ရန်ကုန်၊ မေ ၁။
အများပြည်သူရုံးပိတ်ရက်အဖြစ်အစိုးရမှတရားဝင်အားလပ်ရက်အဖြစ်သတ်မှတ်ထားသော နေ့များတွင်အချိန်ပိုကြေး ပေးဆောင်ခြင်းမရှိဘဲအလုပ်သမားများကိုအလုပ်ဆင်းခိုင်းပါကအလုပ်သမားဝန်ကြီးဌာနကိုတိုင်ကြားနိုင်ကြောင်း ရှေ့နေဦးခင်မောင်ရှိန်၏ ပြောကြားချက်အရသိရသည်။
အစိုးရမှအများပြည်သူရုံးပိတ်ရက်အဖြစ်တရားဝင်သတ်မှတ်ထားသောရုံးပိတ်ရက်များတွင်စူပါမားကတ်၊စားသောက်ဆိုင်စသောပုဂ္ဂလိကပိုင်လုပ်ငန်းများတွင်တာဝန်ထမ်းဆောင်နေကြသောဝန်ထမ်းများမှာအများနည်းတူနားရက်အဖြစ်ရရှိခြင်းမရှိဘဲအလုပ်ဆင်းနေရခြင်းများရှိရာအလုပ်ရှင်များဘက်မှအလုပ်သမားများနှင့်ညှိုနှိုင်းမှု ပြုလုပ်ပြီးအချိန်ပိုကြေး ပေးခြင်းများကိုလုပ်ဆောင်ရန်လိုအပ်ကြောင်းထိုသို့မပြုလုပ်ဘဲအလုပ်ဆင်းခိုင်းခြင်းမှာအလုပ်သမားအခွင့်အရေးချိုးဖောက်ခြင်းဖြစ်ကြောင်းသိရသည်။
“အများပြည်သူရုံးပိတ်ရက်တွေမှာအလုပ်ဖွင့်ချင်တယ်ဆိုရင်အလုပ်ရှင်တွေအနေနဲ့အချိန်ပိုကြေး ပေးရမယ်။အလုပ်ရှင်နဲ့အလုပ်သမားညှိုနှိုင်းပြီးနဂိုတစ်ရက်လုပ်ခရဲ့ နှစ်ဆဆိုတာမျိုးညှိုနှိုင်းပြီးအလုပ်သမားတွေကို ပေးရမယ်။ဒီလိုအချိန်ပိုကြေးမပေးဘဲအလုပ်လုပ်ခိုင်းမယ်ဆိုရင်အလုပ်သမားတွေဘက်ကတရားဝင်ဆန္ဒထုတ်ဖော်ခွင့်လည်းရှိတယ်။အလုပ်ကိုမသွားဘဲ နေလို့လည်းရတယ်။ဒီအတွက်လည်းအလုပ်သမားကိုအရေးယူပိုင်ခွင့်မရှိဘူး။အချိန်ပိုကြေးမပေးဘဲအလုပ်ဆင်းခိုင်းတဲ့အလုပ်ရှင်တွေကိုအလုပ်သမားဝန်ကြီးဌာနမှာတိုင်ကြားနိုင်တယ်”ဟုရှေ့နေဦးခင်မောင်ရှိန်ကပြောကြားသည်။
တစ်ကမ္ဘာလုံးတွင်အလုပ်သမားများအတွက် မေလ(၁)ရက်နေ့ကိုအလုပ်သမားနေ့(မေဒေးနေ့)အဖြစ်တရားဝင်သတ်မှတ်ကာပိတ်ရက်အဖြစ်သတ်မှတ်ပေးထားသော်လည်း မြန်မာနိုင်ငံတွင်အဆိုပါနေ့တွင်အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရကာအလုပ်ဆင်း နေရသောအလုပ်သမားများလည်းရှိကြောင်းသိရသည်။
Wednesday, May 1, 2013
အများပြည်သူ ရုံးပိတ်ရက်တွင် အချိန်ပိုကြေးမပေးဘဲ အလုပ်ဆင်းခိုင်းလျှင် အလုပ်သမား ၀န်ကြီးဌာနသို့ တိုင်တန်းနိုင်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment