ကိုယ်၏ဆင်းရဲခြင်း(၄)မျိုးအပေါ် စိတ်၏ဆင်းရဲခြင်း(၄)မျိုးထပ်ဆင့်ခံစားနေရသည်။ ထိုးဆင်းရဲခြင်းဖြစ်သော ဒုက္ခ-ဒုက္ခကို ရှင်းပြခဲ့ပြီးဖြစ်သည်။
ထိုဆင်းရဲခြင်းအပြင် နောက်ထပ်ဆင်းရဲခြင်းဖြစ်သော ၀ိပရိနာမဒုက္ခကို ထပ်မံရှင်းပြပါအုံးမယ်။ ၀ိပရိနာမဒုက္ခဆိုသည်မှာ တပြောင်းပြောင်းတလဲလဲ ဖြစ်နေသောဆင်းရဲကိုခေါ်သည်။ အခု ဆင်းရဲလိုက် အခုချမ်းသာလိုက်၊ အခုချမ်းသာလိုက် အခုဆင်းရဲလိုက် ဖြစ်နေခြင်း ကိုခေါ်သည်။
(၃၁)ဘုံသား သတ္တ၀ါတို့သည် စိတ်၏ဆင်းရဲခြင်း(၄)မျိုးနှင့် ကိုယ်၏ဆင်းရဲခြင်းများကို ခံစားနေရသည့်အပြင် တပြောင်းပြောင်းတလဲလဲ ဖြစ်နေသော ၀ိပရိနာမဒုက္ခကိုလည်း ထပ်မံခံစားနေရပြန်ပါသည်။ ထိုဒုက္ခသစ္စာ အတုနှစ်မျိုးနှင့်ပင် (၃၁)ဘုံးသားတို့သည် လိမ့်နေအောင် ခံနေရပြီဖြစ်သည်။ ကျွန်တော် တပည့်တော်က ထပ်မံပြီး အစစ်ဒုက္ခ မြတ်စွာဘုရားများနှင့် အရိယာသူတော်ကောင်းတွေကို တောင်အလွတ်မပေးတဲ့ ဒုက္ခကို ဆက်လက်ဖော်ထုတ် တင်ပြမည်ဟု ဆိုနေပြန်သည်။
ဆက်လက်၍ရှင်းသော်
အတုဒုက္ခကို ယောဂီတို့ မြင်လို့ နိဗ္ဗာန်မရနိုင်ပါဘူး။ အများဆုံးရ သံဝေဂပါပဲ။
ဒုက္ခသစ္စာ အစစ်ကို မြင်ပါက ယောဂီသည် သုခအစစ်ကိုရပါသည်။ နိဗ္ဗာန်ကိုရပါသည်။
ယောဂီများခင်ဗျာ မြတ်စွာဘုရားသည် ချစ်သားတို့ ဒုက္ခသစ္စာကို သိ၍ ငါဘုရားဖြစ်တာဟု ဆိုခဲ့သည်။ ကျွန်တော် တပည့်တော်ပြောချင်သည်မှာ အစစ်ကို မသိ၍ ကိစ္စမပြီးကြ ခြင်းဖြစ်ပါသည်။

0 comments:
Post a Comment