Monday, June 10, 2013

ရုရှား သမ္မတ ဗလာဒီမာပူတင်ကွာရှင်းပြတ်စဲ လိုက်ခြင်းမှာ ဒီချစ်သူသစ်ကြောင့်လား..ဟု ထင်ကြေးပေးနေ

ရုရှား သမ္မတ ဗလာဒီမာပူတင်နဲ့လောလောလတ်လတ်မှာ နာမည်ကြီးနေတဲ့ အိုလံပစ်ရွှေတံဆိပ်ဆုရှင် ကျွမ်းဘားချန်ပီယံဟောင်း အလီနာ ဆိုတဲ့အမျိုးသမီးပါ.. ကမ္ဘာကျော်တို့ရဲ့ အတွင်းရေးကို အကြောင်းအမျိုးမျိုးစိတ်ပါဝင်စားသူတွေအတွက် ဒီသတင်းဟာ ထူးခြားမှုတစ်ခုဖြစ်ခဲ့ပါတယ်။  ပူတင်ရဲ့ မိသားစုဘ၀ကို အချိန်မပေးနိုင်မှုကြောင့် သမီးနှစ်ယောက်ရှိတဲ့ အိမ်ထောင်ရေးမှာ ဇနီးဖြစ်သူနဲ့ဇွန်လ 6ရက်မှာ တရားဝင်လမ်းခွဲဖို့ဖြစ်လာခဲ့ပါတယ်။
ပူတင်တို့ အိမ်ထောင်ရေးဟာ အနှစ်30ကျော်ခဲ့ပြီး နှစ်ဦးသဘောတူ လမ်းခွဲမှုဆိုတဲ့အကြောင်း ဇနီးဟောင်း လူဒီမီလာ ပူတင်က ပြောပါတယ်။ ဒီအချိန်မှာအသက်30အရွယ် ကျွမ်းဘား ချန်ပီယံဟောင်းကောင်မလေး နဲ့ ဇာတ်လမ်းကို ချဲ့ကားပြောဆိုကြပြီး ကလေးရှိနေတယ်လို့တောင် သတင်းတွေ ထွက်ခဲ့တာပါ... အမျိုးသမီးလေးကတော့ အဲဒီသတင်းတွေကိုငြင်းဆိုပြီး ပူတင်နဲ့ ကင်းကင်းရှင်းရှင်းနေထိုင်ကြောင်းပြော ခဲ့ပါသတဲ့... ပူတင်ဟာ အခုအချိန်မှာ အသက်60ရှိပါပြီ...

0 comments:

Post a Comment