Sunday, June 2, 2013

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး(ပြည်ထောင်စု ၀န်ကြီး)ဦးဝင်းမြင့်၏သား သူရိန်ဆိုသူမှ မုံရွာမြို့ပေါ်တွင် မူးယစ်သောင်းကျန်း၍ မုံရွာမြို့တစ်ချို့အား ညပိုင်းတွင် ကားဖြင့် လိုက်တိုက်

(1-6-2013)နေ့ည(၉)နာရီခွဲအချိန့်ခန့်က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတစ်ဦးလည်းဖြစ်၊ ဇေယျာရွှေမြေ ဘောလုံးအသင်းပိုင်ရှင်လည်းဖြစ်သူ ဦးဝင်းမြင့်၏သား သူရိန်ဆိုသည် ကားနံပတ်(၃ဂ/၉၉၇၈)ကားအနက်ရောင်ဖြင့် မုံရွာမြို့၏ အထင်ကရလမ်းဖြစ်သည့် ဗိုလ်ချုပ် အောင်ဆန်းလမ်းမကြီးပေါ်တွင် အပြစ်မဲ့ပြည်သူတစ်ဦးအားလိုက်လံကာ ကားဖြင့်လိုက်တိုက်ခဲ့ကြောင်း သိရပါ သည်။
“တိုက်ခံရတဲ့ ကောင်လေးက မုံရွာမြို့နယ် တည်ငြိမ်အေးချမ်းရေးနှင့်တရားဥပဒေစိုးမိုးရေးကော်မတီ အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဦးတင်အေး ရဲ့ သားဖြစ်သူ မောင်လိမ္မာဖြိုး ကို လိုက်ပြီး ကားနဲ့တိုက်တာပါ။ကောင်လေးရဲ့ဆိုင်ကယ်နံပါတ်က(၃၂ယ/၅၀၅၀၄)ပါ။ကားနံပါတ်(၃ဂ/၉၉၈၇)ဆတ်ကားက မုံရွာတောင် ရပ်ကွက်ထဲကနေပြီး ဗိုလ်ချုပ်လမ်းအတိုင်း အရှိန်ပြင်းပြင်းနဲ့ မောင်းလာတာပါ။လမ်းမှာ ဆိုင်ကယ်မောင်းနေတဲ့ ကောင်လေးတစ်ယောက်ကို သက်သက်မဲ့လိုက်ပြီးတိုက်တာပါ။ ကလေးက ကြောင်တော့ရှောင်ပြီး မောင်းပြေး တယ်။နောက်ဆုံးမလွတ်လောက်လို့ထင်တယ် ဗိုလ်ချုပ်လမ်းနဲ့ အောင်မင်္ဂလာအမှတ်(၂)လမ်းထိပ်က ကွမ်းယာ ဆိုင်မှ ဆိုင်ကယ်ကိုထိုးရပ်လိုက်ပြီး ကွမ်းယာဝယ်သလိုပုံစံနဲ့ရှောင်နေလိုက်ပါတယ်။ဒါပေမဲ့ ကားကနောက်က နေပြီး အတင်းလိုက်လာပါတယ်။ကွမ်းယာဆိုင်ရှေ့မှာရပ်ထားတဲ့ ကလေးရဲ့ဆိုင်ကယ်ကို ခြေတောက်နဲ့ ဆောင့်ကန်ပြီးတွန်းလှဲလိုက်ပါတယ်။ကားပေါ်မှာကလည်း လူရမ်းကားဂိုဏ်းဆန်ဆန်လူတွေတော်တော်များ များပါလာပါတယ်။အဲဒီလူတွေက ကလေးကိုဆင်ပြီး ၀ိုင်းဝန်းရိုက်နှက်ခဲ့ကြပါတယ်။”လို့ မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ခဲ့ရသူ အောင်မင်္ဂလာရပ် ဗိုလ်ချုပ်လမ်းနေသူတစ်ဦး သလ္လာဝတီတိုင်းမ်ကိုအတည်ပြုပြောကြားခဲ့ ပါတယ်။
“ကျွန်တော်တို့ လိုက်ပြီးကြည့်တော့ အဲဒီကားက တင်ဝင်းထွန်းကုမ္ပဏီထဲမှာတွေ့ပါတယ်။အနောက်မြောက် တိုင်းစစ်ဌာနချုပ်မှ ဒုတိုင်းမှူးရဲ့သားနဲ့ဖုန်းဆက်နေတယ်လို့သိရပါတယ်။စောင့်ကြည့်နေတုန်းမှဲာ ကားထွက်လာ ပြီး နာရီစင်ဘက်ကို ဦးတည်မောင်းသွားလို့ လိုက်ကြည့်တော့ နာရီစင်နားက လ္ဘက်ရည်ဆိုင်မှာတွေ့လို့ ရဲစခန်း က တာဝန်ရှိ ရဲအုပ်တစ်ယောက်ကိုခေါ်ပြီး သွားပြောတော့ ရဲအုပ်ကို ငေါက်ငမ်းပြောဆိုပြီး နှင်ထုတ်ပါတယ်။ မင်းတို့လိုရဲကို ဒါထင်တယ် ဆိုပြီး ပြောလွတ်ပါတယ်။ပါလာတဲ့အရံမီးသတ်တစ်ဦးကိုလည်း မီးသတ်ကိုလည်း ဆဲရေးတိုင်ထွာလွတ်ပါတယ်။မြို့နယ်တည်ငြိမ်အေးချမ်းရေးကော်မတီလည်းထည့်မတွက်ဘူး ရဲတပ်ဖွဲ့လည်း စောက်ဂရုမစိုက်ဘူး ဟုဆိုကာ အော်ကြီးဟစ်ကျယ်နှင့် ပြောလိုက်တယ်”လို့ အဆိုပါပြသနာအားလိုက်လံရှင်း ပေးသူတစ်ဦးကဆိုပါတယ်။
ကားဖြင့်လိုက်လံတိုက်သူ သူရိန် ဆိုသူမှာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး(ပြည်ထောင်စု)၀န်ကြီး ဦးဝင်းမြင့် ဆိုသူ၏ သားဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီးဂုဏ်ဆောင် “ဇေယျာရွှေမြေ”ဘောလုံးအသင်း ကြီး၏ ဥက္ကဌအဖြစ်ဆောင်ရွက်နေသူတစ်ဦးလည်းဖြစ်ကြောင်းသိရပြီး မုံရွာတောင်ရပ်ကွက်ရှိ အများပြည်သူပိုင် ၀င်းခြံမြေများအား မတရားသိမ်းဆည်းခဲ့သူတစ်ဦး အနေဖြင့်လည်းနာမည်ကြီးနေသူတစ်ဦးဖြစ်ကြောင်းသိရ ပါသည်။
လွန်ခဲ့သော လအနည်းငယ်ခန့်ကလည်း မုံရွာမြို့မှ မိကောင်းဖခင် သမီးပျိုလေးများ၏ ညပိုင်းအလုပ်မှပြန်ချိန်တွင် ကားအနက်တစ်စီးဖြင့် လိုက်လံဆွဲရမ်းမှုများပြုလုပ်သည့်ကားမှာ အဆိုပါကား ဖြစ်နိုင်ဖွယ်ရှိနေတယ်လို့ မုံရွာမြို့ခံလူထုမှ သုံးသပ်ပြောဆိုသံများ ထွက်ပေါ်နေလျှက်ရှိကြောင်းသတင်းများ ရရှိထားပါသည်။

0 comments:

Post a Comment