Monday, June 10, 2013

ဗီယက်နမ် နိုင်ငံတွင် ခြေစမ်းပွဲများ ကစားရန် ရောက်ရှိနေသည့် ပဏာမ မြန်မာ့ လက်ရွေးစင် ယူ-၂၃ အသင်းသည် ဒေသ စံတော်ချိန် ညနေ(၃း၄၅) နာရီ၊ မြန်မာ စံတော်ချိန် ညနေ(၃း၁၅)နာရီက ဗီယက်နမ် V-League ကလပ် Dong Nai အသင်းနှင့် ခြေစမ်း ကစားခဲ့ရာ (၃-၁)ဂိုးဖြင့် အရေးနိမ့် သွားခဲ့ကြောင်း သတင်းရရှိသည်။

မြန်မာ အသင်းသည် ယနေ့ပွဲစဉ်တွင် ချစ်မင်းစိုးနှင့် စိုးပိုင်သွေးကို ရှေ့တွင်ထားပြီး ရဲဇော်ထက်အောင်၊ ရဲလင်းအောင်၊ စိုးကျော်ကျော်၊ နန္ဒလင်းကျော်ချစ် တို့ကွင်းလယ်နှင့် နောက်တန်းတွင် သက်နိုင်၊အောင်ဇော်၊ဖြိုးကိုကိုသိန်း၊ စည်သူအောင်၊ ဂိုးသမားအဖြစ် ကျော်ဇင်ဖြိုး တို့ကို ပွဲထွက်စာရင်းတွင် ထည့်သွင်းကာ ယခင်ပွဲများနှင့်မတူ လူငယ်သွေးသစ်များကို ဦးစားပေး ယှဉ်ပြိုင်ကစားခဲ့သည်။ ဗီယက်နမ်ကလပ် ဒေါင်နန်း အသင်းတွင် နိုင်ငံခြားသား အမာခံ ကစားသမားများ ဖြစ်သည့် နယ်သာလန် ကစားသမားများ၊ မာလီနှင့် နိုင်ဂျီးယား ကစားသမားများကို ပွဲထွက် ကစားစေခဲ့ကြောင်း သိရသည်။

အဆိုပါ ခြေစမ်းပွဲတွင် နိုင်ဂျီးယား ရှေ့တန်းလူ ဗစ်တာက ပွဲချိန် ၁၃ မိနစ်တွင် ခေါင်းတိုက်ဂိုးဖြင့် လည်းကောင်း၊ ပွဲချိန် ၂၆ မိနစ်တွင် အနီးကန်ချက်ဖြင့် လည်းကောင်း၊ ပွဲချိန် ၆၇ မိနစ်တွင် ပင်နယ်တီမှ လည်းကောင်း ဟက်ထရစ် သွင်းယူခဲ့ပြီး မြန်မာအသင်းအတွက် တစ်လုံးတည်းသော ချေပဂိုးကို ပွဲချိန် ၇၈ မိနစ်တွင် ဒွေးကိုကိုချစ်မှ ခေါင်းတိုက် သွင်းယူခဲ့ခြင်း ဖြစ်သည်။


မြန်မာ ယူ-၂၃ အသင်းသည် ယနေ့ပွဲစဉ်တွင် အတွေ့အကြုံလိုအပ်သေးသည့် လူငယ်အများစုကို အဓိက သုံးစွဲခဲ့ခြင်း ဖြစ်ကြောင်း၊ ကြံ့ခိုင်မှု အနေအထားအရ လိုအပ်မှုများ ရှိနေသေးကြောင်း၊ ပွဲကစားချိန်အတွင်း မိုးများ သည်းထန်စွာ ရွာသွန်းနေပြီး ကောင်းစွာ မကစားနိုင်ခဲ့ကြကြောင်း ဗီယက်နမ်သို့ လိုက်ပါသွားသည့် မြန်မာအသင်း မီဒီယာ တာဝန်ခံ ဦးစိုးမိုးကျော်က သတင်းပို့သည်။

မြန်မာ ယူ-၂၄ ပဏာမ လက်ရွေးစင် အသင်းအနေဖြင့် လာမည့် မေလ ၁၁ ရက်နေ့ ဒေသစံတော်ချိန် ညနေ ၅ နာရီ ၃၀ မိနစ်တွင် ဗီယက်နမ် ယူ-၂၃ အသင်းနှင့်ခြေစမ်းမည် ဖြစ်သည်။ ဗီယက်နမ် ယူ-၂၃ အသင်းတွင် ပြင်သစ်လိဂ်-၂ ကစားသမားတစ်ဦး ပါဝင် နေပြီး ဂျပန်ကလပ် ကာရှီးမား အန်တလာနှင့် ဇွန်(၄)ရက်နေ့ ခြေစမ်းပွဲစဉ်က ၂-၂ ဂိုး သရေ ရလဒ် ထွက်ပေါ်ခဲ့သည်။

0 comments:

Post a Comment