Monday, June 24, 2013

အလုပ်အကိုင် နေရာ ၂၂ဝဝဝ ကျော် ပေးနိုင်ရန် ကိုကာကိုလာ အချိုရည် စက်ရုံ တိုးမြှင့်မည်

အမေရိကန် အခြေစိုက် ကိုကာကိုလာ ကုမ္ပဏီက နှစ်ပေါင်း ၆ဝ အတွင်း ကိုကာကိုလာ အချိုရည် ပုလင်း များနှင့် သံဘူး စက်ရုံကို မြန်မာ နိုင်ငံတွင် ပြန်လည် စတင် ဖွင့်လှစ်ခဲ့ပြီး လာမည့် ငါးနှစ်အတွင်း ရင်းနှီးမြှုပ် နှံမှု အဖြစ် အမေရိကန် ဒေါ်လာ သန်း ၂ဝဝ ထည့်ဝင်၍ တိုးမြှင့် ထုတ်လုပ်သွားမည် ဖြစ်ကြောင်း ကိုကာကို လာ ကုမ္ပဏီ၏ ထုတ်ပြန်ချက် အရ သိရသည်။
အဆိုပါ ကိုကာကိုလာ ပုလင်းနှင့် သံဘူးစက်ရုံသည် ရန်ကုန် မြို့ပြင်တွင် ရှိပြီး ပင်းယ အဖျော် ယမကာ လုပ်ငန်းနှင့် တွဲဖက်လုပ်ကိုင် သွားမည်ဖြစ်ကြောင်း၊ အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၂၂ဝဝဝ ကျော်ကို လည်း ဖန်တီး ပေးသွားမည်ဖြစ်ကြောင်း ယင်း ကုမ္ပဏီမှ သိရသည်။ ''စက်ရုံတည်တဲ့ နေရာမှာ ပတ်ဝန်း ကျင် ထိခိုက်မှု မရှိအောင် အရင်ဦးစားပေး စဉ်းစားပြီး ရွေးချယ်ပါတယ်။ အလုပ်သမားတွေ အတွက် Human Right အပြည့်အဝရ ရှိဖို့ (လူ့အခွင့်အရေး ချိုးဖောက်ခြင်း မရှိအောင်) ဆောင်ရွက်ထားပါတယ်။ ကိုကာကိုလာ အချိုရည်ဘူးမှာ မြန်မာစာနဲ့ ရိုက်ထားတဲ့ အမှတ်တံဆိပ် အပြင် Sprite ပလတ်စတစ် ပုလင်း တွေကိုလည်း မကြာခင် ထုတ်လုပ်ဖို့ ရှိပါတယ်'' ဟု စက်ရုံ တာဝန်ခံ တစ်ဦးက ပြောကြားခဲ့သည်။ ကမ္ဘာ့ နာမည်ကြီး ကိုကာကိုလာ အချိုရည်ကို နှစ်ပေါင်း ၆ဝ အတွင်း ထိုင်းနိုင်ငံတွင် ပထမဆုံး အခြေချ ထုတ်လုပ် ခဲ့ရာမှ ၂ဝ၁၂ ခုနှစ်မှ စ၍ မြန်မာ တစ်နိုင်ငံလုံး၌ စတင် ထုတ်လုပ်ခဲ့ရာ မကြာမီ ကာလအတွင်း မြန်မာပြည် တွင် ဖန်ပုလင်းနှင့် သံဘူးများကို ဆက်လက် ထုတ်လုပ်ဖြန့်ချိ သွားမည်ဖြစ်ကြောင်း သိရသည်။ သိုက်ရာဇာ


0 comments:

Post a Comment