မလေးရှားနိုင်ငံ ကပုန်းဘုန်းကြီးကျောင်း တွင်ခိုလှုံနေရသူ၂၅ ဦး ရန်ကုန်သို့ ပြန်လည်ရောက်ရှိ
ရန်ကုန် ဇွန် ၁၇ မလေးရှားနိုင်ငံ ကပုန်း ဘုန်းကြီးကျောင်းတွင် ခိုလှုံနေရသူများအနက် ၂၅ ဦးသည် ဧရာဝတီဖောင်ဒေးရှင်း၏ အစီအစဉ်ဖြင့် ယနေ့ နေ့လည်ပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ အဆိုပါ ၂၅ ဦးအနက် နိုင်ငံကူးလတ်မှတ်ပါရှိသူ ၈ ဦးသာ ရှိပြီး ဓားဒဏ်ရာ ၆ ချက်ဖြင့် ဗိုက်ခွဲစိတ်ခံထားရသူ ၁ ဦး ပါရှိသည် ။ ပြန်လည် ရောက်ရှိလာသူ ၂၅ ဦးကို ဧရာဝတီဖောင်ဒေးရှင်းမှ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးသွားမည်ဖြစ်ပြီး ဓားဒဏ်ရာ ရရှိထားသူ ကိုထွန်းမော်သိန်းအား ဒဏ်ရာပျောက် ကင်းသည် အထိ ၀ိတိုရိယ ဆေးရုံတွင် ဆေးကုသပေးသွားမည်ဟု သိရသည်။ PN - 055 Popular Myanmar News Journal — မလေးရှားရှိဘုန်းကြီးကျောင်းတွင်ခိုလှုံနေသူ၂၅ ဦး ရန်ကုန်ပြန်ရောက် (4 photos)








0 comments:
Post a Comment