Saturday, June 29, 2013

အတိုက်အခံ တပ်ဖွဲ့များ ထံသို့ လက်နက် ပေးပို့ ခြင်းသည် အန္တရာယ် များကြောင်း အိန်ဂျလာမာကယ်လ် ပြောကြား






ဘာလင် ဇွန် ၂၇

ဆီးရီးယား သမ္မတ ဘာရှာအယ်လ် အာဆတ်ကို ရာထူးမှ ဖြုတ်ချရန်အတွက် တိုက်ခိုက်မှုများ လုပ်ဆောင် နေသော ဆီးရီးယား အတိုက်အခံ တပ်ဖွဲ့များ ထံသို့ လက်နက်များ ပေးပို့မှုသည် အန္တရာယ် များကြောင်း ဂျာမနီ ဝန်ကြီးချုပ် အိန်ဂျလာ မာကယ်လ်က ဇွန် ၂၇ ရက်တွင် သတိပေး ပြောကြား ခဲ့ကြောင်း သိရသည်။

ဗြိတိန်၊ ပြင်သစ်နှင့်အမေရိကန်တို့က ဆီးရီးယား အစိုးရ တပ်ဖွဲ့နှင့် ဟဇ်ဘိုလာ မဟာမိတ် အဖွဲ့များ၏ ပြင်းထန်သော ခုခံမှုများ ကိုရင်ဆိုင်နေရသော အတိုက်အခံ တပ်ဖွဲ့များထံ လက်နက်ပေးပို့ရန် ဆုံးဖြတ်ချက်ကို နားလည်ကြောင်း၊ သို့ရာတွင် ယင်းကဲ့သို့ လုပ်ဆောင်ခြင်းသည်အလွန်အန္တရာယ် များကြောင်း မာကယ်လ်က အထက်လွှတ်တော် အား ပြောကြား ခဲ့ခြင်းဖြစ်သည်။

မာကယ်လ်သည် ယင်းသို့ပြောကြား ရခြင်း၏ အကြောင်းအရင်းကို ထုတ်ဖော် ပြောကြားခဲ့ခြင်း မရှိသော်လည်း အနောက် နိုင်ငံများက ပေးပို့သည့် လက်နက်များသည် ပြည်တွင်းစစ်ကို ပြတ်သား စွာ ဖြေရှင်းခြင်းမရှိဘဲ ပဋိပက္ခကို ပိုမိုရှည်ကြာ စေမည်ကို စိုးရိမ်လျက် ရှိပြီး လေယာဉ်ပစ်ဒုံးကျည်များ အပါအဝင် အနောက်နိုင်ငံမှ ပေးပို့သော လက်နက်များသည် အတိုက်အခံတပ်ဖွဲ့ များထံ သို့ ရောက်ရှိသွားပါက ၎င်းတို့သည် လက်နက်များကိုအသုံးပြု၍ တစ်နေ့နေ့ တစ်ချိန်ချိန်တွင် အနောက်နိုင်ငံ အပေါ် တိုက်ခိုက်မည်ကို စိုးရိမ်လျက်ရှိသည်ဟု ကျွမ်းကျင်သူများက ယူဆ လျက်ရှိ သည်။

0 comments:

Post a Comment