Wednesday, May 8, 2013

Suzuki ကားကုမ္ပဏီ၏ ရန်ကုန်စက်ရုံထုတ် ကားများ မေလကုန်တွင် စတင်ရောင်းချမည်

ဂျပန်အခြေစိုက် Suzuki ကားကုမ္ပဏီ၏ ရန်ကုန်စက်ရုံထုတ်ကားများ မေလကုန်တွင် စတင်ရောင်းချမည်ဖြစ်ကြောင်း Myanmar Suzuki Motor Co.,Ltd မှ Admin Manager ဦးရဲထွန်းဦးက ပြောသည်။

"ကျွန်တော်တို့ ဒီလထဲမှာစပြီး ရောင်းနိုင်ဖို့ ပြင်ဆင်နေပါတယ်။ ပစ်ကပ်ကားတွေကို ရောင်းသွားမှာပါ" ဟု ဦးရဲထွန်းဦးက ပြောသည်။

Suzuki သည် ၁၉၉၉ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ ပစ်ကပ် (R-) နှင့် ၀က်ဂွန် (R+) မော်တော်ယာဉ်များနှင့် ဆိုင်ကယ်များ ရောင်းချခဲ့ဖူးပြီး ယခုသုံးနှစ်ဝန်းကျင် ကာလတွင် မြန်မာဈေးကွက်သို့ ပြန်လည် ၀င်ရောက်လာခြင်း ဖြစ်သည်။ ယခင် ၀င်ရောက်ခဲ့ချိန်တွင် ပစ်ကပ်နှင့် ၀က်ဂွန်နှစ်မျိုးပေါင်း ယာဉ်စီးရေ ၆၀၀၀ ခန့်နှင့် မော်တော်ဆိုင်ကယ်စီးရေ ၁၀၀၀၀ ခန့် ရောင်းချခဲ့သည်။

Myanmar Suzuki Motor Co.,Ltd သည် မြန်မာနိုင်ငံတွင် တစ်လလျှင် ယာဉ်စီးရေ ၁၀၀ ထုတ်လုပ်နိုင်သည့် စက်ရုံကို တည်ထောင်ထားပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ၂၀၁၃ ခုနှစ် ဇန်န၀ါရီလက ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

Suzuki သည် ၁၀၀ ရာခိုင်နှုန်း တစ် ဦးတည်း ရင်းနှီးမြှုပ်နှံမှုဖြင့် ၀င်ရောက်လာခြင်းဖြစ်ပြီး ပထမအကြိမ် ၀င်ရောက်လာစဉ်က တိုယိုတာအုပ်စုဝင် Toyota Tsusho ကော်ပိုရေးရှင်းနှင့် အကျိုးတူဖက်စပ် လုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။

Suzuki သည် မြန်မာနိုင်ငံတွင် စက်ရုံတည်ထောင်ထားသည့် တစ်ခုတည်းသော ဂျပန်ကားကုမ္ပဏီဖြစ်ပြီး စက်ရုံကို တိုးချဲ့ဖွဲ့စည်းသွားရန် ရှိကြောင်း သိရသည်။ Suzuki ယာဉ်တပ်ဆင်မှု စက်ရုံကို ၂၃/၄၇၆ (ဂ) မိုးကုတ်လမ်း တောင်ဒဂုံစက်မှုဇုန်တွင် တည်ထောင်ထားခြင်း ဖြစ်သည်။

Suzuki မော်တာကော်ပိုရေးရှင်းကို ၁၉၀၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ဂျပန်နိုင်ငံ၏ စတုတ္ထမြောက် အကြီးဆုံး ကားကုမ္ပဏီ ဖြစ်သည်။ ၂၀၁၂ ခုနှစ်အတွင်း မော်တော်ယာဉ်စီးရေ သုံးသန်းဝန်းကျင် ရောင်းချခဲ့ရပြီး ၀င်ငွေ အမေရိကန်ဒေါ်လာ ၃၂ ဘီလျံဝန်းကျင် ရရှိခဲ့သည်။

Suzuki ကားများကို ကမ္ဘာ့နိုင်ငံပေါင်း ၁၉၀ ကျော်တွင် ဖြန့်ဖြူးရောင်းချလျက်ရှိပြီး ၎င်း၏ ကားအမျိုးအစားများမှာ Alto၊ Lapin၊ MR Wagon၊ Palette၊ Wagon R၊ Solio၊ Splash၊ Swift၊ SX4၊ Kizashi၊ Every၊ Every Landy၊ Ertiga၊ Landy၊ APV၊ Jimny၊ Escudo၊ Carry၊ Equator စသည်တို့ ဖြစ်သည်
Photo: Suzuki ကားကုမ္ပဏီ၏ ရန်ကုန်စက်ရုံထုတ် ကားများ မေလကုန်တွင် စတင်ရောင်းချမည်
====================================
ဂျပန်အခြေစိုက် Suzuki ကားကုမ္ပဏီ၏ ရန်ကုန်စက်ရုံထုတ်ကားများ မေလကုန်တွင် စတင်ရောင်းချမည်ဖြစ်ကြောင်း Myanmar Suzuki Motor Co.,Ltd မှ Admin Manager ဦးရဲထွန်းဦးက ပြောသည်။

"ကျွန်တော်တို့ ဒီလထဲမှာစပြီး ရောင်းနိုင်ဖို့ ပြင်ဆင်နေပါတယ်။ ပစ်ကပ်ကားတွေကို ရောင်းသွားမှာပါ" ဟု ဦးရဲထွန်းဦးက ပြောသည်။

Suzuki သည် ၁၉၉၉ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ ပစ်ကပ် (R-) နှင့် ၀က်ဂွန် (R+) မော်တော်ယာဉ်များနှင့် ဆိုင်ကယ်များ ရောင်းချခဲ့ဖူးပြီး ယခုသုံးနှစ်ဝန်းကျင် ကာလတွင် မြန်မာဈေးကွက်သို့ ပြန်လည် ၀င်ရောက်လာခြင်း ဖြစ်သည်။ ယခင် ၀င်ရောက်ခဲ့ချိန်တွင် ပစ်ကပ်နှင့် ၀က်ဂွန်နှစ်မျိုးပေါင်း ယာဉ်စီးရေ ၆၀၀၀ ခန့်နှင့် မော်တော်ဆိုင်ကယ်စီးရေ ၁၀၀၀၀ ခန့် ရောင်းချခဲ့သည်။

Myanmar Suzuki Motor Co.,Ltd သည် မြန်မာနိုင်ငံတွင် တစ်လလျှင် ယာဉ်စီးရေ ၁၀၀ ထုတ်လုပ်နိုင်သည့် စက်ရုံကို တည်ထောင်ထားပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ၂၀၁၃ ခုနှစ် ဇန်န၀ါရီလက ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

Suzuki သည် ၁၀၀ ရာခိုင်နှုန်း တစ် ဦးတည်း ရင်းနှီးမြှုပ်နှံမှုဖြင့် ၀င်ရောက်လာခြင်းဖြစ်ပြီး ပထမအကြိမ် ၀င်ရောက်လာစဉ်က တိုယိုတာအုပ်စုဝင် Toyota Tsusho ကော်ပိုရေးရှင်းနှင့် အကျိုးတူဖက်စပ် လုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။

Suzuki သည် မြန်မာနိုင်ငံတွင် စက်ရုံတည်ထောင်ထားသည့် တစ်ခုတည်းသော ဂျပန်ကားကုမ္ပဏီဖြစ်ပြီး စက်ရုံကို တိုးချဲ့ဖွဲ့စည်းသွားရန် ရှိကြောင်း သိရသည်။ Suzuki ယာဉ်တပ်ဆင်မှု စက်ရုံကို ၂၃/၄၇၆ (ဂ) မိုးကုတ်လမ်း တောင်ဒဂုံစက်မှုဇုန်တွင် တည်ထောင်ထားခြင်း ဖြစ်သည်။

Suzuki မော်တာကော်ပိုရေးရှင်းကို ၁၉၀၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ဂျပန်နိုင်ငံ၏ စတုတ္ထမြောက် အကြီးဆုံး ကားကုမ္ပဏီ ဖြစ်သည်။ ၂၀၁၂ ခုနှစ်အတွင်း မော်တော်ယာဉ်စီးရေ သုံးသန်းဝန်းကျင် ရောင်းချခဲ့ရပြီး ၀င်ငွေ အမေရိကန်ဒေါ်လာ ၃၂ ဘီလျံဝန်းကျင် ရရှိခဲ့သည်။

Suzuki ကားများကို ကမ္ဘာ့နိုင်ငံပေါင်း ၁၉၀ ကျော်တွင် ဖြန့်ဖြူးရောင်းချလျက်ရှိပြီး ၎င်း၏ ကားအမျိုးအစားများမှာ Alto၊ Lapin၊ MR Wagon၊ Palette၊ Wagon R၊ Solio၊ Splash၊ Swift၊ SX4၊ Kizashi၊ Every၊ Every Landy၊ Ertiga၊ Landy၊ APV၊ Jimny၊ Escudo၊ Carry၊ Equator စသည်တို့ ဖြစ်သည်။

(Lwin And Swan နှင့် ချိတ်ဆက်ဖွင့်လှစ်ထားသည့် Suzuki ကား အရောင်းပြခန်းနှင့် ၀န်ဆောင်မှုစင်တာကို တွေ့ရစဉ်)
(ဓာတ်ပုံ-ဖြိုးပြည့်စုံ)

Ref:Eleven Media GroupLwin And Swan နှင့် ချိတ်ဆက်ဖွင့်လှစ်ထားသည့် Suzuki ကား အရောင်းပြခန်းနှင့် ၀န်ဆောင်မှုစင်တာကို တွေ့ရစဉ်)
(ဓာတ်ပုံ-ဖြိုးပြည့်စုံ)

0 comments:

Post a Comment