17 Jun, 2013
ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကမ်းမြို့နယ်ရှိ အေးရှားဝေါဆိပ်ခံတံတားရေပြင်ပေါ်၌ လူသေအလောင်း တစ်လောင်းတွေ့ရှိခဲ့သည်ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက သိရှိရသည်။
အဆိုပါ လူသေအလောင်းကို ၂၀၁၃ ခုနှစ် ဇွန်လ ၁၆ရက်နေ့ နေ့လည် ၂နာရီတွင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ရန်ကုန် ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကာ ပီအာ ၂၀၄ ဖြင့် လက်ခံထားကြောင်း သိရသည်။
သေဆုံးသူမှာ ဒဂုံမြို့သစ်တောင်ပိုင်း၊ ကွင်းမကျေးရွာ (၂၂)ရပ်ကွက်တွင် နေထိုင်သူ (ကောင်းကျော်)ဖြစ်ပြီး ဇွန်လ (၁၄)ရက်နေ့တွင် အမှတ် (၈)အထပ်သားစက်ရုံတွင် လုပ်ငန်းခွင်ဝင်ရောက်နေစဉ် အရက်သေစာ သောက်စား ထားခြင်းကြောင့် မူးယစ်ကာဆိပ်ခံဗောတံတားတွင် ဆိုက်ကပ်ထားသော သဇင်စီဘီတွဲပေါ်မှ သစ်လုံးများ ချရန် စတီးကြိုးဖြင့်ချိန်စဉ် ရေထဲပြုတ်ကျသေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့ရုံးမှ သတင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ထိုကဲ့သို့ ရေထဲပြုတ်ကျခဲ့ခြင်းမှာ ၂၀၁၃ ခုနှစ် ဇွန်လ ၁၄ရက်နေ့တွင်ဖြစ်ပေါ်ခဲ့ပြီး ၂ရက်တာကြာမြင့်ချိန်မှ သေဆုံးသည့် အလောင်းအား တွေ့ရှိခဲ့ခြင်းဖြစ်သည်။
အဆိုပါသေဆုံးမှုမှာ ပုံမှန်သေဆုံးမှု ဟုတ်မဟုတ် စစ်ဆေးနိုင်ရန် ဆိပ်ကမ်းမြို့နယ် ဒုရဲအုပ် ဇော်လှိုင်ဦးက တရားလိုပြုလုပ်၍ သေမှုသေခင်းအမှတ်စဉ် ၂၄/၁၃ ဖြင့် ဇွန် ၁၆ ရက်နေ့တွင် အမှုဖွင့်ထားကာ ရဲအုပ် စိုးဝင်းသန်း (စခမ)မှ စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။

0 comments:
Post a Comment