Monday, June 10, 2013

ဒေါ်စု သမ္မတဖြစ်လာနိုင်အောင် ဥပဒေပြောင်းပေးဖို့ အာဏာမရှိလို့ သမ္မတပြော

Monday, June 10, 2013

 
 မြန်မာနိုင်ငံရဲ့ အခြေခံဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်မလာနိုင်အောင် တားဆီးထားတဲ့ ဥပဒေကို သူ့အနေနဲ့ ပြောင်းပေး ဖို့ အာဏာမရှိဘူးလို့ သမ္မတ ဦးသိန်းစိန်က ပြောလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ သွားရောက် သတင်းယူခဲ့တဲ့ အေဘီစီ သတင်းထောက်နဲ့ သီးသန့်တွေ့ဆုံမှုမှာ သမ္မတက ပြောခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ နိုင်ငံခြားသား ခံယူထားတဲ့ သားသမီးတွေရှိသူတွေကို သမ္မတဖြစ်ခွင့်က ပိတ်ပင်ထားပြီး ဒေါ်အောင် ဆန်းစုကြည်ရဲ့ သားနှစ်ယောက် စလုံးက နိုင်ငံခြားသား ဖြစ်နေတဲ့အတွက် အလိုအလျောက် သမ္မတဖြစ်ခွင့် မရနိုင်တာ ဖြစ်ပါတယ်။

သမ္မတဦးသိန်းစိန်က သူ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ် လာအောင် လုပ်ဆောင်လို့ မရဘူးလို့ ပြောလိုက်ပါတယ်။

ကျနော်တို့ ဒီ Constitution (ဖွဲ့စည်းပုံ အခြေခံဥပဒေ) မှာ ပြင်ဆင်နိုင်တဲ့ amendment တွေ ကျနော်တို့ ထည့်ပေးထားပါတယ်။ ဒီ constitution ဟာလည်း လူတွေ ရေးဆွဲတာ ဖြစ်တဲ့အတွက်ကြောင့် ပြင်လို့လည်း ရနိုင်တဲ့ အနေအထားမှာ ရှိပါတယ်။ တချို့နိုင်ငံတွေမှာလည်း constitution ကို အဆင့်ဆင့် ပြင်လာကြတာပါပဲ။ သို့သော်လည်း အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး မဖြစ်ရေးဟာ တစ်အချက်ကတော့ သူ့ရဲ့ဆန္ဒအပေါ် မူတည်ပါတယ်။ နောက်တစ်ခုက လွှတ်တော်မှာ ရှိနေတဲ့ လွှတ်တော်
ကိုယ်စားလှယ်တွေရဲ့ ဆန္ဒအပေါ်မှာလည်း မူတည်ပါတယ်။

တတိယအချက်ကတော့ constitution ကို ကျနော်တို့ မဲနဲ့ ထည့်ပြီးတော့မှ အတည်ပြုပေးလိုက်တဲ့ မဲဆန္ဒရှင် ပြည်သူတွေရဲ့ ဆန္ဒပေါ်မှာလည်း မူတည်ပါတယ်။ လွှတ်တော်ကလည်း သဘောတူတယ်၊ ပြည်သူတွေ
ကလည်း သဘောတူတယ်ဆိုရင် ကျနော့်အနေနဲ့ ဘာမှ ကန့်ကွက်စရာ အကြောင်းမရှိပါဘူး။

0 comments:

Post a Comment