ရွာလည်တဲ့စာ
ဒီတစ်ပတ်တော့အယ်ဒီတာဆရာတွေရဲ့ အလိုကျ ရွာလည်ဖို့ တိုင်းလုံးကျော် တက္ကစီစီးပြီး ရန်ကုန်တစ်ပတ် ခရီးမပြတ်ထွက်ခဲ့ပါတယ်။ ဒီလိုမှမဟုတ်ရင် အယ်ဒီတာဆရာတွေက အွန်လိုင်းပေါ်မှာပဲ မြူးကြွနေလို့ တိုင်းလုံးကျော် အရူးထ နေတယ်ပြောတယ်ခင်ဗျ။ တိုင်းလုံးကျော် ရွာလည်မလည်တော့မသိ၊ မြန်မာ့ရတနာလို့ ဆရာ့ဆရာများဆိုထားတဲ့ ဆင် ဖြူတော်ရတနာဟာ ခြေစကြာဖြန့်ကြက်ဖို့လားမသိ ထိုင်းနိုင်ငံချင်းမိုင်တိရစ္ဆာန်ဥယျာဉ်ရုံမှာ ခြောက်လကြာ တရားဝင်ချစ်ကြည်ရေးအ လည်အပတ် နေထိုင်တော်မူမည်ဖြစ်ကြောင်း ထိုင်းနိင်ငံထုတ် The Nation သတင်းစာက မောင်းခတ်ကြေညာပါသဗျ…။ တချို့ကတော့ ပြောတယ်။ ထိုင်းက မြန်မာ ပြည် စီးပွားတက် မျက်နှာပွင့်လာတာ အားကျလို့ဆိုပြီး ငှားတာတဲ့။ အဟို့ဟို့.. တိုင်းလုံးကျော်တော့ မခေါ်ဘူး။ တိုင်း လုံးကျော်သာ ခေါ်ရင် ကမ္ဘာကျော်သွားမှာ၊ ဆင်ဖြူတော်က ကြံပဲစုပ်တတ်မှာ၊ တိုင်းလုံးကျော်ကတော့ မြန်မာ့စီးပွားရေး အတွက် ထိုင်းက PEE MAK ရုပ်ရှင်ထဲကလို သရဲမလေးတွေကို မြန်မာပြည်က စီးပွားရေးတွေ မကောင်းလို့ စိတ်ညစ်နေသူတွေ အတွက် ငှားလာပြီး အပျော်တမ်း ခြောက်ခိုင်းဦးမှာ…။
တက္ကစီကားပေါ်ရောက်လို့ မကြာသေးဘူး တက္ကစီဆရာရဲ့ ညည်းချင်း စကြားရတော့တာပဲဗျ။ ”ကျုပ်တို့သာ ကားဆွဲ မကောင်းတာ ကားတွေက မြန်မာပြည်ဝင်လွန်းလို့ ဆိပ်ကမ်းမှာ တောင်ပုံရာပုံ။ အခု တက္ကစီ AA, BB အက္ခရာနံပါတ်တွေ ပြည့်သွားလို့ CC နံပါတ်တွေ ပေးတော့မတဲ့။ ရန်ကုန်မြို့ထဲမှာ တက္ကစီ တွေတောင်ပုံရာပုံ၊ ဟို စကားတောင် စား ပြောသလို ယားလို့တောင် ယောင် ပြီးလက်မြှောက်မကုတ်ရဲဘူး.။ လက်မြှောက်ရင် တက္ကစီ ကားတွေက ကားရပ်ပြီး ကားငှားမလားမေးမှာ စိုးတယ် ဆိုတာ မျိုး ဖြစ်နေပြီဗျာ”လို့ တက္ကစီဆရာက ညည်းတွားသဗျ။ဒါနဲ့ တိုင်းလုံးကျော်လည်း ဘာမှ အကြံမပေးတတ်လို့ ခေါင်းကိုငုံ့ပြီး ကားပေါ်က ဆင်းခဲ့ပါ တယ်။ နောက် တစ်နေ့နောက် တက္ကစီတစ်စီးတားပြီး ထပ်စီး တော့လည်း တက္ကစီဆရာသကောင့်သားက အခုလို စိတ်ပျက် လက်ပျက် လေသံနည်းနည်း တိုးပြီး ညည်းတွားသမှု ပြုပြန် ပါရော။
”CNG ဂက်စ်တွေ ဈေးနှုန်းတိုးတော့မယ်ဆိုတော့ အရင် က ဘယ်ကားမှမလုပ်ချင်တဲ့ ဂတ်စ်ကား အခု ရွှေဖြစ်မယ်မကြာ သေးဘူး။ ဓာတ်ဆီလောက်ဈေးတက်ရင်တော့ ကားဆွဲရတာ ဘယ်ကိုက်တော့မလဲဗျာ။ ခရီးသည်အပြိုင်ကြဲပွဲမှာ နောက် ကျန်ပြီပေါ့”လို့ တက္ကစီဆရာက ကမ္ဘာ့စီးပွားပျက်အလား ပြော ပါတယ်။တိုင်းလုံးကျော်သူငယ်ချင်း တက္ကစီဆရာတစ်ယောက်က တော့ ပျော်နေသဗျ။ ဘာလို့လဲဆိုတော့ သူ့ကားက ဓာတ်ဆီ ကားဆိုတော့ အရင်က ဂက်စ်ကားကို မယှဉ်နိင်ရာက အခု ပြိုင်ဘက်ဖြစ်လာလို့လေ။တိုင်းလုံးကျော်တို့ရွာကတော့ အထူးအဆန်းမှ တကယ့် ကို ထူးပေ့ဆန်းပေ့ဆိုတာချည်းပေါ့။ စီးပွားရေးဆိုတာကြီးက အခု အောင်ပေမယ့် နောက်ဘယ်လောက်ထိ အောင်နေမလဲ ဆိုတာ ခန့်မှန်းရခက်တယ်လေ။ ကဲ အခုဆို ကြည့် သိန်း ထောင်ချီခဲ့တဲ့ ကားတွေ ပြုတ်ကျသွားလိုက်တာ။ ခွေးကျထက် တောင်ဆိုးသေးတယ်မဟုတ်လား။ အခုကား ပြီးတော့ ထပ်ကားဦးမှာက အမြဲတမ်း စင်ပေါ် မှာ ရှိနေတယ်ဆိုတဲ့ ရန်ကုန်မြေဈေးလို့လည်း ပြောနေကြပြန် တယ်။ ဘယ်နေရာက စကြားသလဲဆိုတော့ တိုင်းလုံးကျော်တို့ရဲ့ ရွာဆော်ကြီးပေါ့ဗျာ။ ရွာဆော်ကြီးက ခုနစ်သံချီ လိုက်ပြီဆို ဟုတ်တာ မဟုတ်တာ အပထား ပွရေးချ ပွတော့တာပေါ့ဗျာ။
အခုလည်း ကြည့်ဗျာ။ ရွာဆော်ကြီး ဖေ့စ်ဘွတ်က ဖွ လိုက်တာ တိုင်းလုံးကျော်တို့ အူတူတူငနဲ တစ်သိုက် ရန်ကုန်က ဟိုဆိပ်ကမ်း သည်ဆိပ်ကမ်းတွေမှာ ငုတ်တုတ်မေ့ရတဲ့ ဘဝကို ရောက်ခဲ့ရတာပေါ့။ ရွာဆော်ကြီးရဲ့ တပည့်လက်သား အကောင့်ပုန်းတချို့က မလေးရှားရောက် ရွှေမြန်မာတွေကို လူသုံးသောင်းဆံ့ သင်္ဘောကြီးနဲ့ သွားပြန်ခေါ် မတဲ့ဗျာ။မလေးရှားရောက် ရွှေမြန်မာတွေအရေး ဟိုသူဋ္ဌေးကငွေ လှူ၊ ဒီသူဋ္ဌေးက လေယာဉ်လက်မှတ်လှူနဲ့ အမှန်အကန် သတင်း တွေကလည်း ပလူပျံနေလေတော့ တိုင်းလုံးကျော်တို့လို ငဒူ တွေက လူသုံးသောင်းဆံ့ သင်္ဘောဆို တိုက်တန်းနစ်ထက် တောင် ကြီးနိုင်သလား ဘာလား ဘယ်စဉ် စားတတ်မလဲ။ အံ မယ် တချို့ဆို အဲဒီသတင်းနဲ့အတူ ဘယ်က မှန်းမသိတဲ့ ဇိမ် ခံသင်္ဘော ပုံကိုပါ တင်ထားတော့ ချီးသုတ်ထားတဲ့ ငါးမျှားချိတ် ကို ရွှေအမှတ်နဲ့ တိုင်းလုံးကျော် လည်း ပြေးဟပ်လိုက်တာ။
ဘယ်လိုပဲဖြစ်ဖြစ် ရေပြင်ကနေ ရွှေမြန်မာတွေ ပြန်မလာ ကြပေမယ့် ဝေဟင်ကနေတော့ အမှန်အကန် ပြန်လာမှာတော့ သေချာသပေါ့။ ဒါပေမဲ့ မလေးက သူငယ်ချင်းဆီကို လှမ်းမေး ကြည့်တော့ အကြမ်းဖက်နေတာက ကက်ပုန်းဆိုတဲ့ အရပ်မှာ။ သူတို့ ပီနန်မှာကျတော့ ဘာမှ မဖြစ်တဲ့အပြင် သူဋ္ဌေးက ပြန်ကြမှာစိုးလို့ လစာတောင် တိုးပေးနေသတဲ့ဗျာ။ဘယ်လိုပဲ ဖြစ်ဖြစ်လေ။ အဆင်မပြေတဲ့ သူတွေကတော့ ပြန်လာရမှာပေါ့။ တိုင်းလုံးကျော်တို့ သူဋ္ဌေးတွေ အရေးပေါ် လာတော့ ကူကြ ကယ်ကြတာလည်း ဝမ်းသာစရာပေါ့။ မလေးက ပြန်လာတဲ့သူတွေကို အလုပ်တောင် ပေးဦးမှာ ဆိုတော့ အတိုင်းထက်အလွန်ပေါ့။ ဒါပေမဲ့ ဘယ်နှယောက် လောက်ထိ အလုပ်ပေးနိုင်မလဲဆိုတာလည်း စဉ်းစားစရာပေါ့။မလေးမှာက ရွှေမြန်မာတွေက များမှများ။ ထိုင်းမှာဆို လည်း များမှများ။ ဘယ်လောက်ထိ များသလဲဆို ရွှေမြန်မာ တွေရဲ့ ကွမ်းယဉ်ကျေးမှုက ထိုင်းမှာတောင် တော်တော် ကျယ်ပြန့်နေတယ်ဆိုပဲ။ မနှစ်က တိုင်းလုံးကျော် ဘန်ကောက် ကို ခဏရောက်တော့ ဈေးရောင်းနေတဲ့ မြန်မာတွေက တိုင်း လုံးကျော်ကို မြင်တာနဲ့တင် ဗမာစကားနဲ့ တန်းနှုတ်ဆက်တော့ တာပဲ။ တစ်ယောက်လည်း နှုတ်ဆက်၊ နှစ်ယောက်လည်း နှုတ် ဆက်နဲ့၊ တိုင်းလုံးကျော်က ”သြော် … ငါ မြန်မာတော်တော်ဆန်တဲ့ငါကွ”လို့ စိတ်ထဲကနေ ဟစ်ကြွေး လိုက်မိတယ်။ တိုင်းလုံးကျော်နဲ့ အတူတူလာတဲ့ မိတ်ဆွေကျ တော့ သူတို့က မနှုတ်ဆက်၊ ကိုယ့်ကိုသာ နှုတ်ဆက်ကြတော့ တာကိုး။
ဘယ်ဟုတ်မလဲ။ ၃ ယောက်မက၊ ၅ ယောက်လောက် နှုတ်ဆက်လို့ မသင်္ကာတော့တာနဲ့ မြန်မာမှန်း ဘယ်လိုသိသလဲ လို့ မေးကြည့်တော့ လွယ်လွယ်လေးမှ လွယ်လွယ်လေးတဲ့ဗျာ။ တိုင်းလုံးကျော်ရဲ့ ကွမ်းဂျိုးတက်နေတဲ့ သွားတွေကို လက်ညှိုး ထိုးပြပါတော့တယ်။အခုလည်း ဘာထူးသလဲ။ ထိုင်းနိုင်ငံ မဟာချိုင်မှာ မြန် မာလုပ်သား သုံးသိန်းဝန်းကျင်လောက် ရှိတဲ့အတွက် မဟာ ချိုင်မှာ ကွမ်းဈေးကွက်က တော်တော်ခိုင်နေပြီလို့ သတင်း တစ်ပုဒ်မှာ ဖတ်လိုက်ရပါတယ်လေ။တစ်နေ့ကို ဘတ်လေးငါးထောင် ကနေ လှေအဝင်များတဲ့ နေ့တွေဆို တစ်နေ့ ဘတ် ၈ဝဝဝ ဖိုးလောက်အထိ ရောင်းရ တယ်တဲ့ဗျာ။ မွန်လူမျိုးတွေ အများဆုံးစားတယ်တဲ့ဗျာ။ ဘယ်လိုပဲဖြစ်ဖြစ် မြန်မာ့အားကစား ကမ္ဘာကို မလွှမ်းပေမယ့် မြန်မာ့ ကွမ်းကတော့ ကမ္ဘာကို လွှမ်းနိုင် တာမို့ တိုင်းလုံးကျော်ကတော့ ကြံ ဖန်ပြီး ဂုဏ်ယူရတာပေါ့ဗျာ။
ကဲ ထားပါတော့ဗျာ။ တိုင်းလုံးကျော် ပြောချင်တာက မလေးက ရွှေမြန်မာတို့အကြား သူတို့ရဲ့ ပြည်တော်ပြန်အကြောင်း ပါ။ ဒုက္ခတွေ့နေရတဲ့ မလေးရောက် မြန်မာတို့ အရေး ငွေအားနဲ့ မကူညီ နိုင်ရင်တောင် စာနာစိတ်နဲ့ ကူညီ နေတဲ့အချိန်မှာ သတင်းတစ်ပုဒ်ကို တွေ့လိုက်ရတော့ မျက်လုံးများ ရူး နေသလားတောင် ထင်မှတ်ရသပေါ့ ဗျာ။ ပြန်ကြားရေးဒုဝန်ကြီးရဲ့ ဖေ့စ်ဘွတ်မှာ မလေးက ပြန်လာတဲ့သူ တွေကို ရန်ကုန်အပြည်ပြည်ဆိုင် ရာ လေဆိပ်မှာ ငွေတောင်း တယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီး မီဒီယာတစ်ခုမှာ ဖော်ပြခဲ့တာကို သက်ဆိုင်ရာ
ဝန်ကြီးဌာနက စုံစမ်းစစ်ဆေးနေ တယ်တဲ့ဗျာ။ မှန်ရင်တော့ ထိရောက်စွာ အရေးယူမယ်။ မီဒီယာတစ်ခုမှာ ဖော်ပြခဲ့တာနဲ့ ကွဲလွဲနေရင်ပဲ အဖြစ်မှန်ကို ပြည်သူတွေထံ တင်ပြမယ်။ ဖော်ပြခဲ့တဲ့ မီဒီယာ ကိုလည်း အချက်အလက်တွေနဲ့ အဖြစ်မှန်ပြန်အကြောင်းကြား ပေးမယ်တဲ့ဗျာ။ဒီသတင်းမှာ ဝမ်းနည်းစရာ ကောင်းတာက ဒုက္ခရောက် လို့ ပြန်လာတဲ့လူတွေကို ငွေတောင်းတယ်ဆိုတာ တကယ်များ ဟုတ်ခဲ့ရင်ပေါ့ဗျာ။ တိုင်းလုံးကျော်ကတော့ ထပ်စိတ်မဆင်းရဲ ချင်တော့ မဟုတ်ပါစေနဲ့လို့ ဆုတောင်းရတာပေါ့။ ဝမ်းသာ စရာ ကောင်းတာက မီဒီယာရဲ့ ဖော်ထုတ်သတင်းပေးမှုကို အရေးတယူ အရေးယူမယ့်အပြင် အဖြစ်မှန်ကို ပြည်သူ့ထံ တင်ပြမယ်ဆိုခြင်းပါပဲ။အချွန်နဲ့ မ,တာတော့ မဟုတ်ပါဘူး။ ဒီသတင်းကို ဖတ်ရတော့ လွန်ခဲ့တဲ့ ၁ဝ နှစ်ကျော်က မလေးက ပြန်လာတဲ့ တိုင်းလုံးကျော်ရဲ့ ဖြစ်အင်ကို တိုက်ဆိုင်လို့ သတိရတဲ့ အ ကြောင်းပါ။ တိုင်းလုံးကျော်တို့ အမိမြေလေဆိပ်ကို ရောက် တော့ အမှန်အကန် ပတ်စ်ပို့နဲ့ တိုင်းလုံးကျော်ကိုတောင် စစ် လိုက်တာမှဗျာ။ နောက်ဆုံး ပါလာတဲ့ ချော့ကလက်နဲ့ စီးက ရက်ကို ဝေခြမ်းရေးလုပ်မှပဲ ပွဲပြီးတော့တယ်ဗျ။
အဲဒီတုန်းကတော့ အရင်အစိုးရ ခေတ်တွေကိုး။ အခုက အစိုးရသစ် လေ။ ပြုပြင်ပြောင်းလဲရေးလေ။ တိုင်းလုံးကျော်တို့ တိုင်ပတ်နေဆဲ။ ပြုပြင်ပြောင်းလဲရေးဆိုတော့ ဟုတ်ကဲ့။ ဘယ် သူမှ၊ ဘာမှ မဖြစ်ရပါလိုကြောင်းသာ တိုင်းလုံးကျော် ဆု တောင်းလိုက်ပါ့ဗျား။
တိုင်းလုံးကျော်

0 comments:
Post a Comment