Saturday, June 29, 2013

နေ့စဉ်မိုးလေ၀သသတင်း


(၂၀၁၃ ခုနှစ်၊ ဇွန်လ(၂၉)ရက်နေ့ မွန်းလွဲ(၂း၀၀)နာရီအချိန် ထုတ်ပြန်ချက်)



ယနေ့နံနက်(၀၉း၃၀)နာရီအချိန်ထိမိုးလေ၀သတိုင်းထွာချက်အကျုဉ်းချုပ်။လွန်ခဲ့သော(၂၄)နာရီအတွင်း

ကစစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတွင်တိမ်အသင့်အတင့်ဖြစ်ထွန်းခဲ့ပြီး၊မကွေးတိုင်းဒေသကြီးနှင့်ကယား

ပြည်နယ် တို့တွင် နေရာ ကွက်ကျား၊ မန္တလေးတိုင်းဒေသကြီး နှင့် ရှမ်းပြည်နယ်တို့တွင်နေရာကျဲကျဲ၊

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ကချင်ပြည်နယ်နှင့်ချင်းပြည်နယ်တို့တွင်နေရာစိပ်စိပ်နှင့်ကျန်တိုင်းဒေ

သကြီး နှင့် ပြည်နယ်တို့တွင် နေရာအနှံအပြား မိုးထစ်ချုန်းရွာခဲ့ကာ၊ ရခိုင်ပြည်နယ်တွင်ဒေသအလိုက်

မိုးကြီးခဲ့ပါသည်။ မှတ်သားဖွယ်ရာမိုးရေချိန်များမှာ မောင်တောမြို့တွင် (၁၃.၃၄)လက်မ၊ကျောက်ဖြူမြို့တွင်

(၁၁.၃၀)လက်မ၊ တောင်ကုတ်မြို့တွင် (၁၀.၅၉)လက်မ၊မာန်အောင်မြို့တွင်(၄.၉၆)လက်မ၊

မြောက်ဦးမြို့တွင် (၄.၁၇)လက်မ၊ ကျောက်တော်မြို့တွင်(၃.၅၀)၊သံတွဲမြို့(၃.၁၅)လက်မ၊ပလက်ဝမြို့တွင်

(၂.၈၃)လက်မ၊ဂွမြို့နှင့် ရေးမြို့တို့တွင်( ၂.၇၅)လက်မစီ၊ သထုံမြို့ တွင်(၂.၆၀)လက်မတို့ ဖြစ်ကြပါသည်။
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင်

မုတ်သုံလေအားကောင်းရာမှအားအလွန်ကောင်းနေပါသည်။

မနက်ဖြန်ညနေအထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် ကယားပြည်နယ်

တို့တွင် နေရာကွက်ကျား၊၊ မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင်

နေရာကျဲကျဲ၊ ပဲခူးတိုင်းဒေသကြီးနှင့်ကရင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့်

ပြည်နယ်တို့တွင် နေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး၊ ရခိုင်ပြည်နယ်တွင်ဒေသအလိုက်နှင့်စစ်ကိုင်း

တိုင်းဒေသကြီးအထက်ပိုင်း၊ကချင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။

ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင်ရံဖန်ရံခါ


မိုးသက်လေပြင်းများကျရောက်ပြီး၊လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ်ရေပြင်/မြေပြင်လေသည်

တစ်နာရီလျှင်မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ မြန်မာနိုင်ငံမြောက်ပိုင်းဒေသများတွင်မိုးပိုလာနိုင်ပါသည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေအထိခန့်မှန်းချက်။ မိုးအသင့်အတင့် ထစ်ချုန်း

ရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေအထိခန့်မှန်းချက်။ မိုးအသင့်အတင့် ထစ်ချုန်း

ရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေအထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်း

ရွာမည်။ ရွာရန်ရာနှုန်း (၈၀)ဖြစ်ပါသည်။

0 comments:

Post a Comment