Saturday, June 1, 2013

တောင်ကြီးမြို့အနီးက သဘာဝလှိုင်ဂူအသစ်တွေ့

ယခင် တောင်ကြီးမြို့ ဘုရားဖြူရပ် ပညာဗောဓိ ကိုရင်လေးကျောင်းအနီး နိပ္ဘန်ေ၇ွှဂူ တောရကျောင်းတွင် သီတင်းသုံးနေထိုင်သော ဆရာတော် အရှင်စန္ဒောဘာသ မှာ တပ်မှမြေနေရာသိမ်းရာတွင်ပါဝင်သွားသဖြင့် ဓမ္မရတနာကျောင်းတိုက်တွင် စိတ်ထိခိုက်စွာဖြင့် ပြန်လည်သွားေ၇ာက်ပြီး သီတင်းသုံးနေထိုင်လျက်၇ှိပြီး အဆက်အသွယ်မရခဲ့သည်မှာ တနှစ်နီးပါးခန့်ကြာမြင့်ခဲ့သည်။

၁၄ ရက်နေ့မနက်တွင် ဦးဇင်းစန္ဒော ဆိုင်သို့ကြွလာပြီး ၀မ်းသာနေဟန်ဖြင့် ဒကာကြီးးဇင်းဂူတစ်လုံးတွေ့ထားတယ်လို့ ပြောပြီး နေ့လည်ကျရင်လိုက် ကြည့်ပါလားဟု ၀မ်းသာသောစိတ်ဖြစ်ပြောဆိုနေသဖြင့် တင်ပါ့ ဦးဇင်း တပည့်တော်လိုက်ကြည့်ချင်တယ် လို့ပြောလိုက်ပါသည်။

နေ့လည်ပိုင်းဂူဝကိုရောက်မှ ဂူမှာသဘာဝလှိုင်ဂူဖြစ်ပြီး သဘာဝအငွေ့အသက် လွန်စွာပေါများသော ဂူကြီးဖြစ်ကြောင်းတွေ့ ရှိရပါတော့သည်။

ဂူမှာလမ်းနှစ်ခွရှိပြီး တလမ်းမှာေ၇ှးယခင် နဂါးများနေထိုင်သည့် လက္ခဏာ များတွေ့ရှိရသည်။ကျောက်ပုံနဂါးကိုယ်ထည် ဦးခေါင်းတော်မှာ တဆက်တည်းဖြစ်နေပြီး တရားထိုင်ရမည့်နေရာတွင် ပလ္လင်ပုံစံ သဘာဝပြုလုပ်ပေးထားသလို ဖြစ်နေပါသည်။

နောက်တလမ်းတွင် ဂူပေါက်ဝမှာ လူတစ်ဝင်စာ အလျားလိုက်ဝပ်သွားရပြီး တော်တော်ကျည်းမြောင်းစွာငုံဝင်ရပြီးဂူတဖက်အရောက်တွင်မှာတော့ဂူလွင်ပြင်ကြီးကို စိတ်ကြည်နူးဖွယ် တွေ့ရှိပါသည်။

သဘာဝ ကျောက်စောင်း၊ သက်တန့်အရောင်စုံ ကျောက်ပန်းစွဲ၊ ကျောက်စက်ဝိုင်း ကျောက်နဂါး မဟူရာချောက် လင်းနို့အကောင်များ ဇီဝဗေဒကျောက်များကို တွေ့ခဲ့ရပါတယ်။

ဂူကိုစိတ်ဝင်စားသူဆိုတော့ ဂူရဲ့သဘာဝအငွေ့အသက်ကိုခံစားရတာ အင်မတန်စိတ်ချမ်းသာတယ်။ ဂူမှာ ယခုအခါမီးများမရှိသေးတဲ့အတွက် ဓါတ်ပုံရိုက်ရာတွင် အခက်အခဲဖြစ်မူ့ကြောင့် ဦးဇင်းစန္ဒော သီးတင်းသုံးနေထိုင်ပြီးမှ လွန်စွာကြည့်ရူဖွယ်ကောင်းသော သဘာဝအလျောက်ဖြစ်ပေါ်နေသော ထိုလှိုင်ဂူမှ ထူးခြားဆန်းကြယ်သော တွေ့ရှိခဲ့သောအရာများစွာ တင်ပေးပါအုံးမည်။

သဘာဝဂူအား သဒ္ဒါဖြင့်ပြီး သွားရောက်လေ့လာလိုပါက ဦးဇင်းအရှင်စန္ဒောဘာသ - ၀၉ ၄၉၃၆၁၇၃၄ ၀၉၄၅၈၀၄၁၂၀၀

0 comments:

Post a Comment