မိမိဘဝကို တန်ဖိုးထားပြီး အောင်မြင်မှုခရီးဆီ လျှောက်လှမ်းနေကြသူတို့၌ အားကျစံပြလူပုဂ္ဂိုလ်များ ရှိကြပေသည်။ အများနှင့် သူမတူသည့် စွမ်း ရည်တို့ဖြင့် ထိုသူတို့၏လူမှုဘဝရှင်သန်မှုနည်းတူ အားကျစံပြထားသူများကို တုပကြပြီး အောင်မြင်မှုရရန်လည်း အားထုတ်ကြိုးပမ်းထားကြပြီး အနုပညာလောကတွင် အထိုက်အလျောက်အောင်မြင်မှု ရရှိနေပြီဖြစ် သော လူငယ်အမျိုးသမီးသရုပ်ဆောင် အနုပညာရှင်တို့၏ စံပြအားကျမှု များကို စုစည်းဖော်ပြလိုက်ပါသည်။
► ဆုပန်ထွာ
“မပန်ရဲ့ရှေ့ကသရုပ်ဆောင်ခဲ့တဲ့ သရုပ်ဆောင်အစ်မတွေကို အားကျခဲ့တယ်။ အကုန်လုံးကိုအားကျတယ်။ သူတို့က မပန်တို့ထက် ဒရာမာဇာတ် ကားတွေဆိုလည်း တအား တော်ကြတယ်။ သူတို့ဘယ်လိုများ သရုပ် ဆောင်လဲဆိုပြီး တအားအံ့သြတယ်။ ကိုယ်မသိ တာလေးတွေကို လည်း သူတို့ကိုမေးတယ်။သူတို့ရဲ့အိုက်တင်ပိုင်းတွေကိုလည်းအားကျတယ်”
►ချစ်စနိုးဦး
“စနိုးအနုပညာအလုပ်ကို စလုပ်ခါစကဆိုရင် ကိုသားကြီး၊ မထွန်းအိန္ဒြာဗို၊ စိုးမြတ်သူဇာတို့ကို အားကျမိတယ်။ သူတို့ကကျတော့ သူတို့ အိုက်တင်လေးနဲ့ သူတို့ တခြားသူတွေနဲ့ မတူဘူး။ ကိုယ်ပိုင်စတိုင်လေးတွေ ရှိတယ်။ သူများတွေနဲ့ ကွဲထွက်တယ်။အဲဒီပုံစံလေးတွေကို အားကျတယ်။ တချို့အရာလေးတွေဆိုရင်သူတို့ဆီကအတုယူရတာတွေရှိတယ်။ကိုယ် ကလည်းအနုပညာရှင် တစ်ယောက်ဖြစ်တော့ကြိုးစားပြီးလုပ်ရတယ်”
► ခင်လေးနွယ်
“အနုပညာအလုပ်တွေမလုပ်ခင် မခိုင်ကြီး၊ မအူဝဲ တို့ကားတွေ အမြဲကြည့်ဖြစ်တယ်။ နယ်မှာနေတာဆိုတော့ လက် လှမ်းမီသေ လာက် ကြည့်ဖြစ်တယ်။ ရန်ကုန်ရောက်လာတော့ ကျောင်းတက်ရင်းမထင်မှတ်ဘဲ လုပ်ဖြစ်သွားတာ။ သရုပ်ဆောင် တွေကိုဆို ကိုယ်တွေနယ် မှာ နေတဲ့သူတွေက တအားလည်း အား ကျတယ်။ အားကျနေရုံနဲ့လည်း မပြီးဘူးလေ။ အဓိကက ကိုယ့် ဘာသာလည်း ကြိုးစားရမှာပါ”
► စန္ဒီမြင့်လွင်
“အမေစုကိုလည်း အားကျတယ်။ ဒီးဒီရဲ့ အမေကိုလည်း အားကျတယ်။ အနုပညာရှင်ထဲမှာတော့ မကြီး (စိုးမြတ်သူဇာ)ကို အားကျတ ယ်။ မကြီးကျတော့ သူ့အနုပညာ ကိုအားကျတယ်။သူ့အနုပညာက တအားသဘာဝကျနေတယ်။ ပညာသားလည်းပါတယ်။ သူတအားတော်တယ် ။ဘယ်သူ့ဆီက မဆို ဒီးဒီကကောင်းတာမျိုးတွေပဲ တတ်နိုင်သမျှယူတယ်။အမျိုး သမီးတွေအတွက်လည်း ကိုယ်လုပ်နိုင်သလောက် တတ်နိုင်တဲ့ ဘက် ကနေ အကျိုးပြုသွားမယ်လို့ စိတ်ကူးထားပါတယ်”
0 comments:
Post a Comment