Tuesday, June 11, 2013

လက်တစ်ကမ်းအကွာသို့ ရောက်ရှိနေပြီ ဖြစ်သည့် ပြည်တွင်း ငြိမ်းချမ်းရေးကို လက်လွတ်မခံဘဲ အမိအရ ဆုပ်ကိုင်ပြီး မိမိတို့လက်ထက်မှာ ငြိမ်းချမ်းရေး သမိုင်းမှတ်တိုင်တစ်ခု စိုက်ထူသွားရန်

(၁) အောက်ခြေတွင် ပစ်ခတ်တိုက်ခိုက်မှုအချို့ ရှိနေသေးသည်ကို လုံးဝရပ်စဲ သွားအောင် နားလည်မှုရှိရှိဖြင့် နှစ်ဘက်ညှိနှိုင်း ဆောင်ရွက်သွားကြမည်၊


(၂) တပ်များနေရာချထားရေး၊ အိုးအိမ်များ ပြန်လည်ထူထောင်ရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ရှာဖွေရေး၊ စားရေရိက္ခာ အကူအညီပေးရေးလုပ်ငန်းနှင့် ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များကို အတတ်နိုင်ဆုံး ညှိနှိုင်း ပူးပေါင်း၍ ဆောင်ရွက် ပေးသွားမည်၊

(၃) နယ်မြေဒေသအားလုံး တည်ငြိမ်အေးချမ်းသွားလျှင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး
လက်မှတ်ရေးထိုးမည်၊

(၄) လက်မှတ်ရေးထိုးပြီးပါက ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲများကို ပြည်သူ့ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် လွှတ်တော်သို့ တင်ပြ၍ လွှတ်တော်၏ အစီအစဉ်ဖြင့် ဆက်လက် ဆောင်ရွက်သွားကြမည်။
-------------------------------------------------------------------------------------

နှစ်ပေါင်း ကြာရှည်ခဲ့ပြီဖြစ်သည့် တိုင်းရင်းသား အချင်းချင်း လက်နက်ကိုင်ပဋိပက္ခကို မိမိတို့ လက်ထက်တွင် အဆုံးသတ်ပြီး မိမိတို့ သားသမီးများလက်သို့ ငြိမ်းချမ်းသော အမွေကိုသာ လွှဲပြောင်းပေးခဲ့ လိုပါကြောင်း၊ ယခုအခါ တစ်ပြည်လုံးငြိမ်းချမ်းရေးသည် လက်တစ်ကမ်း အကွာသို့ ရောက်ရှိနေပြီ ဖြစ်ပါကြောင်း၊ အောက်ခြေတွင် ပစ်ခတ်တိုက်ခိုက်မှုအချို့ ရှိနေသေးသည်ကို လုံးဝရပ်စဲ သွားအောင် နားလည်မှုရှိရှိဖြင့် နှစ်ဘက်ညှိနှိုင်း ဆောင်ရွက် သွားကြမည်ဖြစ်ပါကြောင်း၊

လက်တစ်ကမ်းအကွာသို့ ရောက်ရှိနေပြီ ဖြစ်သည့် ပြည်တွင်း ငြိမ်းချမ်းရေးကို လက်လွတ်မခံဘဲ အမိအရ ဆုပ်ကိုင်ပြီး မိမိတို့လက်ထက်မှာ ငြိမ်းချမ်းရေး သမိုင်းမှတ်တိုင်တစ်ခု စိုက်ထူသွားရန် ဖြစ်ပါကြောင်း။

တပ်များနေရာချထားရေး၊ အိုးအိမ်များ ပြန်လည်ထူထောင်ရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ရှာဖွေရေး၊ စားရေရိက္ခာ အကူအညီပေးရေးလုပ်ငန်းနှင့် ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များကို မိမိတို့ အစိုးရအဖွဲ့အနေဖြင့် အတတ်နိုင်ဆုံး ညှိနှိုင်း ပူးပေါင်း၍ ဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း၊

မိမိတို့သည် မျိုးဆက်သစ်များအတွက် ငြိမ်းချမ်းသော အနာဂတ် ပို၍ကောင်းမွန် ပြည့်စုံသော အနာဂတ်ကို ဖန်တီးပေးနိုင်ရန် ကြိုးပမ်း ဆောင်ရွက် နေခြင်းသာ ဖြစ်သည်ကို နားလည်သဘောပေါက် စေလိုပါကြောင်း၊

နယ်မြေဒေသ အားလုံး တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်း ရှိသွားပြီဖြစ်ပါက ငြိမ်းချမ်းရေး အဖွဲ့အားလုံး နေပြည်တော် (သို့မဟုတ်) အခြားသင့်လျော်သည့် တစ်နေရာရာတွင် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းအဖွဲ့နှင့် တွေ့ဆုံပြီး အားလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးလက်မှတ်ရေးထိုး သွားကြမည် ဖြစ်ပါကြောင်း။

လက်မှတ်ရေးထိုးပြီးပါက အားလုံးနှင့် သက်ဆိုင်သည့် နောက်ဆက်တွဲ ဆောင်ရွက်ဖွယ်ရာ များကို မိမိဆောင်ရွက်ရမည့် အပိုင်းမှ ဥပဒေနှင့်အညီ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊

ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲများကို ပြည်သူ့ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် လွှတ်တော်သို့ တင်ပြ၍ လွှတ်တော်၏ အစီအစဉ်ဖြင့်သာ ဆောင်ရွက်သွားကြမည် ဖြစ်ပါကြောင်း။

[နိုင်ငံတော်သမ္မတကြီး၏ ၁၀-၆-၂၀၁၃ ရက်နေ့ ပြောကြားချက်မှ]


မြ၀တီ

0 comments:

Post a Comment