ကျွန်တော်၏ ဖေဖေသည် ဦးလှဖြစ်ပါသည် ကျွန်တော်၏ဖေဖေမှာ အရာရှိကြီးဖြစ်ပါသည် ကျွန်တော်၏ ဖေဖေကို အဘဟုခေါ်ပါသည် ကျွန်တော်၏ဖေဖေတွင် တပည့်များရှိပါသည် ကျွန်တော်၏ဖေဖေသည် လက်မှတ်တွေ အများကြီးထိုးရပါသည် ခရီးထွက်လျင် ကျွန်တော်၏မေမေ ဒေါ်လှနှင့်ကျွန်တော် မောင်လှတို့ ရံဖန်ရံခါ လိုက်ပါသွားတတ်ပါသည် ခရီးသွားလျင် ကားနက်ကြီးနှင့် သွားရပါသည် ကျွန်တော်၏ဖေဖေနှင့် ခရီးသွားရသည်မှာအလွန်ပျော်စရာ ကောင်းပါသည် ကျွန်တော်၏ဖေဖေဦးလှ၏ စကားကို တပည့်များမှ ရိုကျိုးစွာ နားထောင်ကြပါသည် ဖေဖေ၏ တပည့်များမှာ သူတို့စိုက်ပျိုးထားသော ချဉ်ပေါင်ခင်းများ မီးစက်များ ဂိုဒေါင်ဟောင်းများ ဝါးတံတားများကို လိုက်လံပြသကြပါသည် အလွန်ပျော်စရာကောင်းပါသည် ကျွန်တော်က ချဉ်ပေါင်ခင်းထဲ သွားပြီး အကြီးဆုံး ချဉ်ပေါင်ပင်များ နှုတ်ယူပါသည် ဂိုဒေါင်ထဲဝင်၍လိုချင်များ နှိုက်ယူပါသည် ဝါးတံတားဆီသွား၍ ဖနောင့်နှင့်နင်းချိုးပါသည် ဖေဖေ၏ တပည့်များကပြုံးကြည့်နေကြပါသည် ထမင်းစားချိန်၌ တပည့်များက "ဘဘ ဘာစားမှာလဲ အသားရှောင်တာလား ငါးရှောင်တာလား"ဟု လာမေးတတ်ပါသည်
ထိုအခါ ဖေဖေက "ရပါတယ် ဘာဖြစ်ဖြစ်" ဟုသာဆိုတတ်ပါသည် ဖေဖေသည် ဘဲသားနှင့်ပုစွန်ထုပ်မီးဖုတ် ကိုအလွန်ကြိုက်ပါသည် ဘာဖြစ်ဖြစ်ဆိုသော်လည်း တပည့်များက အလိုက်တသိနှင့် ချက်ပေးရပါသည် မေ့သွားပါက ဖေဖေစိတ်မကြည်တော့ပါ ဖေဖေက လုပ်ငန်းများကို စစ်ပြီးတိုင်း "မင်းတို့လုပ်တာ အဘကိုငါတငိပြပေးမယ်" ဟုသာတွင်တွင်ပြောတတ်ပါသည် ဖေဖေ၏ အဘ ကျွန်တော်၏ ဘိုးဘိုးမှာ သေသွားတာဖြင့်ကြာပြီဖြစ်ပါသည် ယခု ဖေဖေပြောသော အဘမှာ ဘယ်သူဟု ကျွန်တော်မသိပါ
ဖေဖေနောက်တစ်နေရာ ကူးတော့မည်ဆိုလျင် တပည့်များက မီးစက်များ ပန်းအိုးများ ရေဘူးများကို ဖေဖေ၏ကျောဘက်မှ သယ်၍ကားပေါ်တင်ကာ မောင်းပြေးတတ်ပါသည် ဒါမှ ဖေဖေနောက်တစ်နေရာရောက်ချိန် မီးဆိုလင်းထိန် ပန်းဆိုမညှိုးရှိနေပေလိမ့်မည် ဖေဖေသွားရာ လမ်းတစ်လျောက် စည်ပင်ဝန်ထမ်းများလည်း အလုပ်လုပ်ကြပါသည် ဆေးရုံမှ လူနာများပင် စိတ်ချမ်းသာကြပါသည် ဒုက္ခသည်များ လည်းပျော်ရွှင်မြူးထူးကြပါသည် ဒုက္ခသည်များမှာ လူမပြောင်းပါ မီးစက်နှင့်အတူ ကားပေါ်တင်ရွှေ့ပေး၍ဖြစ်ပါသည်
နောက်တစ်နေ့တွင်လည်း မီးများထိန်ညီးနေပါသည် ကျွန်တော်နှင့်ရွယ်တူကျောင်းသားများက ကွန်ပျူတာနှင့် ဂိမ်းများဆော့ပြကြပါသည် "ဘဘကြီး ကျန်းမာပါ"စေဟု ရေးပြကြပါသည် ထိုကွန်ပျူတာများမှာလည်း တခြားနေရာမှရွှေ့လာကြောင် ကျွန်တော်သိပါသည် ငရုတ်ကောင်းပင်များ စိုက်ပျိုးထားခြင်းကိုလည်းလိုက်ပြကြပါသည် ဒုက္ခသည်များလည်းပျော်နေကြပါသည် တံတားဖဲကြိုးဖြတ်ရပါသည်
အိမ်ပြန်ရောက်သောအခါ ကျွန်တော်ဝမ်းသာ ဝမ်းနည်းဖြစ်ရပ်သည် ဝမ်းသာရခြင်းမှာ လက်ဆောင်ပစ္စည်းများ ရ၍ဖြစ်ပါသည် ပိုနေသောလက်ဆောင်ပစ္စည်းများကို တန်ခိုးကြီးဘုရားများသို့သွား၍ လှုပါသေးသည် ဝမ်းနည်းရခြင်းမှာ ကျောင်းပြန်တက်ရမှာဖြစ်၍ ဖြစ်ပါသည်
ကျွန်တော်၏ဖေဖေသည် လွန်စွာသည်းခံနိုင်သူ ခွင့်လွှတ်နိုင်သူဖြစ်၍ ဂုဏ်ယုမိပါသည် အရာရာကျုမသိချင်ယောင်ဆောင်လည်း ဆောင်နေပေးတတ်ပါသည် ရသညိ့လခနှင့် ပေးသမျ လက်ဆောင်ကလေးများကိုသာယူ၍ ချို့ချို့ငဲ့ငဲ့သာနေပါသည် ကျွန်တော်သည် တာဝန်သိသော သည်းခံစိတ်ရှိသော ဖေဖေ့ကိုပိုင်ဆိုင်ထား၍ ဂုဏ်ယူမိပါသည် ကျွန်တော်လည်း ကြီးလာလျင် ဖေဖေ့လိုသည်းခံခွင့်လွှတ်စိတ်ရှိသော အဘဖြစ်အောင် ကြိုးစားပါဦးမည်
အကြည်တော်

0 comments:
Post a Comment