Wednesday, June 5, 2013

ရီးယဲလ်နှင့် သက်တမ်းတိုး စာချုပ်မည် မဟုတ်ဟု ရော်နယ်လ်ဒို ပြောကြား


Wednesday, 05 June 2013 17:57


မိမိ အနေဖြင့် ရီးယဲလ်မက်ဒရစ် အသင်းနှင့် သက်တမ်းတိုး စာချုပ်မည် မဟုတ်ကြောင်း ခရစ္စတီယာနို ရော်နယ်လ်ဒိုက အသင်းထံ အသိပေး ပြောကြားခဲ့သည်။


ထို့ကြောင့် (၂၀၁၅)ခုနှစ် နွေရာသီတွင် စာချုပ်သက်တမ်း ကုန်ဆုံးမည့် ကစားသမား အနေဖြင့် ဘာနေဗျူးမှ ထွက်ခွာမည့် သဘောသို့ ဦးတည်လာခဲ့သည်။ PSGနှင့် အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်တို့က စောင့်ကြည့်နေသော ကစားသမားကို ရီးယဲလ်က ရောင်းမည် မဟုတ်ဟု ကြေညာ ထားသော်လည်း ယခုအခါ ကာယကံရှင်၏ ဆန္ဒအရ အပြောင်းအလဲ တစ်ခုခု သက်ရောက်လာဖွယ် ရှိနေသည်။ အသက်(၂၈)နှစ်ရှိ ပေါ်တူဂီ လက်ရွေးစင်သည် ၎င်းအနေဖြင့် ဘာနေဗျူးတွင် မပျော်ရွှင်ကြောင်း ယခင်ကလည်း အကြိမ်အနည်းငယ် ဝန်ခံခဲ့ဖူးသည်။


ရီးယဲလ် ဥက္ကဋ္ဌ ဖလော်ရန်တီနို ပီရက်ဇ်က ရော်နယ်လ်ဒို၏ ကစားသမား ဘဝကို အသင်းတွင် ကုန်ဆုံးစေလိုကြောင်း ပြောဆိုထားသည့်တိုင် ကစားသမား၏ ဆုံးဖြတ်ချက်ကြောင့် နောက်ထပ် (၂)နှစ်ထက်ပို၍ အခွင့်အရေး ရှိနိုင်တော့မည် မဟုတ်ချေ။ ရီးယဲလ်သည် စာချုပ်သက်တမ်း ကုန်ဆုံးချိန်ထိ ရော်နယ်လ်ဒိုကို အသင်းတွင် ဆက်လက်ထားရှိပြီး အလွတ်ဈေးဖြင့် ရောင်းထုတ်ရန်ထိမူ စွန့်စားဖွယ် မရှိချေ။ (၂၀၀၉)ခုနှစ်က ယူနိုက်တက်ထံမှ ရော်နယ်လ်ဒိုကို ဝယ်ယူ ခဲ့ရာတွင် ရီးယဲလ်က ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး စတာလင်ပေါင် သန်း(၈၀)ထိ ပေးချေခဲ့ရသည်။

PSGနှင့် အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်တို့က စောင့်ကြည့်နေသော ကစားသမားကို ရီးယဲလ်က ရောင်းမည် မဟုတ်ဟု ကြေညာထားသော်လည်း ယခုအခါ ကာယကံရှင်၏ ဆန္ဒအရ အပြောင်းအလဲ တစ်ခုခု သက်ရောက်လာဖွယ် ရှိနေ...
ယူနိုက်တက်သည် ရော်နယ်လ်ဒိုကို တစ်ကျော့ပြန် ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သတင်းများ ထွက်ပေါ်နေသည့်တိုင် လှုပ်ရှားမှု တစ်စုံတစ်ရာ မရှိသေးချေ။ လတ်တလောတွင် ယူနိုက်တက်သည် PSV အင်ဒိုဗန်မှ နယ်သာလန် ကွင်းလယ်လူ ကီဗင်စထရွတ်မန်း အတွက်လည်း ချိတ်ဆက်မှုများ စတင်ပြုလုပ်ရန် စဉ်းစားနေကြောင်း သိရှိရသည်။

0 comments:

Post a Comment