Wednesday, June 19, 2013

တရားမဝင် ငွေချေးသူများနှင့် ချောက်တွန်းသူတို့ တိုင်တန်းမှုများ ဖြစ်ပွား



Wednesday, June 19, 2013

မြန်မာ နိုင်ငံတွင် တရားဥပဒေ စိုးမိုးရေးကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန် ပြင်ဆင် နေချိန်တွင် တရားမဝင် ငွေချေးသူများနှင့် ချောက်တွန်း တိုင်တန်းမှုများသာ အများဆုံး ဖြစ်ပေါ်နေေ ကြာင်း မြန်မာနိုင်ငံ

ရဲတပ်ဖွဲ့ စခန်းများမှ စုံစမ်း သိရှိရသည်။ ''တရားမဝင် ငွေချေးစား သူတွေကို တိုင်ကြတယ်။ ပြီးတော့ တစ်ဦးနှင့် တစ်ဦး ချောက်တွန်း တိုင်ကြားမှုတွေက တော်တော်များတယ်'' ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ တာဝန် ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။ အဆိုပါ ကိစ္စများကို အချို့သော ငွေကြေးဆိုင်ရာ ပတ်သတ်မှု ရှိသူများ က အင်တာနက် ပေါ်တွင်လည်း အမျိုးသမီးများကို မမြင်အပ်စရာ ဓာတ်ပုံများ ပြသခြင်းနှင့် ရိုင်းစိုင်းသော စကားများ ပြောဆိုခြင်းများကို အင်တာနက် အသုံးပြုသူ အမျိုးသမီးငယ်များ အများအပြား ကြုံတွေ့နေရ ကြောင်း ရန်ကုန်မြို့ရှိ မိသားစု အရေးကိစ္စ များကို လိုင်းပေါ်သို့ ဖွင့်ချ ခံခဲ့ရသော အင်တာနက် အသုံးပြုသူ အမျိုးသမီးငယ် တစ်ဦးက ပြောကြားခဲ့သည်။

သို့သော်လည်း အီလက်ထရွန်နစ် ဥပဒေအရ အင်တာနက်ပေါ်တွင် စော်ကား ခံရမှုကို အရေးယူရန် ယနေ့ အချိန်ထိ ဥပဒေကြောင်း အရ တရားစွဲ ဆိုနိုင်ခြင်း မရှိသေးကြောင်း တရားလွှတ်ေ တာ် ရှေ့နေတစ်ဦး ဖြစ်သူ ဦးမြင့်သွင်က ပြောကြားခဲ့သည်။

0 comments:

Post a Comment