Wednesday, June 26, 2013

ထိုင်းအစိုးရက ရာမာဒန်အပစ်အခတ်ရပ်စဲရေး သူပုန်များ တောင်းဆိုမှုကို ငြင်းဆို

Wednesday, June 26, 2013


ရာမာဒန်ကာလအတွင်း အပစ်အခတ်ရပ်စဲရေးအတွက် အလဲအလှယ်တစ်ခုအနေဖြင့် မွတ်ဆလင်လူများစုနေထိုင်ရာ တောင်ပိုင်းမှ သူပုန်များ က စခန်းများသို့ ပြန်လည်ဆုတ်ခွာရန် စစ်တပ်အား အင်္ဂါနေ့တွင် တောင်းဆိုသည်ကို အစိုးရက ချက်ချင်းငြင်းဆန်လိုက်သည်။

ထိုင်းတောင်ပိုင်းတွင်း ဆယ်စုနှစ်တစ်ခုနီးပါး သူပုန်ထနေကြရာ လူပေါင်း ၅၅၀၀ကျော် သေဆုံးပြီဖြစ်ပြီး မကြာမီက အာဏာပိုင်များနှင့် ဘီ အာရ်အန်တပ်ဖွဲ့အပါအဝင် သူပုန်တပ်တချို့ကြား ဆွေးနွေးပွဲများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် ငြိမ်းချမ်းရေးအတွက် အကောင်းမြင်မှုများ ရှိခဲ့သည်။

ရာမာဒန်ကာလငြိမ်းချမ်းရေးအတွက် အခြေအနေများကို ကြည့်လျှင် ဇွန် ၁၄ နောက်ဆုံးတခေါက်ဆွေးနွေးပွဲကို ပြီးနောက် ဘီအာရ်အန် ပြော ရေး ဆိုခွင့်ရှိသူက ၎င်းတို့သည် အကယ်၍ ထိုင်းအစိုးရအနေနှင့် လုံခြုံရေးတပ်များကို ၎င်းတို့၏အခြေစိုက်စခန်းများထိ ဆုတ်ခွာရေး အပါအဝင် တောင်းဆိုမှုများကို ဖြည့်ဆည်းပါက ၎င်းတို့လုပ်ဆောင်နေမှုများကို ရပ်ဆိုင်းမည်ဖြစ်ကြောင်း ပြောကြားသည်။

ထိုင်းတပ်ဖွဲ့သည် ရွာများမှဆုတ်ခွာပြီး အခြေစိုက်စခန်းများသို့ပြန်ရမည်ဖြစ်ကြောင်း ဘီအာရ်အန်မှ ဟက်ဆန်တေ့ဘ်က ပြောကြားပြီး ယာလာ၊ နာရာသီဝတ်နှင့် ပက်တာနီနယ်တို့ရှိ ဖမ်းဆီးခြင်း၊ လမ်းပိတ်ခြင်း တိုက်ခိုက်ခြင်းများကို ရပ်တန့်ရန်လည်းတောင်းဆိုထားသည်။

ထိုင်းအစိုးရသည် တောင်းဆိုချက်အတွက် တရားဝင်ထုတ်ပြန်ချက်ကို ဇူလိုင် ၃ ရက်တွင် အကြောင်းပြန်ရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ကျွန်တော်တို့ဘက်ကတော့ ဘီအာရ်အန်ဟာ တိုက်ခိုက်မှုတွေ လျှော့ချရုံသာမက ရပ်တန့်တဲ့ထိလုပ်မယ်၊ ဒါဟာရာမာဒန်ကာလအတွင်း မွတ်ဆလင်တွေကို လေးစားသမှု ပြုတာပါပဲ” ဟု ဆက်လက်ပြောကြားသည်။

ရာမာဒန်သည် မွတ်ဆလင်ပြက္ခဒိန်၏ ကိုးလမြောက်လဖြစ်ပြီး ၎င်းတို့ဥပုသ်လဖြစ်ကာ ဇူလိုင်ပထမပတ်တွင် စတင်သည်။

တောင်းဆိုမှုနှင့်စပ်လျည်း၍ ထိုင်းဒုဝန်ကြီး ချာလမ်းယူဘန်ရန်က အစိုးရသည် လုံခြုံရေးတပ်ဖွဲ့ကို အခြေစိုက်စခန်းသို့ ပြန်လည်တပ်ဆုတ်ရန် မည်သည့်နည်းနှင့်မျှ လုပ်ဆောင်မည်မဟုတ်ကြောင်း ဆိုသည်။

“အဲဒီတောင်းဆိုမှုတွေကို လက်မခံတာဟာ အစိုးရရဲ့အခွင့်အရေးပါ” ဟု သူပုန်များ၏ တောင်းဆိုမှုကို ဘန်ကောက်က တုံ့ပြန်မှုအပေါ် တိုက် ခိုက်မှု လျှော့ချရန် မယုံကြည်မှုအဖြစ်မြင်သော ၎င်းက ပြောကြားသည်။

“ဘီအာရ်အန်တွေဟာ လူတွေကို မထိန်းချုပ်နိုင်ပါဘူး၊ ကျွန်တော်ကတော့ တိုက်ခိုက်မှုတွေ လျော့သွားမယ်လို့ မယုံကြည်ဘူး၊ ကျွန်တော်တို့ မှာ ကိုယ်ပိုင်လုံခြုံရေးအတိုင်းအဆရှိပါတယ်” ဟု ဆက်လက်ပြောကြားသည်။

Credit To >မြန်မာ့ခေတ်

0 comments:

Post a Comment