Sunday, June 30, 2013

တရုတ်နိုင်ငံ အရှေ့ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်း လူပေါင်း ၆၆၆ဝဝဝ ကျော်ဒုက္ခရောက်


ဟန်ကျိုး ဇွန် ၂၉

တရုတ်နိုင်ငံတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နိုင်ငံ အရှေ့ပိုင်း ဇီကျန်းပြည်နယ်ရှိ စီရင်စု ၂၅ စုမှ လူပေါင်း ၆၆၆ဝဝဝ သို့ သက်ရောက်မှုများ ရှိခဲ့ကြောင်း ဒေသတွင်း အာဏာပိုင်များက ဇွန် ၂၉ ရက် ညနေပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ရေလွှမ်းမိုးမှုကြောင့် ဒေသခံ ပြည်သူပေါင်း ၅၆၇၄ ဦး မှာ ဒေသတွင်းမှ ပြောင်းရွှေ့ ခဲ့ရကြောင်း ရေလွှမ်းမိုးမှုနှင့် မိုးခေါင်မှု ဒုက္ခသည်များ ကယ်ဆယ်ရေး ဌာနချုပ်၏ ထုတ်ပြန်ချက် အရ သိရသည်။ မိုးရွာသွန်းမှုကြောင့် ဒေသတွင်းရှိ အိမ်ပေါင်း ၃၃၅ လုံး ပျက်စီးခဲ့ပြီး၊ လယ်မြေဧကပေါင်း ၂၂၂ဝဝ ဟက်တာမှာ ရေလွှမ်းမိုးမှု ခံခဲ့ရသောကြောင့် တန်ဖိုးပေါင်း ယွမ် ၅၂၅ မီလျံခန့် ဆုံးရှုံးခဲ့သည်။ အဆိုပါပြည်နယ် ရှိ မိုးလေဝသဌာန၏ ထုတ်ပြန်ချက်အရ တောင်ကျရေများကြောင့် အချို့သော နေရာများတွင် မြေပြိုမှုများ ဖြစ်ပေါ် နိုင်ကြောင်း သိရသည်။

0 comments:

Post a Comment