၁၀ နှစ်ပြည့်ဆိုလို့ အခြားမဟုတ်ပါဘူး။ ပုံမှာ မြင်တွေ့ရတဲ့ အာကာသယာဉ် မှူးများရဲ့  ကွယ်လွန်ခြင်း ၁၀ နှစ်ပြည့် ဖြစ် ပါတယ်။ ၂၀၀၃ ခုနှစ် ဖေဖော်ဝါရီ လ ၁ ရက်နေ့က ဖြစ်ခဲ့ပါတယ်။
Space Shuttle Columbia အမည်ရ အာကသယဉ်ပျံနဲ့ ကမ္ဘာ့အပြင် ခရီးနှင်ပြီး ၁၆ ရက်အကြာမှာ ပေါက်ကွဲမှုကြောင့် အားလုံး ပွဲချင်းပြီး ကွယ်လွန်ခဲ့ကြပါတယ်။ အာကာသ ယဉ်ပျံ အက်ဆီးဒန့် သမိုင်းမှာ အဆိုးရွားအဆုံး အက်ဆီးဒန့် တစ်ခုဖြစ်ပြီး ယနေ့တိုင် ကြေကွဲဖွယ်ဖြစ်ရပ် တစ်ခုအဖြစ် ကျန်ရှိနေပါသေးတယ်။ ကွယ်လွန်သူ စုစုပေါင်း ၇ ဦး စလုံး ဖြစ်ပါတယ်။
ယင်းအက်ဆီးဒန့် ဖြစ်ပွားပြီးနောက် အာကာသယဉ်ပျံနှင့် သွားလာမှု လုံခြုံရေး ပိုမို အဆင့်မြင့်သွားပြီး နာဆာကို သင်ခန်းစားကြီး တစ်ခု ရစေခဲ့ပါတယ်။ ကမ္ဘာ့လူသားများအတွက် အသက်ပေးသွားတဲ့ သူရဲကောင်း အဖြစ် နာဆာမှ ယနေ့တိုင် အသိအမှတ်ပြုဂုဏ်တင်ထားပါတယ်။
သူတို့ရဲ့  မိသားစုဝင်များစွာ ကြေကွဲကျန်ရစ်ပြီး သားသမီးအရေအတွက် စုစုပေါင်း ၁၂ ဦး ရှိပါတယ်။ အငယ်ဆုံးကလေးဟာ အသက် ၁၅ နှစ်ရှိပြီ ဖြစ်ပြီး အကြီးဆုံးကတော့ ၃၂ နှစ်ရှိပြီ ဖြစ်ပါတယ်။ ကလေး များအတွက် ကျောင်းစရိတ်ကို နာဆာမှ ထောက်ပံ့နေရကြောင်း သိရပါ တယ်။

0 comments:
Post a Comment