Thursday, June 6, 2013

အမျိုးသမီးများ သားဆက်ခြားရေးအတွက် သားအိမ်အတွင်းထည့်သွင်း အသုံးပြုရသော သားဆက်ခြား ကိရိယာအား အသုံးပြုမှု နဲလာ

Thursday, June 06, 2013.


အမျိုးသမီးများ သားဆက်ခြားရာ၌ သားအိမ် အတွင်း ထည့်သွင်း အသုံးပြုရသည့် သားဆက်ခြားကိရိယာ(Intrauterine Device) များမှာကိုယ်ဝန် ရရှိစေမှု ကို အပြည့်အ၀ ကာကွယ်ပေးနိုင်ခြင်းမရှိ သည့်အပြင်ကောင်း ကျိုးထက် ဆိုးကျိုးများပိုမိုဖြစ်ပွားမှုကြောင့် အမျိုးသမီးထုကြား အသုံးပြုမှုနည်း ပါးလာကြောင်းသားဖွားမီးယပ်အထူးကု ဆရာဝန်များထံမှသိရသည်။

၎င်းကိရိယာသည် အမျိုးသမီးများ၏သားအိမ်အတွင်း ထည့်သွင်း အသုံးပြုရသည့်ကိုယ်ဝန်တားကိရိယာ တစ်ခုဖြစ်ပြီးမလိုချင်ပဲ ကိုယ်ဝန်ရရှိ လာခြင်း၊ကိုယ်ဝန်ပျက်ကျခြင်းနှင့်သားအိမ် အတွင်းထိခိုက် ဒဏ်ရာများ ရရှိစေခြင်းစသောပြသနာများဖြစ်ပေါ် လာမှုကြောင့်မျိုးဆက်ပွား ကျန်းမာရေးဆေး ခန်းဖြစ် သည့် နေဆေးခန်းများ တွင်ထို ကိရိယာဖြင့်အမျိုးသမီးများအားသားဆက်ခြားရာ၌ အသုံးမပြုရန်တားမြစ် ထားလိုက်ပြီးဗဟန်းမြို.နယ်ရှိနေဆေးခန်းမှဒေါက်တာလှမြတ်မွန်ကပြောသည်။

၎င်းကိရိယာသည် ဘေးထွက်ဆိုးကျိုးနည်းပါးခြင်း၊အသုံးပြုရလွယ်ကူခြင်း၊ဈေးနှုန်းသက်သာခြင်းတို.ကြောင့်ယခင်ကအမျိုးသမီးထုအကြားအသုံးပြုမှုများပြားခဲ.သော်လည်းထိုကိရိယာကြောင့်ဖြစ်ပေါ်လာသောဘေးထွက်ဆိုးကျိုးများကြောင့်ကိုယ်ဝန်ပျက်ကျခြင်းနှင့်မလိုချင်သောကိုယ်ဝန်ရရှိလာခြင်းများနှင့်သားအိမ်အတွင်းအနာဖြစ်ခြင်းများပြားလာကာဆေးရုံတက်ကုသရသူအရေအတွက်များလာကြောင်းဗဟိုအမျိုးသမီးဆေးရုံကြီးမှသိရသည်။

ပဋိသန္ဓေတားဆီးခြင်းနည်းလမ်း(၇)နည်းရှိသည့်အနက် -

လိင်ဆက်ဆံရာ၌ကွန်ဒုံးအသုံးပြုခြင်းသုံးခြင်း ၊ အမျိုးသမီးများ ထိုးဆေးအသုံးပြုခြင်း ၊ အမျိုးသမီးများ စားဆေးကတ် စားသုံးခြင်း ၊ အမျိုးသမီးများ သားအိမ်တွင်း ပစ္စည်းထည့်ခြင်း ၊ အမျိုးသမီး များ ရာသီသွေးပေါ်သော ဓမ္မတာစက်ဝန်းအရ ရက်ရှောင်ခြင်း ၊
အမျိုးသား၏ သုက်ရည်ကို အမျိုသမီးဖြစ်သူ၏ မိန်းမကိုယ်ပြင်ပ၌သာ စွန့်ပစ်ရန်အတွက် လိင်ဆက်ဆံမှုကို သတိဖြင့် ထိန်းချုပ်ခြင်း ၊
အရေးပေါ်ကိုယ်ဝန်တားဆေးအသုံးပြုခြင်း ။

တို.ရှိသည့်အနက်ကွန်ဒုံး အသုံးပြု၍လိင်ဆက်ဆံခြင်းသည်သာ သားဆက်ခြားရေးအတွက် ကုန်ကျစရိတ် အနည်းပါးဆုံးနှင့်အခြား ကူးစက်ရောဂါများကို ပါကာကွယ်ပေးနိုင်သည့် တစ်ခုတည်းသော နည်းလမ်းဖြစ်ကြောင်း မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ အထူးကု ဆရာဝန်ကြီး ဒေါက်တာစစ်နိုင် ၏ပြောကြားချက် အရ သိရသည်။

PN - 020

Popular Myanmar News Journal

0 comments:

Post a Comment