Thursday, June 20, 2013

မြန်မာကို ကမ္ဘာသိအောင် ဘယ်လိုကြေညာမလဲ

Thursday, June 20, 2013

မြန်မာနိုင်ငံသို့လာရောက်လေ့လာလိုကြသည့် နိုင်ငံခြားသားလေ့လာသူတိုးတက်များပြားလာသည်နှင့်အမျှ နိုင်ငံခြားသားများ ဖြတ်သန်းသွားလာရာ ဒေသရှိ ဒေသခံများ၏ နေ့စဉ်ဝင်ငွေမှာ တိုးမြှင့်နိုင်ဖွယ်ရှိနေသည်။

မြန်မာနိုင်ငံမှခရီးသွား ကုမ္ပဏီတစ်ခုနှင့် ကမ္ဘောဒီးယားအခြေစိုက်ကုမ္ပဏီတစ်ခု၏ ပူးပေါင်းစီစဉ်မှုဖြင့် ထိုင်းနိုင်ငံ သား မစ္စတာနိုင်ရန်း ဦးဆောင်ကာ ဗီယက်နမ်နိုင်ငံသား(၂၄)ဦး၊ သြစနေတေးလျနိုင်ငံသား နှစ်ဦး၊ ကမ္ဘောဒီးယား နိုင်ငံသား တစ်ဦးပါဝင်သော ခရီးသွားအဖွဲ့ မှာ မြန်မာနိုင်ငံ သို့ လေ့လာရေး ခရီးစဉ် အဖြစ် ရောက်ရှိနေသည်ဟု နိုင်ငံပိုင်မီဒီယာမှတဆင့် သိရသည်။

အဆိုပါ အဖွဲ့သည် မော်တော်ယာဉ်(၁၀)စီးဖြင့် ထိုင်းနိုင်ငံမဲဆောက်မှ မြန်မာနိုင်ငံ မြ၀တီ၊ ကော့ကရိတ်၊ ကျုံဒိုး၊ ဘားအံ့မြို့များအား ဖြတ်သန်းကာ ကျိုက်ထိုရှိ ကျိုက်ထီးရိုးဘုရားသို့ ဘုရားဖူးဝင်ရောက်မည်ဖြစ်သည်။ ထို ခရီးစဉ်အတွက် ဇွန်လ ၁၆ရက်နေ့မှ ၂၀ရက်နေ့အထိ ပုဂံ၊ ရန်ကုန်နှင့်မော်လမြိုင်မြို့များသို့ မြန်မာဧည့် လမ်းညွှန် ဦးအောင်ကျော်ဦးက ဦးဆောင်၍ ၊ ဘုရားဖူးလေ့လာရေးခရီးစဉ်အဖြစ် လည်ပတ်မည်ဖြစ်ပြီး၊ အဆိုပါ ခရီးသွား အဖွဲ့မှာ ဇွန်လ(၂၀) ရက်နေ့တွင် မြ၀တီချစ်ကြည်ရေးတံတားမှ ထိုင်းနိုင်ငံမဲဆောက်မြို့သို့ ပြန်လည် ထွက်ခွာမည်ဟု သိရသည်။

“ဒီလို လေ့လာရေးခရီးစဉ်များလာတာနဲ့အမျှ နိုင်ငံခြားဝင်ငွေလည်း တိုးမြှင့်ရရှိနိုင်သလို၊ ဒေသခံတွေ အတွက် လည်း နေ့စဉ်ဝင်ငွေတိုးစေနိုင်တယ်၊ ဘန်ကောက်၊ စမွတ်စခွန် ခရိုင်အတွင်း မှာရှိတဲ့ ကျေးရွာလေးတွေလို Home Stay စနစ်ကျယ်ပြန့်လာရင် ဒေသခံတွေဆီ နိုင်ငံခြားငွေ တိုက်ရိုက်ရောက်ရှိနိုင်တဲ့အတွက် အဲ့ဒီ Home Stay စနစ်ကိုလည်း ဖွံ့ဖြိုးအောင် အကောင်အထည်ဖော် သင့်တယ်လို့ ထင်တယ်”ဟု ထိုင်းနိုင်ငံ ဘန်ကောက်သို့ လေ့လာရေး(၂)ပတ် ခရီးစဉ်သွားရောက်ခဲ့သူ အယ်ဒီတာတစ်ဦးက ၄င်း၏အတွေ့အကြုံကို ပြောသည်။

အဆိုပါ Home Stay စနစ်မှာကျေးရွာများ၌ ရွာခံမိသားစုနှင့်အတူ နေထိုင်ရခြင်းဖြစ်ြ့ပီး၊ ခရီးသွားများအတွက် လည်း စရိတ်အနည်းငယ်ဖြင့် အဆိုပါ အရပ်ဓလေ့၏ အငွေ့အသတ်များအား ခံစားရရှိနိုင်သည့်အတွက် နှစ်ဦး နှစ်ဘက်အကျိုးသည့် စနစ်ဖြစ်ကြောင်းကိုလည်း ၄င်းက ဆက်ပြောသည်။

“ နိုင်ငံတိုးတက်အောင် လုပ်တဲ့အခါမှာ လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး တိုးတက်အောင် သင်ခန်းစာယူဖို့ လိုတယ်”ဟု Samut Songkham ခရိုင်မှာ ထိုင်းလွှတ်တော်အမတ် Mr.Surajit Chirwate က မြန်မာနိုင်ငံ အရေးအား အကြံပြုပြောကြားခဲ့သည်။

ကမ္ဘာ့စီးပွားရေးဖိုရမ် တွဲဖက် ဥက္ကဌ၊ မလေးရှားအဲအေးရှားကုမ္ပဏီ၏ အုပ်စုအမှုဆောင် အရာရှိချုပ် မစ္စတာ အန်ထိုနီအက်ဖ်၊ ဖာနန်ဒက် က မြန်မာနိုင်ငံသည် မိမိ၏ အနှိုင်းမဲ့ ဒေသများကို မည်သို့မည် ပုံဈေးကွင်တင်မည်ကို ဆုံးဖြတ်ရန်လိုကြောင်း စရိတ်နည်း ခရီးသွားလုပ်ငန်းကို ထူထောင်ခြင်းအားဖြင့် အာဆီယံဒေသတွင်း ခရီးသွားလုပ်ငန်းကို လူငယ်ထုက တွန်းအားပေးနိုင်မည်ဖြစ်ကြောင်းကိုလည်း တိုက်တွန်းခဲ့သည်။

“ မြန်မာနိုင်ငံမှာအံ့ဘွယ် နေရာကောင်း တွေရှိပါတယ်။ ဒါပေမဲ့ ကမ္ဘာသိအောင် ကြေငြာတတ်ဖို့တော့ လိုပါတယ် ” ဟု မစ္စတာဖာနန်ဒက်က ပြောသည်။

ပြုပြင်ပြောင်းလဲမှုများစတင် ပြောင်းလဲလာမှုနောက် နိုင်ငံတကာအသိုင်း အ၀ိုင်းက ဖြေလျော့မှုပေး လာသည့်မြန်မာနိုင်ငံအနေဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအသွင် ကူးပြောင်း ရေးကာလအ တွင်း မြန်မာနိုင် ငံ၏ မြို့ပြနှင့် ကျေးလက် စီးပွားရေးကို မြှင်တင်ပေးရန်အတွက် ခရီးသွားလာရေးလုပ်ငန်း အဓိက နေရာမှ စွမ်းဆောင်နိုင်လိမ့်မည်ဟု နေပြည်တော်၌ကျင်းပခဲ့သည့် ကမ္ဘာ့စီးပွား ရေးဖိုရမ် (အရှေ့အာရှ ၂၀၁၃)က သိရသည်။

“ မနှစ်က မြန်မာနိုင်ငံကို နိုင်ငံခြားသားခရီးသည် ၁.၀၆- သန်းဝင်ရောက်ခဲ့ပါတယ်။ ဒီနှစ်မှာတော့ ၄၀-ရာခိုင်နှုန်းလောက် တိုးတက်လာပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဒီထက်မက ဝင်ရောက် လာစေချင် ပါသေးတယ် ”ဟု မြန်မာနိုင်ငံဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဌေးအောင်က ဖိုရမ်၌ ပြောကြားထားသည်။

0 comments:

Post a Comment