Wednesday, June 26, 2013

သမီးအား စာလိုက်ပေးဖူးသူကို ဓားဖြင့်ထိုးသတ်



တွံတေး၊ ဇွန် ၂၅။

တွံတေးမြို့နယ် အိုးဖိုးအနောက်ရပ်ကွက် စည်ပင်သာယာလမ်းတွင် ဇွန်လ ၂၄ ရက်နေ့ နေ့လည် ဆယ်နာရီ ခွဲခန့် ၌ သမီးအား ရည်စားစကား လိုက်ပြောဘူးသော အသက်(၁၇)နှစ်အရွယ် လူငယ်တစ်ဦးအား ကောင်မလေး ၏ ဖခင်ဖြစ်သူက ခေါ်၍ ဓားဖြင့် ထိုးလိုက်သောကြောင့် သေဆုံးသွားကြောင်း တွံတေးမြို့ နယ် ရဲစခန်းမှ သိရသည်။

သေဆုံးသူ စိုးမိုးကျော်သည် မအူပင်မြို့နယ် ထနီးကျေးရွာအုပ်စု ကြုံဝကျေးရွာတွင် နေထိုင်သူဖြစ်ပြီး တွံတေး မြို့ ငွေပုဇွန်ငါးဒိုင်၌ ငါရောင်း၍ အပြန်တွင် ဓားထိုးခံရပြီး ဆေးရုံးတွင် သေဆုံးခြင်းဖြစ်ကြောင်း မြို့နယ် ရဲ စခန်းမှ အရာရှိတစ်ဦးက ပြောကြားသည်။

“ကောင်လေးသွားတဲ့ အိမ်က ကောင်မလေးအိမ်နဲ့ အိမ်သုံးလုံးလောက်ပဲ ကွာတယ်။ အရင်နေ့တွေက ကောင်မလေးကို စာလိုက်ပေးလို့ သူ့အဖေကခေါ်ပြီး

ပြောထားဖူးတယ်တဲ့။ အဲဒီနေ့က သုံးလေးခေါက်လောက် ဆိုင်ကယ်နဲ့ဖြတ်သွားတော့ မထီမဲ့မြင် လုပ်တယ်ဆိုပြီး ခေါ်ပြီးဓားနဲ့ထိုးလိုက်တာ”ဟုယင်းက ဆက်လက်ပြောကြားသည်။

၎င်းကိစ္စအား တွံတေးမြို့နယ် ရဲစခန်းမှ (ပ) ၂၅၄/၁၃ ပုဒ်မ(၃၀၂)ဖြင့် အမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပိုင်လေး

0 comments:

Post a Comment