Monday, June 17, 2013

တောင်ကိုရီးယားတွင် ဘေ့စ်ဘော ကစားခဲ့သည့် မီရန်ဒါကားရ်


Photo 
တောင်ကိုရီးယား နိုင်ငံသို့ ရောက်ရှိနေသည့် မီရန်ဒါကားရ် တစ်ယောက် သူမ၏ အလှအပကို မိတ်ကပ် အခြယ်အသ မရှိသည့် ပင်ကိုယ် အနေအထားဖြင့်ပင် ပြသခဲ့ကြောင်း သိရှိရသည်။ မီရန်ဒါသည် ဆိုးလ်ရှိ ဘေ့စ်ဘော ကွင်းကြီးတစ်ခုတွင် ကိုယ်တိုင် ဝင်ရောက် ကစားခဲ့ပြီး ကမ္ဘာပေါ်တွင် ဝင်ငွေ အကောင်းဆုံး၊ အကျော့ရှင်းဆုံး မော်ဒယ်လ်တစ်ဦးဆိုသည့် ဂုဏ်ပုဒ်ကို ဘေးချိတ်ကာ ညစ်ပတ်သော လက်များနှင့်ပင် ပျော်ရွှင်နေခဲ့သည်။

အသက် (၃၀) အရွယ် ရှိပြီဖြစ်ပြီး ခင်ပွန်းသည် မင်းသား အော်လန်ဒိုဘလွမ်းနှင့် ကလေးတစ်ဦး ရရှိထား သည့် မီရန်ဒါသည် ကြာသပတေးနေ့က ဘေ့စ်ဘောကွင်း တစ်ခုတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင် ကစား ကြည့်ခဲ့ခြင်း ဖြစ်သည်။ ထို့နောက် မီရန်ဒါသည် KBO ချန်ပီယံရှစ် ပွဲစဉ်တွင် ဒိုဆန်ဘဲယားစ်နှင့် နီဆက် ဟီးရိုးစ်တို့ ယှဉ်ပြိုင်ရာ၌ ပွဲစဉ်အဖွင့် ဘောလုံးကို ပစ်ပေးခဲ့သည်။ ဂျမ်ဆီလ် ဘေ့စ်ဘောကွင်းကြီး အတွင်းရှိ ပရိသတ်များကလည်း မီရန်ဒါကို အော်ဟစ်အားပေး နှုတ်ဆက်ခဲ့သေးသည်။ မီရန်ဒါသည် မိတ်ကပ် ခြယ်သမှု အနည်းငယ်သာ ပြုလုပ်ထားပြီး ဆံပင်ကို နောက်ပြန်စည်းကာ ပေါ့ပေါ့ပါးပါး ပုံစံသာ ရှိနေခဲ့သည်။

ထို့အပြင် ဘေ့စ်ဘော ဝတ်စုံမှာလည်း သူမ၏ ခန္ဓာကိုယ် အလှကို ပေါ်လွင်ခြင်း မရှိစေသည့် ခပ်ဖားဖားကြီး ဖြစ်နေသည်။ မီရန်ဒါသည် တောင်ကိုရီးယားသို့ မကြာသေးမီ ရက်ပိုင်းအတွင်းက ရောက်ရှိနေကာ Yves Saint Laurent အလှကုန်အတွက် မိတ်ကပ် Promotion တာဝန်ခံအဖြစ် ပါဝင်ခဲ့သည်။ ဩစတြေးလျသူ အလှမယ်သည် ယခုလ အစောပိုင်းကလည်း နယူးယော့ခ်တွင် Gillette Venus Set Up & Step Out Tour ၌ ပါဝင် ကိုယ်ဟန်ပြခဲ့သေးသည်။

Source: DailyMail

0 comments:

Post a Comment