲ တည်ငြိမ်နေကြောင်း လက်ရှိ တောင်အာဖရိက သမ္မတ ယာကော့ဘ်ဇူးမားက ပြောကြားထားသော် လည်း (၅) ရက်မြောက်နေ့တွင်မူ ကုသမှုကို မန်ဒဲလား၏ အဆုတ်က စတင်တုံ့ပြန်မှု ရှိလာပြီး တိုးတက် သည့် အခြေအနေ ပြသလာကြောင်း မိသားစုက ပြောကြားခဲ့သည်။ အသက် (၉၄) နှစ်ရှိ မန်ဒဲလား၏ အခြေအနေ တိုးတက်လာမှုအတွက် ပျော်ရွှင်ကြောင်း ဇူးမားကလည်း ပါလီမန်တွင် ထုတ်ဖော် ပြောကြားခဲ့ သည်။

မန်ဒဲလားသည် ပရီတိုးရီးယား ဆေးရုံတွင် (၅) ရက်ဆက်တိုက် ကုသမှု ခံယူနေရဆဲ ဖြစ်သည်။ ၎င်းထံသို့ မိသားစုဝင်အချို့ လာရောက် လည်ပတ်ခွင့် ရသော်လည်း ပြင်ပဆက်သွယ်မှုများ အတွက်မူ လုံခြုံရေး တင်းကျပ်ပေးထားသည်။ ဇူးမားက ယခုသီတင်းပတ်အတွင်း မန်ဒဲလားကို ထောင်ဒဏ်တစ်သက် ပြစ်ဒဏ်ချ မှတ်မှု (၄၉) နှစ်ပြည့် အထိမ်းအမှတ်ကို ဖြတ်သန်းခဲ့ကြောင်းလည်း အမှတ်တရ ဆိုသည်။ မန်ဒဲလားသည် တောင်အာဖရိကတွင် အားကောင်း ပြင်းထန်ခဲ့သည့် အသားအရောင် ခွဲခြားမှုကို ဦးဆောင် တိုက်ဖျက်ခဲ့သူ တစ်ဦးလည်း ဖြစ်သည်။

၎င်းသည် (၁၉၉၀) ပြည့်နှစ်က ထောင်မှ လွတ်မြောက်လာပြီးနောက် ကမ္ဘာ့ငြိမ်းချမ်းရေးတွင် ရှေ့ဆောင်ပြ ယုဂ် ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်လာသည်။ မန်ဒဲလားသည် (၁၉၉၄) ခုနှစ်တွင် တောင်အာဖရိက၏ ပထမ ဆုံးသော လူမည်း သမ္မတအဖြစ်လည်း မှတ်တမ်းသစ် ရေးထိုးနိုင်ခဲ့သည်။ ယခုတစ်ကြိမ် ဆေးရုံတက် ရခြင်းသည် ဒီဇင်ဘာလနောက်ပိုင်း မန်ဒဲလား အနေဖြင့် (၄) ကြိမ်မြောက် ကုသမှု ခံယူရခြင်းဟုလည်း သိရှိရသည်။

Source: NewsDay

0 comments:

Post a Comment