ရခိုင်အဆိုတော် ဒိုးရီ ၏ ဇနီးဖြစ်သူ မဥမ္မာထွန်း အသတ်ခံရ
ရခိုင်တေးသံရှင် ဒိုးရီ ၏ ဇနီးဖြစ်သူ မဥမ္မာထွန်း (၃၂-နှစ်) မှာ ယနေ့ ၂၀၁၃-ခုနှစ် ဇွန်လ (၁၇) ရက်နေ့ ညနေ (၆) နာရီခန့်တွင် အိမ်နီးချင်းတစ်ဦး၏ ဓါးဖြင့်ထိုးသတ်ခြင်းခံရပြီး သေဆုံးသွားခဲ့သည်။
အဆိုပါ လူသတ်တရားခံ ဖြစ်သည်ဆိုသော ဦးမောင်တုတ် နှင့် မနေက တစ်ကြိမ် နှင့် ယနေ့နေ့လယ်ပိုင်းက တစ်ကြိမ် ကိုဒိုးရီတို့ လင်မယား နှင့် စကားများခဲ့ကြပြီးနောက် ညနေပိုင်းတွင် မဥမ္မာထွန်းမှာ ဦးမောင်တုတ်၏ ဓါးဖြင့် ထိုးသတ်ခြင်းကို ခံခဲ့ရသည် ဟု ဆိုသည်။
တရားခံဖြစ်သူအား ယခု အချိန်အထိ ဖမ်းဆီးမိခြင်းမရှိသေးဘဲ ထွက်ပြေးလွတ်မြောက်လျက်ရှိနေသေးသည်။
ကွယ်လွန်သူ မဥမ္မာထွန်းတွင် ကလေးသုံးယောက် ကျန်ရစ်ခဲ့ပြီး၊ အငယ်ဆုံးကလေးမှာ အသက်သုံးနှစ် အရွယ်မျှသာ ရှိသေးသည်။
သတင်းနောက်ဆက်တွဲ
ကွယ်လွန်သူ မဥမ္မာထွန်းအား ဘန်ဘက်ခါ သင်္ဂြုံလ်မည်ဖြစ်ပြီး၊ ဒိုးရီအား ချစ်ခင်သူများက ၄င်း၏ ဇနီးဈာပနတွင် စုပေါင်းကူညီ လှူဒါန်းပါဝင်ဆောင်ရွက်ပေးကြမည် ဖြစ်သည့်အတွက် အောက်ပါ လူပုဂ္ဂိုလ်များ ဖုန်းနံပါတ်များထံ ဆက်သွယ်လှူဒါန်းနိုင်သည် ဟု အကြောင်းကြားကြပါသည်။
ဦးထွန်းအောင်စိန် - ၀၉၄၂၁၇၅၇၃၆၃
ကိုနိုင်စိုး - ၀၉၄၂၁၇၆၀၁၃၉
ကိုထွန်းလင်း - ၀၉၃၆၀၉၄၅၉၈
ကိုအောင်ကျော်သန်း - ၀၉၄၂၁၇၁၂၄၁၇

0 comments:
Post a Comment