Wednesday, June 12, 2013

ရွှေတိဂုံ စေတီတော် ဆီမီးခုံ စေတီရံ များနှင့် ရွှေဇ၀ါယွန်း မျက်နှာကြက် ပြုပြင်မည်

လာမည့် ပွင့်လင်းရာသီတွင် ရွှေတိဂုံ စေတီတော်ရှိ ဆီမီးခုံ စေတီရံ ၁၉ ဆူကို ရွှေသင်္ကန်း ကပ်လှူခြင်းနှင့် ပြုပြင် မွမ်းမံခြင်း များ ဆောင်ရွက် မည် ဖြစ်သည်။ ထိုသို့ မွမ်းမံရာ၌ မူလက ကမ္ပည်းမော်ကွန်း ရေးထိုး ထားသော အလှူရှင် များသည် ဆက်လက်ထိန်းသိမ်း လှူဒါန်း လိုပါက ဂေါပက အဖွဲ့သို့ စက်တင်ဘာ ၃၁ ရက် နောက်ဆုံးထား၍ ဆက်သွယ် လှူဒါန်း နိုင်ကြောင်း သိရသည်။

ထို့အပြင် ရွှေတိဂုံ စေတီတော် အရှေ့ဘက် စောင်းတန်း မျက်နှာကြက်ရှိ ပျက်စီးနေသော ရွှေဇ၀ါယွန်း မျက်နှာကြက် စတုရန်းပေ နှစ်ထောင်ခန့် ကိုလည်း  မူလပန်းချီ လက်ရာမပျက် Alu-minium Composite ဖြင့် အသစ် အစားထိုး လဲလှယ် ဆောင်ရွက်သွားမည် ဖြစ်သည်။ လုပ်ငန်း ဆောင်ရွက်ရန် ဈေးပြိုင်တင်ဒါ တင်သွင်း လိုသူများ အနေဖြင့် တင်ဒါ ပုံစံနှင့် စည်းကမ်းချက် တို့ကို တစ်စုံလျှင် ငွေကျပ် တစ်သောင်းဖြင့် စေတီတော် ဂေါပက အဖွဲ့ရုံး၌ ဇွန် ၁၇ ရက်မှ ၁၉ ရက် (ရုံးချိန်) အတွင်း ၀ယ်ယူ ရရှိနိုင်ကြောင်း သိရသည်။ အသေးစိတ် အချက် အလက်များ သိရှိလိုပါက ရွှေတိဂုံ စေတီတော် ဂေါပက အဖွဲ့ရုံး ဖုန်း-၀၁-၃၈၃၅၁၁ လိုင်းခွဲ (၂၈၂) နှင့် ၀၁-၃၇၅၇၆၇ တို့သို့ ရုံးချိန်အတွင်း ဆက်သွယ် စုံစမ်းနိုင်ကြောင်း သိရသည်။

0 comments:

Post a Comment