Monday, June 3, 2013

အတော်လေးမောလောက်အောင်ပင်ပြောရပါဦးမည်

အစိမ်းရောင်ရွာများတည်ထောင် နိုင်ခွင့်ရရှိစေဖို့ဆိုပါလျှင် ကျွန်မတို့တစ် တွေမှာ အတော်လေးမောလောက်အောင် ပင်ပြောရပါဦးမည်ထင်ပါသည်၊ကျွန်မတို့ နိုင်ငံမှာ ဆင်းရဲမွဲတေမှုလျော့ချရေးကို ကြိုးပမ်းဆောင်ရွက်နေပြီဖြစ်သလို ပတ် ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဥပဒေကို လည်း ၂ဝ၁၂ မတ်လ ၃ဝရက်ကပင်ရေး ဆွဲပြီးဖြစ်ပါသည်။
သဘာဝသယံဇာတကိုအခြေခံသည့် စီးပွားရေးလုပ်ငန်းများအစားနည်းပညာ ကို အခြေခံသည့် စီးပွားရေးလုပ်ငန်းများ ဖော်ဆောင်ရန်လည်း ကြိုးစားနေကြပြီ ဖြစ်သည်။
ကျေးလက်ဒေသများတွင် ထင်းကို ကားကြီးကားငယ်အသွယ်သွယ်မှာထော် လာဂျီပင်မကျန်။သယ်ယူပို့ဆောင် ရောင်း ဝယ်ဖောက်ကားနေကြတုံးဖြစ်၍တောင်တို့ မှာလည်း ကတုံးမကချင်တော့ပါ။ ရှမ်း ပြည်ရှမ်းရွာမှာက စားစရာမရှိ၍ ထင်း ခုတ်သူ၊ချမ်းသာလို၍ထင်းရောင်းသူ၊ရောင်း သူ၊ဝယ်သူ၊အသံတူနေကြပါသေးသည်။ ဆင်းရဲခြင်းကိုလျော့နည်းစေရန်အတွက် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းချမှန်အကောင် အထည်ဖော်ရာမှာ ရာသီဥတုကိုထိန်း သိမ်းကာကွယ်ခြင်းကိုတော့ ထည့်သွင်း စဉ်းစားခြင်းမရှိသေး။ ဥတုရာသီတောကို မီမမီကိုလည်း သတိမမူလိုကြသေး။ရာသီ ဥတုပြောင်းလဲမှုကြောင့် သစ်တောသစ် ပင်ရှင်သန်ခွင့်နည်းပါးလာရသည့်အထဲ ရှင်နဲရာ အဂ္ဂကလူထွက်’ဆိုသလို ရှိသမျှ လက်ကျန်ကိုခုတ်ပစ်ကြဦးမည်ဆိုပါလျှင် မြင်တွေ့မိ၍အပြစ်ရှိသလိုခံစားခဲ့ရသူ ကျွန်မမှာ ရင်တွေပူလှပါပြီ။ ထင်းရောင်း ၍ရမည့် တူးကရောင်းကားတစ်စီးစာ ထက်တန်ဖိုးများစွာမြင့်မားသော ပမာဏ ကို ရွာသားတို့ပေးဆပ်ရတော့မည်ဖြစ်ပါ ၏။ ထင်းသမားလုပ်ငန်းရှင်တစ်ဦးသာ အမြတ်အစွန်းရမည်ဖြစ်သော်လည်း တစ် ရွာလုံးက ဆိုးကြိုးကိုဝိုင်း၍ခံကြပေရော့။ ဆိုးဝါးလာမည့်ရာသီဥတုဒဏ်ကိုဝိုင်းဝန်း ခံကြပေရော့။
ရာသီဥတုကာကွယ်မှုပြုရန် သုံးစွဲရ မည့် ကုန်ကျစရိတ်ကလည်းမြင့်မားလှ သည်။ ပရော်ဖက်ဆာ စတန်ဆိုသူ၏ အဆိုအရ ရာသီဥတုများကို ကာကွယ် ရေးအတွက် ကုန်ကျငွေစရိတ်သည် ကမ္ဘာ့ ထုတ်ကုန် တစ်ရာခိုင်နှုန်းခန့်ရှိပြီး အမေ ရိကန်ဒေါ်လာ ၅၄၃ဘီလီယံကုန်ကျမည် ဟုဆိုသည်။ဂျာမနီနိုင်ငံတွင် ပညာရှင်တို့ ၏ တွက်ချက်မှုအရ တစ်နှစ်ကို ဒေါ်လာ ၃၇ဘီလီယံ ကုန်ကျခံကာကာကွယ်ကြရ ၏။တစ်နှစ်ထက်တစ်နှစ်တိုး၍သာ ကုန် ကျမည်ဖြစ်ရာမအဖြစ်မနေကုန်ကျရတော့ မည်ဆိုလျှင် ယခုရထားသည့် အမြတ် အစွန်းငွေထက် အဆသိန်းချီကာမြင့်မား သော ပမာဏဖြင့် ပြန်လည်ပေးဆပ်ရ တော့မည်ဖြစ်ပေသည်။ ဤသည်တို့ကို ကျေးလက်ပြည်သူတို့မသိနိုင်ကြရှာ။ များ မကြာမီ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအစု လိုက်အပြုံလိုက်ဝင်လာကြတော့မည် ကျွန်မတို့ဆီက တောင်တန်းများမှာ သစ် တောတွေပြုန်းခဲ့သည်မှာကြာပြီ၊၁၉၉ဝခု နှောင်းပိုင်းကာလမှ ယနေ့ထိ မသိမသာ မှ သိသိသာသာမြင်သာထင်သာရှိပါ၏ တည်ငြိမ်သောဘဏ္ဍာရေးကဏ္ဍများရှိလာ ပါက တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများရှိလာ တော့မည်ဖြစ်ရာမှာ ကုန်ထုတ်လုပ်မှု တိုး တက်လာခြင်းနှင့်ပတ်ဝန်းကျင်ပျက်စီးမှုကို မည်သို့မည်ပုံဆက်စပ်ဖြေရှင်းရမည် ဆိုသည်ကို စဉ်းစားကြရန်သာလိုသည်။ ရွာက သူတို့စဉ်းစားသည့်အထဲမှာ သူတို့ ၏ ကျန်းမာရေးကမပါပါ။ထင်းခုတ်က ပိုက်ဆံရသည်။ထင်းရောင်းကငွေရသည်။ ထို့အတွက် သည်ထက်ပို၍မစဉ်းစားခဲ့ကြ။ ရာသီဥတု ပြောင်းလဲမှုသည် ကျေးလက် ပြည်သူတို့၏ ကျန်းမာရေးကို တိုက်ရိုက် ၍သော်လည်းကောင်း သွယ်ဝိုက်၍သော် လည်းကောင်း ထိခိုက်စေသည့် အနေ အထားကို မစဉ်းစားခဲ့ကြပါ။အေးသော ရာသီဥတုတို့ ပူနွေးလာသောအခါ နှလုံး သွေးကြောကျဉ်းလာတတ်သည်။အသက် ရှုရပ်၍သေဆုံးတတ်သည်၊ရုတ်တရက် ဖြတ်သန်းသော အပူလှိုင်းတို့ကြောင့် နှလုံးသွေးကျောကျဉ်းကာရုတ်တရက်သေ ဆုံးစေနိုင်၏။အပူချိန်ပြောင်းလဲသော ကြောင့် (၁နှစ်၅နှစ်)တွင်း ကလေးများ ဝမ်းလျောရောဂါနှင့်သေဆုံးနိုင်သည့် အခြေအနေကို ဖန်တည်းပေးသလိုဖြစ်ရ သည်။ မွေးကင်းစကလေးများ သေပျောက် နှုန်းမြင့်စေသည်ကို ရွာသားများမသိကြ။ စုန်းပြုစား၍ နက်ကိုင်၍ကလေးသေ သည်ဆိုကာ နားအိုက်ခမ်းနှင့်ခိုက်တုန် ဟုန်းကျေးရွာကြားရှိ ညောင်ပင်မှနတ် စဉ်ကြီးမှာ ရုက္ခစိုးတင်ကြဖို့တော့တတ် သည်။ အပူချိန်မြင့်လာသောအခါ ငှက် ဖျားရောဂါနှင့်အခြားသော ရောဂါတစ်ချို့ ရွာထဲဝင်ကာမွှေတော့ရာမှပင် ညောင် ပင်ကြီးမှာ ပန်း၊ဆီမီး၊ရေချမ်းနှင့်အမေတို့ အလုပ်ရှုတ်ကြတော့သည်။ ၂ဝဝဝခုနှစ် က ရာသီဥတုပြောင်းလဲမှုကြောင့် ကမ္ဘာ ပေါ်တွင် လူ ၁၆၆ဝဝဝသေဆုံးခဲ့၏ လူ ဦးရေ ၇၇ဝဝဝမှာ စားနပ်ရိက္ခာပြတ်လပ် ခဲ့ကြသည်။ လူ၄၇ဝဝဝမှာ ဝမ်းလျော၍ ၂၇ဝဝဝမှာ ငှက်ဖျားရောဂါကိုခံစားခဲ့ရ သည်ဟု ကျွန်မဖတ်ခဲ့ရသည်Global Monitoring Report,2008 ကိုကျွန်မ ဖတ်ခွင့်ရသလို သူတို့ဖတ်ခွင့်ရနိုင်မည် မထင် ရှိစေတော့ ထို့ကြောင့် ၂ဝ၃ဝတွင် ဖန်လုံအာနိသင်ဓာတ်ငွေ့ထွက်နှုန်းက ၇၅ဝ ပီပီအမ်ထိတည်ငြိမ်စွာထိန်းထားနိုင် ဦးမည်ဆိုပါက ဖွံ့ဖြိုးပြီးလက်တင် အမေ ရိကနိုင်ငံများတွင် စားနပ်ရိက္ခာချို့တဲ့မှု က(၁၆ဆ)ရှိကာ အရှေ့တောင်အာရှနိုင်ငံ များက (၁၇ဆ)တိုးမြှင့်နိုင်သေးကြောင်း သိခွင့်ရလိုက်ပြန်ပါသည်။ ဝမ်းပျက်ရောဂါ က အရှေ့တောင်အာရှတွင် (၇ဆ)မြှင့် တက်ဦးမည်။ ၁၉၉ဝခုနှစ်ကို မူတည်၍ အဆပေါင်းများစွာ ပိုဦးတော့မည်ဟု ပညာရှင်တို့တွက်ချက်ထားကြပါ၏ လူ ဦးရေတိုးတက်မှုကြောင့် ဤသို့ဤနှယ် ဖြစ်ခဲ့ရသည်ဟု ခန့်မှန်းတွက်ချက်ကြခြင်း ဖြစ်သည်။ ရာသီဥတုပြောင်းလဲမှုကိုခံနိုင် ရည်ရှိကာ ယဉ်ပါးလာကြသော ခြင်တို့ ကြောင့် ရောဂါဖြစ်ပွားမှုကို လျော့ချနိုင် မည့်ဆေးသစ်များပေါ်ပေါက်လာနိုင်သော် လည်း အနော်ဖိလစ်ခြင်ကြောင့် ရောဂါ ဖြစ်ပွားမှုက ပုံမှန်တန်း၍သာရှိနိုင်သည် တဲ့။ကြိုတင်ပြင်ဆင်ကာဆေးဝါးထုတ်လုပ် ခြင်းနှင့်စားနပ်ရိက္ခာအတွက် တိုးချဲ့စိုက် ပျိုးထားနိုင်ပါမှ အာဖရိကနှင့်အရှေ့ တောင်အာရှမှ စားနပ်ရိက္ခာအတွက် ဆင်းရဲနွမ်းပါး၍အာဟာရ ချို့တဲ့ခြင်းကို လျော့ပါးအောင်စီစဉ်ထားသင့်သည်ဟု ၄င်းReport အစီရင်ခံစာတွင် ဖတ်ခွင့်ရ လိုက်ရာ ကျွန်မမှာ ထင်းခုတ်သူများ ကိုယ်စားကြောက်ရွံ့နေခဲ့မိပါသည်။ မျက်ကန်းတစ္ဆေမကြောက်ဟု ကျွန်မ ကြားဖူးသောစကားပုံလေးကို အမှတ်ရနေ မိပါ၏ မျက်ကန်းများတစ္ဆေမအကြောက် ပေသိ မျက်စေ့မကန်းသူက တစ္ဆေကြောက် မှာ မဆန်းလှပါ။မျက်လုံးများဝိုင်းဝန်းဖွင့် ပေးရန်လိုနေပြီဖြစ်ပါ၏။
ကျေးလက်ဒေသများတွင် စီးပွားရေး တစ်ခုတည်းကိုသာ စဉ်းစားလေ့ရှိကြပါ ၏ စီးပွားရေး၊ဂေဟစနစ်နှင့်လူမှုရေး ကဏ္ဍ(၃)ခုတို့ ဆက်စပ်နေကြောင်းကို အတော်လေးပင်ပြောဟောကြရဦးမည် ဖြစ်ပါသည်။တရုတ်ပြည်ဘက်သို့ ကားကြီး ကားငယ်အသွယ်သွယ်ဖြင့်စီးလျက်ထွက် သွားကြသော သစ်ပင်ကြီးများ၊လူမမာလို ဂရစ်သိုက်ချိတ်လျက် ခန့်ခန့်ကြီးပါသွား သော သစ်ပင်များ၊သစ်တုံးများကိုလည်း မြင်ခဲ့ရဖူးပါသည်။ရာသီဥတုကာကွယ်ခြင်း မပြုနိုင်သေးခင်မှာ ဥပဒေများအသက် ဝင်လာရေးကို ရှေးဦးစွာတိုက်တွန်းနှိုးဆော် ကာ ပညာပေးရန် ကျွန်မတို့ကြိုးစားကြ ရဦးမည်ဖြစ်ပါသည်။ ပြန်လည် ပြည့်ဖြိုး စွမ်းအင်များကိုအသုံးပြုခြင်းဖြင့်လည်း အစိမ်းရောင်ဖွံ့ဖြိုးရေးကို တိုးတက်စေနိုင် ပါသည်။ ကာဘွန်ဒိုင်အောက်ဆိုဒ်ထုတ် လုပ်မှုနည်းပါးသောစွမ်းအင်များထုတ်ခြင်း ဖြင့် အစိမ်းရောင်စိမ်းလန်းရပ်ဝန်းများ ပေါ်ထွန်းရန်လိုအပ်လျက်ရှိပြီဖြစ်ပါ၏ ကျွန်မတို့၏ ကျေးလက်ဒေသများတွင်နေ စွမ်းအင်ကို အသုံးပြုလျက်ရှိကြ၏ အိန္ဒိယ နိုင်ငံမှ ကျေးလက်ပြည်သူများ၏ ၆ဝရာ ခိုင်နှုန်းမှာ ဆိုလာစွမ်းအင်ကိုသုံးစွဲကာ ဆင်းရဲနွမ်းပါးမှုကိုလျော့ချနေပြီဖြစ်သည်။ ကျွန်မတို့၏ အိမ်နီးချင်းထိုင်းနိုင်ငံ(အယု ဒ္ဓယ)ပြည်နယ်၌ မြေပြင်ထက် မီတာဖြင့် သော အိမ်ကလေးများဆောက်လုပ်ကာ လူဦးရေ ၈ဝစာနေနိုင်စေရန် ရည်ရွယ် ကာ အိမ်ထောင်စု(၂ဝ)အတွက်Green Village ကိုဆောက်ပေးထားကြောင်းကြား သိရပါသည်။ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်သည့် စနစ် ကိုအသုံးပြုခဲ့ကြသည်။
ယင်းစီမံကိန်းအကြောင်းကိုEnvi ronmental of Economic Review စာ အုပ်တွင်ဖတ်လိုက်ရပါ၏ ယင်းရွာတွင် သူတို့စွန့်ပစ်သည့် အညစ်အကြေးမှ ဇီဝ လောင်စာထုတ်ကာ သီးနှံစိုက်ခင်းများ တွင်ပြန်လည်အသုံးပြုခဲ့ကြသေးသည်။ ရေခဏခဏကြီး၍ ဒုက္ခပင်လယ်ဝေခဲ့ရ သော ထိုင်းလူထုကရေလွတ်ရာပြေးရ သည့် ဒုက္ခမှကင်းဝေးစေရန် ကြံစည်ကာ အိမ်ဖြင့်ဆောင်များကို တံတားထိုးပေး၍ ချိတ်ဆက်ပေးခဲ့သည့် ဒီဇိုင်းက ပင်ဆန်း သကော လှပတင့်တယ်ခြင်းနှင့်ပြည့်စုံ လေရာ ဖိလစ်ပိုင်ကပင်သွားရောက်လေ့ လာခဲ့ရသည်ဟုကြားသိရပါသည်။ ၂ဝ၁၅ခုနှစ်တွင် ကျွန်မတို့နိုင်ငံမှာ ဆင်းရဲ နွမ်းပါးမှုနှုန်းထားကို ၁၆ရာခိုင်နှုန်းထိလျော့ ချမည်ဟု ရည်ရွယ်ထားရာ အယုဒ္ဓယ အစိမ်းရောင်ရပ်ဝန်းလို ကာဘွန်လျော့ချ ပေးသည့် စီမံကိန်းဝင် စခန်းငယ်များ ဆောက်လုပ်ရန်လိုအပ်သလို၊ကာဘွန်စုပ် ယူမှုလျော့နည်းသွားစေမည့် ထင်းခုတ် ရောင်းရခြင်းများကိုလည်း ရှောင်ကြဉ်စေ ခြင်းဖြင့် အစိမ်းရောင်ရပ်ဝန်းများတည် ဆောက်နိုင်ရန် ပထမခြေလှမ်းအဖြစ် ကျေးလက်လူထုနားဝင်အောင် အရင်ဆုံး ပြုရဦးမည်ဟူ၍သာ။



ဒေါက်တာစိန်စိန်သိန်း

0 comments:

Post a Comment