Monday, June 17, 2013

Elements Broken Lands

Photo 
Elements Broken Lands ဟာ ထူးဆန်းအံ့သြဖွယ် ကောင်းတဲ့ ကမ္ဘာကြီးတစ်ခုထဲမှာ ကတ်တွေကို အသုံးပြုပြီး တစ်ကောင်နဲ့တစ်ကောင် တိုက်ခိုက်ရတဲ့ ကတ်ဂိမ်း အမျိုးအစားတစ်ခု ဖြစ်ပါတယ်။ ကြီးမား ကျယ်ပြန့်တဲ့ ကမ္ဘာကြီးကို စူးစမ်းလေ့လာပြီး ပဟေဠိတွေနဲ့ ပြည့်နှက်နေတဲ့ ရန်သူအမြောက်အမြားကို ရင်ဆိုင်ကျော်ဖြတ်ရမှာ ဖြစ်ပါတယ်။ ကတ်တွေကို အသုံးပြုပြီး တိုက်ခိုက်ရတာဖြစ်တာကြောင့် တိုက်ခိုက်တဲ့ နေရာမှာ အသုံးပြုမယ့်ကတ်တွေကို လိုသလို Marketplace မှာ ဝယ်တာတွေ၊ ပြန်ရောင်းတာတွေကို စိတ်ကြိုက် လုပ်ဆောင်နိုင်ပါတယ်။ အဲဒီ Marketplace မှာ ဝယ်ယူအသုံးပြုနိုင်တဲ့ ကတ်ပေါင်း ၄၀၀ ကျော် ကို ထောက်ပံ့ပေးထားပါတယ်။ မြေပုံတွေနဲ့ တိုက်ပွဲ အမျိုးအစားပေါင်း ၁၀၀ ကျော်ကို ဖြတ်ကျော် ကစား ရမှာ ဖြစ်ပါတယ်။ အနိုင်ရရှိဖို့အတွက် သင့်ရဲ့ equipment ကတ်တွေကို တိုးပွားလာအောင် လုပ်ဆောင် ကစားရမှာ ဖြစ်တဲ့အပြင် တိုက်ပွဲအတွက် အသုံးဝင်မယ့် Creature ကတ်တွေကိုလည်း စုဆောင်းရပါမယ်။ အဲဒီကတ် အမျိုးအစား ၂ ခုကို ပေါင်းစပ်ပြီး အစွမ်းထက်အောင် ပြုလုပ်နိုင်သလို Boosters တွေကို အသုံးပြုပြီးလည်း ပိုမိုအစွမ်းထက်အောင် ပြုလုပ်နိုင်ပါသေးတယ်။ ပြိုင်ပွဲတွေကို အဆင့်ဆင့် တက်လှမ်းပြီး နောက်ဆုံးမှာ တစ်ကမ္ဘာလုံးအဆင့်ကို ဖြတ်ကျော်ကာ ယှဉ်ပြိုင်နိုင်ပါတယ်။ ဒီ Elements Broken Lands ဂိမ်းကို ကစားဖို့အတွက် iOS 4.3 နဲ့အထက် လိုအပ်ပါတယ်။

Yatanarpon 

0 comments:

Post a Comment