Wednesday, June 12, 2013

ထိုင်းဘုရင့် ရေတပ်ဦးစီးချုပ် ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့အား ကာကွယ်ရေး ဦးစီးချုပ် (ရေ)က ဂုဏ်ပြု တပ်ဖွဲ့ဖြင့် ကြိုဆို

ထိုင်းဘုရင့် ရေတပ်ဦးစီးချုပ် Admiral Surasak Rounroengrom ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ သည် ယနေ့နံနက် ၉ နာရီခွဲတွင် လေကြောင်းခရီးဖြင့် ပြည်ထောင်စု သမ္မ တ မြန်မာ နိုင်ငံတော် သို့ ရောက်ရှိလာရာ တပ်မတော် (ရေ)မှ အရာရှိကြီးများ၊ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်ဆိုင်ရာ ထိုင်းနိုင်ငံ စစ်သံမှူး များနှင့် တာဝန် ရှိသူများက ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်တွင် ကြိုဆို နှုတ်ဆက်ကြသည်။

ထို့နောက် အဆိုပါ ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် မြန်မာ့ တပ်မတော် လေယာဉ်ဖြင့် နေပြည်တော်သို့ ဆက်လက် ထွက်ခွာလာကြရာ နေပြည်တော်သို့ ရောက်ရှိစဉ် ထိုင်းဘုရင့် ရေတပ် ဦးစီးချုပ် Admiral Surasak Rounroengrom အား ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဒုတိယ ဗိုလ်ချုပ်ကြီး သူရသက်ဆွေက နေပြည်တော်ရှိ ဇေယျာသီရိ ဗိမာန်ရှေ့၌ ဂုဏ်ပြု တပ်ဖွဲ့ဖြင့် ကြိုဆို ဂုဏ်ပြုသည်။

အဆိုပါ ဂုဏ်ပြု ကြိုဆိုပွဲသို့ ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဒုတိယ ဗိုလ်ချုပ်ကြီး သူရသက်ဆွေ နှင့်အတူ တပ်မတော် (ရေ)မှ အရာရှိကြီးများ တက်ရောက်ကြပြီး ထိုင်းဘုရင့် ရေတပ်ဦးစီးချုပ် Admiral Surasak Rounroengrom နှင့်အတူ ထိုင်းဘုရင့်ရေတပ်မှ အရာရှိကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ထိုင်းဘုရင့် ရေတပ် ဦးစီးချုပ်သည် ဇေယျာသီရိ ဗိမာန်သို့ မော်တော်ယာဉ်ဖြင့် ရောက်ရှိလာရာ  ကာကွယ်ရေး ဦးစီးချုပ် (ရေ)က ခင်မင်ရင်းနှီးစွာ ကြိုဆို နှုတ်ဆက်သည်။

ထို့နောက် ကာကွယ်ရေး ဦးစီးချုပ် (ရေ)နှင့် ထိုင်းဘုရင့် ရေတပ် ဦးစီးချုပ်တို့သည် အလေးပြုခံ စင်မြင့်သို့ သွားရောက်၍ ဂုဏ်ပြု တပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူသည်။
ယင်းနောက် ထိုင်းဘုရင့် ရေတပ်ဦးစီးချုပ်သည် ကာကွယ်ရေး ဦးစီးချုပ်(ရေ) နှင့်အတူ ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးသည်။

ထို့နောက် ထိုင်းဘုရင့် ရေတပ်ဦးစီးချုပ်သည် ကာကွယ်ရေး ဦးစီးချုပ်(ရေ)အား ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနား တက် ရောက်ကြသည့် အရာရှိ ကြီးများနှင့် မိတ်ဆက်ပေးပြီး ကာကွယ်ရေး ဦးစီးချုပ် (ရေ)ကလည်း ထိုင်းဘုရင့် ရေတပ်ဦးစီး ချုပ်အား အခမ်းအနား တက်ရောက်လာသည့် အရာရှိ ကြီးများနှင့် ပြန်လည် မိတ်ဆက် ပေးခဲ့ကြောင်း သတင်း ရရှိသည်။

0 comments:

Post a Comment