Thursday, June 6, 2013

မြန်မာနိုင်ငံ၏ ထိပ်ဆုံးအခွန်ထမ်း ၁၀၀ ဦးစာရင်း ဇွန်လကုန်တွင် ထုတ်ပြန်မည်




မြန်မာနိုင်ငံ၏ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွက် ထိပ်ဆုံးအခွန်ထမ်း ၁၀၀ ဦးစာရင်းကို ၂၀၁၃ ခုနှစ် ဇွန်လကုန်တွင် ထုတ်ပြန်နိုင်မည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ သတင်းရရှိသည်။
လက်ရှိတွင် ပြည်တွင်းအခွန်များ ဦးစီးဌာန အနေဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးမှ ပေးပို့ထားသည့် ပြည်နယ်အလိုက် ထိပ်ဆုံးအခွန်ထမ်း ၁၀၀ ဦးစာရင်း၊ တိုင်းဒေသကြီးအလိုက် ထိပ်ဆုံးအခွန်ထမ်းဦးရေ ၁၀၀ စာရင်းတို့ ရရှိပြီး ဖြစ်သည့်အတွက် ပြည်ထောင်စုအဆင့် ထိပ်ဆုံးအခွန်ထမ်း ဦးရေ ၁၀၀ အထိ စာရင်းအား ထပ်မံပြုစုသည်မှာ ပြီးလုပြီဖြစ်သည်ဟု သိရသည်။
၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှစ၍ ဦးရေ ၁၀၀ အထိတိုး၍ ထုတ်ပြန်ပေးခဲ့ခြင်း ဖြစ်သည်။ ယခု ထုတ်ပြန်မည့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ထိပ်ဆုံးဦးရေ ၁၀၀ ထဲမှ အများဆုံး ပေးဆောင်ခဲ့သူမှာ ကမ္ဘောဇဘဏ် လုပ်ငန်းရှင် ဦးအောင်ကိုဝင်း ဖြစ်ကြောင်း . . . . .
ထို့အတွက် ယခု ဇွန်လအတွင်းနှင့် ဇွန်လကုန်တွင် ထုတ်ပြန်နိုင်မည် ဖြစ်ကြောင်း၊ ယခင်နှစ်များက မြန်မာနိုင်ငံ၏ ထိပ်တန်းအခွန်ထမ်း ငါးဦးစာရင်းသာ ထုတ်ပြန်နိုင်ခဲ့ပြီး ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှစ၍ ဦးရေ ၁၀၀ အထိတိုး၍ ထုတ်ပြန်ပေးခဲ့ခြင်း ဖြစ်သည်။
ယခု ထုတ်ပြန်မည့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ထိပ်ဆုံးဦးရေ ၁၀၀ ထဲမှ အများဆုံး ပေးဆောင်ခဲ့သူမှာ ကမ္ဘောဇဘဏ် လုပ်ငန်းရှင် ဦးအောင်ကိုဝင်း ဖြစ်ကြောင်းနှင့် ကျပ် ၁၀ ဒသမ ၈၂၇ ဘီလျံကျော် ပေးဆောင်ထားပြီး ဒုတိယအများဆုံး ပေးဆောင်ထားသူများမှာ ACE ဆောက်လုပ်ရေးကုမ္ပဏီ လီမိတက်နှင့် မက်စ်မြန်မာ ကုမ္ပဏီတို့ ဖြစ်သည်။
၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်က ၀င်ငွေခွန် အများဆုံး ပေးဆောင်သည့် ထိပ်တန်း ၁၀၀ ဦးထဲတွင် Myanmar Brewery Ltd မှာ အများဆုံး ပေးဆောင်ခဲ့သူဖြစ်ပြီး ဒုတိယ၀င်ငွေခွန် အများဆုံး ပေးဆောင်သူမှာ ကမ္ဘောဇဘဏ်ဖြစ်ကြောင်း သိရသည်။
၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်က ကုန်သွယ်လုပ်ငန်းခွန် အများဆုံး ပေးဆောင်သည့် ထိပ်တန်း ၁၀၀ ဦးထဲတွင်လည်း အများဆုံးပေးဆောင်သည့် ကုမ္ပဏီမှာ Myanmar Brewery Ltd ဖြစ်ကြောင်းနှင့် ဒုတိယ အများဆုံး ပေးဆောင်သူမှာ Rothmans Of Pall Mall Myanmar Pte.Ltd ဖြစ်ကြောင်း သိရသည်။

By Eleven Journal

0 comments:

Post a Comment