Wednesday, May 1, 2013

တာမွေရာပြည့်ဈေး ရွှေ့ပြောင်းမှုအတွက် NNDP မှကူညီမည်

မေလ ၁ ရက် ၂၀၁၃

တာမွေရာပြည့်ဈေးဆိုင်ခန်းများဖယ်ရှားခိုင်းခြင်းသည် ဈေးသူဈေးသားများအပေါ်တွင်လူ့အခွင့်အရေးချိုးဖောက်ခြင်း နှင့်သက်ဆိုင်နေသဖြင့်တဖက်တလမ်းကကူညီမည်ဟုသင်္ကန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အမျိုးသားဒီမိုကရေစီပါတီသစ်(NNDP)၏ဥက္ကဌဦးသိန်းညွှန့်ကမဇ္စိျမကို ပြောသည်။

၎င်းက“အခု ဖြစ်တဲ့ကိစ္စကသူတို့ရဲ့စားဝတ်နေရေး၊သူတို့ရဲ့ဘ၀ရပ်တည်ရေးနဲ့ဆိုင်တယ်၊အဲဒါကြောင့်ကျွန်တော် မြို့နယ်မဟုတ်ပေမယ့်ဝင်ရပ်ပေးတာပါ၊အအခုလောလောဆယ်တော့အတတ်နိုင်ဆုံးပြောင်းတဲ့ရက်ကိုဆိုင်းဖို့စာပို့ပေးပါ့မယ်၊”ဟုဆိုသည်။
ထို့အပြင်မြို့တော်စည်ပင်သာယာရေးဥပဒေကို ပြန်လည်ပြင်ဆင်ကာ ဈေးသူဈေးသားများဘ၀တည်ငြိမ်လုံခြုံမှုရှိသည့်အစီစဉ်များချမှတ်ရန်လိုအပ်သကဲ့သို့ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီသည် ပြည်သူများတင်မြှောက်သည့် ကော်မတီ ဖြစ်စေရန်ဥပဒေအရ ပြင်ဆင်ဖို့လိုအပ်ကြောင်းဦးသိန်းညွှန့်မှသူ့အမြင်ကိုရှင်းပြခဲ့သည်။

တာမွေရာပြည့်ဈေးအားကုမ္မဏီမှ နှစ်နှစ်အတွင်းအပြီးသတ် ပြန်လည်ပြင်ဆင် ဆောက်လုပ်ပေးကာဆိုင်ခန်းများပိုင်ဆိုင်မှုအလိုက်အတိအကျ ပြန်လည်ပေးမည်ဟုဆိုခဲ့သော်လည်းရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှထုတ်ပြန်ချက်များမရရှိသဖြင့်ပွင့်လင်းမြင်သာမှုမရှိဟု ဈေးသူဈေးသားများမှ ဝေဖန်ခဲ့ကြသည်။

တာမွေရာပြည့်ဈေးတွင်၂၅နှစ်ခန့်သားငါးများကို ရောင်းချလျက်ရှိသော ဒေါ်ခင်မြမြက“ကျွန်မတို့ကိုဒီကနေပြောင်းဖို့ကျတော့ရက်အတိအကျ ပြောတယ်။ ဈေးသစ်ကိုဘယ်တော့ပြန်ဝင်ရမလဲဆိုတာကျတော့အတိအကျမပြောဘူး”ဟုဆိုသည်။

တာမွေရာပြည့်ဈေးသည်ဆိုင်ခန်းပေါင်း၅၀၀ ကျော်ခန့်ရှိပြီးဆိုင်ခန်းတစ်ခန်းလျှင်လစဉ်ငှားရမ်းခအနေဖြင့်စည်ပင်သာယာရေးကော်မတီသို့ဆိုင်ခန်းငှားရမ်းကြေး၁၅၀၀ကျပ်နှင့်အတူမီးသုံးစွဲခ၁၅၀၀ကျပ်ကိုပေးဆောင်ရကာ နှစ်စဉ်အခွန်ကြေးအနေဖြင့်ကျပ်၂၅၀၀ကိုလည်း ပေးဆောင်ရသည်ဟုတာမွေဈေးတွင်ဈေးရောင်းသူတစ်ဦးဖြစ်သူ ဒေါ်နီနီထွန်းက ပြောသည်။

ဦးသိန်းညွှန့်ဦးဆောင်သောNNDPသည် ဈေးကိစ္စများနှင့်ပတ်သတ်ပြီးမ၇မ်းကုန်းမြို့နယ်ဈေး၊ဘုရင့်နောင်ဈေး၊မင်္ဂလာဒုံ၊ထောက်ကြံ့ဈေး၊များတွင်ဖြစ်ပေါ်ခဲ့သောအလားတူကိစ္စရပ်များကိုလည်းပါဝင် ဖြေရှင်းပေးခဲ့ဖူးသည်။

0 comments:

Post a Comment