Tuesday, June 11, 2013

လီဝင်ဒေါစကီးနှင့် ဖာဘရီဂက်စ်တို့ အတွက် ယုံကြည်ချက် အပြည့် လှုပ်ရှားနေသည့် မန်ချက်စတာ ယူနိုက်တက်


မန်ချက်စတာ ယူနိုက်တက် အသင်းသည် ဆက်စ်ဖာဘရီဂက်စ်နှင့် ရောဘတ် လီဝင်ဒေါစကီးတို့ကို ခေါ်ယူရေး ပိုမို ယုံကြည်ချက် ပြည့်ဝစွာ လှုပ်ရှားနေကြောင်း သိရှိရသည်။


ဘာစီလိုနာ ကွင်းလယ် ကစားသမား ဖာဘရီဂက်စ်ရော၊ ဘိုရပ်ရှားဒေါ့တ်မန် တိုက်စစ်မှူး လီဝင်ဒေါစကီးပါ ယူနိုက်တက် မန်နေဂျာသစ် ဒေးဗစ်မိုယက်စ်နှင့် အလုပ်တွဲလုပ်ရန် ပြဿနာ မရှိဟု ယူဆ နေသည့်နောက် အင်္ဂလန် ချန်ပီယံ အသင်းသည် ဈေးကွက်ထဲတွင် အထင်ကရ ဝယ်ယူမှုများ ပြုလုပ်ရန် ခြေတစ်လှမ်း တိုးလာပြီ ဖြစ်သည်။ လီဝင်ဒေါစကီးကို ဘိုင်ယန်မြူးနစ်ကလည်း စိတ်ဝင်စား နေသည့်တိုင် ဒေါ့တ်မန်က ၎င်းတို့၏ အထင်ကရ ကစားသမားကို ပြည်တွင်း ပြိုင်ဘက်ထံ လုံးဝ ရောင်းချမည် မဟုတ်ဟု ကြေညာခဲ့ပြီး ယူနိုက်တက်နှင့် ညှိနှိုင်းမှုများ ပြုလုပ်လျှင်မူ လက်ခံမည်ဟု အသိ ပေးခဲ့သည်။



ဖာဘရီဂက်စ်မှာ ဘာစီလိုနာတွင် ပုံမှန်ပွဲထွက်ခွင့်အတွက် ရုန်းကန်နေရပြီး အသက်(၂၆)နှစ်ရှိ ကစားသမားကို ယခင်ကလပ်ဟောင်း အာဆင်နယ်ကလည်း ပြန်လည် ခေါ်ယူခြင်း မပြုဟု ငြင်းဆန်ထားသည်။ ဖာဘရီဂက်စ်သည် အာဆင်နယ်သို့ သတ်မှတ် ပြောင်းရွှေ့ကြေး တစ်ရပ်ဖြင့် ပြန်လည်ပြောင်းရွှေ့ခွင့် ဆိုသော အချက်ကို စာချုပ်တွင် ထည့်သွင်း ချုပ်ဆိုထားသည်။ ယူနိုက်တက်သည် အသင်း၏ ရာသီကြို ခြေစမ်း ခရီးစဉ်များ မတိုင်မီ အဆိုပါ ကစားသမားသစ် နှစ်ဦးလုံးကို ခေါ်ယူ သွားနိုင်ရန် မျှော်လင့်နေသည်။

ယခုနွေရာသီတွင် အသင်းပြောင်းမည်ဟု သတင်းထွက်နေသည့် ဂိုးသမား ဒေးဗစ် ဒီဂီယာကလည်း မိမိသည် မိုယက်စ်လက်အောက်တွင် ဆက်လက် ရှိနေလိုကြောင်း ဝန်ခံခဲ့သည်။ "သေချာတာကတော့ ကျွန်တော် လောလောဆယ် ယူနိုက်တက်နဲ့အတူ ရာသီသစ်အတွက် ပြင်ဆင်နေပါတယ်။ ဆာအဲလက်စ် ဖာဂူဆန် ထွက်ခွာသွားတာ အံ့ဩစရာပါ။ ဒါပေမဲ့ အသင်းကို ပြန်ရောက်လို့ မိုယက်စ်နဲ့ အလုပ်တွဲလုပ်ရတဲ့အခါ ကျေနပ်စရာ ဖြစ်မယ်ဆိုတာ ကျွန်တော်တို့ သိပြီးသားပါ"ဟု ဒီဂီယာက ပြောကြားသွားသည်။
ဘာစီလိုနာ ကွင်းလယ် ကစားသမား ဖာဘရီဂက်စ်ရော၊ ဘိုရပ်ရှားဒေါ့တ်မန် တိုက်စစ်မှူး လီဝင်ဒေါစကီးပါ ယူနိုက်တက် မန်နေဂျာသစ် ဒေးဗစ်မိုယက်စ်နှင့် အလုပ်တွဲလုပ်ရန် ပြဿနာ မရှိဟု ယူဆနေသည့်နောက် အင်္ဂလန် ချန်ပီယံ အသင်းသည် ဈေးကွက်ထဲတွင် အထင်ကရ ဝယ်ယူမှုများ ပြုလုပ်ရန် ခြေတစ်လှမ်း တိုးလာပြီ...
Ref: Daily Mail

0 comments:

Post a Comment